သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများ မျက်မှန်တပ်ဖို့ နဲ့ မျက်စိထဲ ထုံးဝင်ခြင်း


မြန်မာနိုင်ငံမှာ မျက်စိထိခိုက်မှုနဲ့ ပတ်သက်ပြီး လွဲမှားမှုကြီး (၃) မျိုးရှိရာမှာ ပထမတမျိုးက Steroid မျက်စဉ်းဆေးတလွဲ သုံးစွဲတာဖြစ်ပြီး၊ ဒုတိယနဲ့ တတိယအချက်တွေက လိုအပ်ချိန်မှာ မျက်မှန်မတပ်မိခြင်းနဲ့ မျက်စိထဲ ထုံးဝင်ခြင်း ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

ကလေးငယ်တွေမှာ မွေးရာပါ မျက်စိအားနည်းချက်တွေရှိလာရင် အချိန်မီ မျက်မှန်တပ်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်ပါလဲ။ ဘယ်အချိန်မှာ မျက်စိ စစ်ဆေးမှုတွေ စတင်လုပ်သင့်ပါလဲ။

မျက်စိထဲထုံးမှုန့်ဝင်တာဟာ အက်ဆစ်ဝင်တာထက် ပိုဆိုးပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးတဲ့အထိဖြစ်နိုင်တာမို့ ထုံးကို သန့်စင်သွားအောင် အမြန်ဆေးကြောပေးဖို့နဲ့ မျက်စိဆရာဝန်နဲ့ အမြန်ပြစစ်ဆေးဖို့ အရေးကြီးပါတယ်။ ဒီအကြောင်း အသေးစိတ် သိရှိနားလည်ဖို့ မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်သန္ထာမြင့်နဲ့ ကိုဝင်းမင်းက ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG