သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်စိနာ နဲ့ မျက်စဉ်းဆေး လွဲမှားသုံးစွဲခြင်း


မြန်မာနိုင်ငံမှာ မျက်စိကွယ်ခြင်း နဲ့ မျက်စိရောဂါတွေနဲ့ ပတ်သက်ပြီး အဓိက လွဲမှားမူ (၃) ခု ရှိရာမှာ၊ ပထမ Steroid ဆေးတလွဲ သုံးစွဲမိခြင်း ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။

Steroid မျက်စဉ်းဆေးကို မျက်လုံး ထိခိုက်ဒဏ်ရာရပြီး၊ ပိုးဝင်တာတွေတိုင်းမှာ လွဲမှားပြီး သုံးနေကြပါတယ်။ အခုလို လွဲမှားပြီး ရေရှည်သုံးမိတာကြောင့် ရောဂါပိုးဝင်တာ ပိုဆိုးသွားတဲ့အပြင်၊ မျက်စိကွယ်စေနိုင်တဲ့ မျက်စိအတွင်းတိမ် နဲ့ ရေတိမ်တက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဒီဆိုးကျိုးတွေကနေ ကာကွယ်ကုသနိုင်ဖို့ Steroid မျက်စဉ်းဆေးတွေကို ထင်တိုင်းမသုံးကြဘဲ၊ မျက်စိဆရာဝန်နဲ့ စစ်ဆေးပြီးမှသာ ညွှန်းကြားချက်အတိုင်း သုံးစွဲသင့်ပါတယ်။

ဒီရောဂါပြဿနာအကြောင်း အသေးစိတ်သိရှိနားလည်းနိုင်ဖို့ မျက်စိအထူးကု ဆရာဝန် ဒေါက်တာဒေါ်ခင်သန္တာမြင့်နဲ့ ကိုဝင်းမင်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG