သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွေးရူးပြန်ရောဂါ


မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ခွေးကိုက်တာကြောင့် သေဆုံးဖို့သေချာတဲ့ ခွေးရူးပြန်ရောဂါ အချိန်မရွေး ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။

အခုလို အသက်သေဆုံးနိုင်တဲ့ နောက်ဆုံးအခြေအနေ မရောက်အောင် ခွေးကိုက်တဲ့နေရာကို သန့်ရှင်းအောင် ဆေးကျောပေးဖို့အပြင်၊ ခွေးရူးပြန် ကာကွယ်ဆေးနဲ့ ကုသဆေးတွေကိုလည်း ထိုးဖို့လိုပါတယ်။

ခွေးကိုက်တာကြောင့် ခွေးရူးပြန်ရောဂါ မဖြစ်အောင် ကာကွယ်ရေးမှာ ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေ မရှိအောင် အစိုးရအနေနဲ့ စနစ်တကျ ထိန်းသိမ်းမွေးနိုင်အောင် စီမံလုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG