သုံးရလွယ်ကူစေသည့် Link များ

ဆေးရုံမရောက်မီ အရေးပေါ် ပြုစုကုသမှုအကြောင်း မြန်မာလူထုအကြား ဗဟုသုတနည်းတာကြောင့် အသက်ဆုံးရှုံးမှုတွေ များစွာကြုံနေရတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

အခုလို အသက်ကယ်ရာမှာ အသိသင့်ဆုံး တချက်ကတော့ သတိလစ်နေတဲ့ အရေးပေါ်လူနာကို ပက်လက်အနေအထားနဲ့ မသယ်ဘဲ ဘေးနည်းနည်းစောင်း မှောက်လျက် အနေအထားနဲ့ သယ်သင့်တယ်လို့ ပညာရှင်တွေက အကြံပြုပါတယ်။ ဘေးနည်းနည်းစောင်း မှောက်လျက်အနေအထားနဲ့ သယ်ရတာက အသက်ရှုလမ်းကြောင်း မပိတ်မိဘဲ ပွင့်နေအောင် လုပ်ပေးတာ ဖြစ်ပါတယ်။ အခုလို အသက်ရှုလမ်းကြောင်း ပွင့်နေအောင် အခြား ဘာလုပ် ပေးနိုင်ပါသေးလဲ။

ဒီအကြောင်း ပိုသိရှိနားလည်းနိုင်ဖို့ အရေးပေါ်လူနာများနဲ့ ထိတွေ့အတွေ့အကြုံရှိတဲ့ အရိုးအထူး ခွဲစိတ်ဆရာဝန်ကြီး နဲ့ အရိုးရောဂါပညာ အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG