သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသည်းအဆီဖုံးရောဂါ


မြန်မာနိုင်ငံဟာ အသည်းအဆီဖုံးရောဂါ အဖြစ်များတဲ့ နိုင်ငံတွေထဲမှာ ပါရှိနေပြီး၊ ဒီရောဂါကြောင့် တခြားအန္တရာယ်ကြီးတဲ့ အသည်းရောင်၊ အသည်းကင်ဆာနဲ့ အသည်းခြောက်တာတွေ ဆက်ဖြစ်နိုင်တာကို မကြာခင်နှစ်တွေထဲမှာ တွေ့ရှိထားတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

အသည်းအဆီဖုံးရောဂါကို ထိရောက်အောင် ကာကွယ်နိုင်ရန် အဆီလျှော့စားဖို့၊ အရည်အသွေး မကောင်းတဲ့ အုန်းဆီပါတာတွေကို သတိထားစစ်ဆေးဖို့နဲ့၊ ပြန်ကြော်ဆီတွေ မစားသုံးဖို့ နဲ့ အစိုးရ၊ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ ပြည်သူလူထု အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးုပါတယ်။

အသည်းအဆီဖုံးရောဂါ ဖြစ်လာခဲ့ရင် အများစုမှာ ရောဂါလက္ခဏာ သိသိသာသာ ပြလေ့မရှိဘဲ နောက်ဆက်တွဲ အသည်းရောဂါကြီးတွေဖြစ်မှ သိရလေ့ရှိတာမို့၊ ကိုယ်အလေးချိန် ပုံမှန်ထက် များနေသူတွေမှာ အသည်းအဆီဖုံးတာရှိမရှိ ကြိုတင်သိရှိနိုင်ဖို့ ဆေးစစ်သင့်ပါတယ်။ အသည်းအဆီဖုံးရောဂါရှိခဲ့လျှင်လည်း ကုသရာမှာ ဆေးတွေထက်စာရင် အဆီလျှော့စားတာနဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာအပါအဝင် အဆီလျှော့ချနိုင်ဖို့ စားပုံနေပုံပြောင်းတာက ပိုထိရောက်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းဖို့ အသည်းအထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း နဲ့ ကိုဝင်းမင်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG