သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပခုံးအဆစ်ကပ် ရောဂါ


မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ပခုံးအဆစ်ကပ်ရောဂါ ဖြစ်ရခြင်းအကြောင်းရင်းကို မသိကြတဲ့အတွက် ကာကွယ်ဖို့ နဲ့ ကုသဖို့ပါ ခက်ခဲပေမယ့်၊ မှားယွင်းကုသမှု မဖြစ်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။
အခုလို မှားယွင်းကုသမှုတွေ မဖြစ်အောင် ကာကွယ်ရာမှာ ရောဂါဖြစ်စဉ်အဆင့် တခုစီကို သိရှိပြီး၊ အဆင့်လိုက် မတူညီတဲ့ ကုသမှုတွေကို စိတ်ရှည်ရှည်၊ ဇွဲရှိရှိနဲ့လုပ်ဖို့ လိုပါတယ်။
ပထမ နာကျင်နေတဲ့အဆင့်မှာ လေ့ကျင့်ခန်းမလုပ်ဘဲ အနားယူပေးပြီး၊ နာကျင်မှုဝေါဒနာ ပျာက်သွားပေမယ့် ပခုံးဆစ် လှုပ်ရှားမှု အကန့်အသတ်ဆက်ဖြစ်နေတဲ့ ဒုတိယအဆင့်မှာ လေ့ကျင့်ခန်း တဆင့်စီ လုပ်သွားဖို့ လိုပါတယ်။ နောက်ဆုံး ဘယ်အဆင့်ထိ ဆက်လုပ်ဖို့လိုအပ်ပါသလဲ။
ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ အရိုးအထူး ခွဲစိတ်ဆရာဝန်ကြီးနဲ့ အငြိမ်းစားပါမောက္ခ အရိုးရောဂါ၊ ပညာဌာနမှုး ဒေါက်တာကျော်မြင့်နိုင် ကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG