သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစားအစာ မှိုတက်ခြင်း


အစားအစာ မှိုတက်ခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ အစားအစာ မှိုတက်တာတွေရှိနေပြီး ပြင်းထန်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ မှိုတက်နိုင်တဲ့ အစားအစာများမှာ ငြုပ်သီး၊ ဆန်၊ မြေပဲ၊ ပြောင်းဖူူး၊ ငြုပ်ကောင်း၊ နေကြာစေ့၊ ကွာစေ့ နဲ့ နွားနို့ စတာတွေ ဖြစ်ပါတယ်။ ငြုပ်သီးနှင့် လုပ်ထားသော ဇီးယို၊ ဇီးပေါင်းတွေမှာလဲ မှိုတက်နိုင်ပါတယ်။

မှိုကထွက်တဲ့ အဆိပ် (Aflatoxin) ကြောင့် ရေရှည်မှာ ကင်ဆာတွေ ဖြစ်စေနိုင်ပြီး အထူးသဖြင့် အသဲပုပ်အနာဖြစ်ပြီး အသဲကင်ဆာဖြစ်တာ၊ နောက် အသဲခြောက်တာ၊ ကျောက်ကပ်ပျက်တာ၊ နှလုံးပျက်တာ၊ ဦးနှောက်ယောင်တာ၊ အဆုပ်ထိခိုက်တာ၊ ကိုယ်လက်ဖောယောင်တာ၊ သွေးထွက်လွယ်တာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်တာနဲ့ အစာမကျေတာအပါအဝင် အစာအိမ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ တခါတရံမှာလဲ ချက်ချင်းရုတ်တရက် မှိုဆိပ်တက်ပြီး သေဆုံးမှု ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေမှာ မှိုတက်တာ စားမိရင် ခန္ဓာကိုယ် ပုံမှန်ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။

မှိုတက်ပြီးရင် ရေဆေးတာ၊ ချက်ပြုတ်တာတွေနဲ့ မှိုကင်းစင်သွားအောင် မလုပ်နိုင်တာမို့ မှိုမတက်အောင် ကာကွယ်ဖို့က အရေးကြီးလာပါတယ်။ ကာကွယ်နိုင်ဖို့ အစားအစာတွေကို ရေမစိုစေတာ၊ ဒီနှစ်ထွက်တဲ့ ဆန်ကို ဒီနှစ်ပဲစားပြီး နှစ်ရှည်သိုလှောင်မထားတာ၊ အခြား မှိုတက်နိုင်တဲ့ အစားအစာတွေကိုလည်း ကြာရှည်မသိုလှောင်တာတွေ လုပ်ပေးသင့်ပါတယ်။ အစိုးရအနေဖြင့်လည်း အစားအစာ မှိုတက်မှုဆိုင်ရာ ဥပဒေ ထုတ်ပြန်ပြီး ခေတ်မီနည်းပညာတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။

အစာမှာ မှိုရှိမရှိ မသေချာလို့ စားမိရင်လဲ မှိုဆိပ်ကို လျှော့ချနိုင်ဖို့ မုန်လာဥနီ၊ နံနံပင်၊ တဇောင်းလက်ပတ်၊ ပူစီနံ စတာတွေနဲ့ တွဲစားသင့်ပါတယ်။

မှိုတက်အစားအစာ နဲ့ ကျန်းမာရေးအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG