သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးမှုလွန်ရောဂါတွေ နဲ့ ဆရာဝန်အသင်း လုပ်ဆောင်မှု


မြန်မာနိုင်ငံ ဆရာဝန်များအသင်းအနေနဲ့ အခုရေကြီးမှုကြောင့် ပုံမှန်ကျန်းမာရေးလုပ်ငန်းတွေ ထိခိုက်သွားတဲ့ နေရာတွေမှာ အကူအညီတွေ အပတ်စဉ် စပေးနေပြီး၊ ပူးပေါင်းကူညီ ညှိနှိုင်းမှုတွေ လိုနေတယ်လို့ ဆိုပါတယ်။

ရေကြီးမှုလွန်နောက်ပိုင်း အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မြွေအပါအဝင် အကောင်တွေကိုက်တဲ့ ပြဿနာ၊ အရေပြားရောဂါ၊ အသည်းရောင်အသားဝါ A ရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ အဆုပ်အအေးမိ အပါအဝင် ရာသီဥတုဒဏ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေနဲ့ အာဟာရချို့တဲ့မှုတွေကို ကာကွယ်ကုသပေးဖို့ ဆရာဝန်များအသင်းက စီမံဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ရေကောင်းရေသန့် ရရှိရေးအတွက်လည်း ပြင်ဆင်လုပ်ဆောင်ပေးနေပါတယ်။

အခုလိုဆောင်ရွက်ရာမှာ နယ်လှည့်ကျန်းမာရေးအဖွဲ့တွေ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နယ်တွေကို ဆင်းကုသပေးတာ၊ ဆေးဝါးနဲ့ အခြားအထောက်အကူပြုပစ္စည်း၊ ငွေကြေးထောက်ပံ့ ပေးတာတွေလည်းပါရှိပြီး၊ ရေရှည်လုပ်ဆောင်ပေးသွားဖို့ ရှိပါတယ်။ ဘယ်ဒေသတွေကို ပြီးခဲ့တဲ့ အပတ်တွေက နယ်လှည့်ကျန်းမာရေးအဖွဲ့တွေ ဆင်းခဲ့ပြီး၊ ဘယ်အဖွဲ့၊ ဘယ်ဒေသတွေကို ငွေကြေးနဲ့ဆေးဝါးနဲ့ အခြားအထောက်အကူတွေ ပို့ပေးခဲ့ပါလဲ။

မြန်မာနိုင်ငံ ဆရာဝန်များအသင်းကို ဆက်သွယ်ဖို့ လိပ်စာကတော့ ၂၄၉ သိမ်ဖြူလမ်း (ကန်တော်ကြီးစောင်း နဲ့ သိမ်ဖြူလမ်းဆုံးဒေါင့်) ဖြစ်ပြီး၊ ဖုန်းနံပါတ်ကတော့ (၀၁ ၃၉၄၁၄၁) ဖြစ်ပါတယ်။ အလူနဲ့ဆေးဝါးပစ္စည်း ကူညီလိုသူတွေလည်း ရုံးဖွင့်ရက်တွေမှာ မနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လာရောက် ပေးပို့နိုင်ပါတယ်။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်း အတွင်းရေးမှုး အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG