သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အပြီး အဖြစ်များသော နားရောဂါ


ဒီတပတ် ကျန်းမာရေးကဏ္ဍမှာ သင်္ကြန်ပြီးမှာ အဖြစ်များတဲ့ နားရောဂါတွေအကြောင်း တင်ပြထားပါတယ်။ သင်္ကြန်အပြီးမှာ နားစည်ပေါက်တာ၊ အတွင်းနားယောင်ပြီး ကွဲတာ နဲ့ နားပြွန်ယောင်တာတွေ အဖြစ်များလေ့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

ဒီလို ဖြစ်တတ်တဲ့ နားရောဂါတွေကို ကြိုတင်သိနိုင်ဖို့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်နိုင်ပါတယ်။ အဖြစ်အများဆုံးက နားထဲ ရေဝင်များပြီး နားစည်ပေါက်ကာ ပိုးဝင်တဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေက (၂) ရက် (၃) ရက်အကြာမှာ နားအူတာ၊ နားနာတာ၊ နားအကြားအာရုံ ကျဆင်းလာတာ၊ သငံရည်ထွက်တာတွေ ဖြစ်ပါတယ်။

နောက်အဖြစ်များတဲ့ ဦးခေါင်းထိခိုက်မှုကြောင့် အတွင်းနားယောင်ပြီး ကွဲတဲ့အတွက် ဖြစ်တတ်တဲ့ လက္ခဏာတွေက ခေါင်းချာချာလည် မူးဝေတာ၊ အော့အန်တာ နဲ့ အကြားအာရုံ ပြင်းပြင်းထန်ထန် ထိခိုက်တာတွေ ဖြစ်ပါတယ်။

နောက်အဖြစ်များမှုက ရေဝင်တာကြောင့် နားဖာချေးတွေပွပြီး နားပြွန်ယောင်တာဖြစ်လာခဲ့ရင် နားပိတ်ကာ ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ပြည်ယိုလာတာ၊ မှိုစွဲတာဖြစ်ပြီး အမည်းဖတ်တွေ ထွက်လာတာတွေ ဖြစ်တတ်ပါတယ်။

အဲဒီလို လက္ခဏာတွေ ဖြစ်လာခဲ့ရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေကို အမြန်ဆုံးပြသသင့်ပါတယ်။

သင်္ကြန်အပြီး ပုံမှန်အချိန်မှာလည်း နားစည်ပေါက်တာနဲ့ နားပြွန်ယောင်တာတွေကနေ ကာကွယ်ဖို့အတွက် ခေါင်းလျှော်ရည် နားထဲမဝင်အောင်၊ ရေတွေ နားထဲဝင်ခဲ့ရင် ချက်ချင်း ပြန်ထုတ်ပစ်တာတွေ လုပ်ပါ။

ဒီအကြောင်း ပိုမိုသိနားလည်ဖို့ ကိုဝင်းမင်း က နား၊ နှာခေါင်း နဲ့ လည်ချောင်း အထူးကုနဲ့ ဆေးတက္ကသိုလ် (၁) အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာထွန်းသိန်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG