သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပခုံးဆစ်ကပ်ရောဂါ ကုသမှု


မြန်မာနိုင်ငံမှာ ပခုံးဆစ်ကပ်တဲ့ရောဂါကို မှားယွင်းတဲ့ ကုသမှုတွေရှိနေပြီး၊ အခြေအနေ ပိုဆိုးသွားစေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

ဒီရောဂါ ပထမအဆင့်မှာ နာကျင်တာမို့ လှုပ်ရှားမှုမလုပ်ဘဲ အနားယူပေးဖို့ လိုအပ်ပါတယ်။ သို့သော်လဲ ဒီ အဆင့်မှာ မှားယွင်းပြီး လှုပ်ရှားမှု လုပ်ခိုင်းတာတွေကြောင့် ပုခုံး ပိုကပ်သွားနိုင်ပါတယ်။ ဖြစ်ရခြင်းအကြောင်းရင်းကို သိဖို့ခက်တဲ့ ဒီရောဂါကို ကာကွယ်ဖို့ခက်ပေမယ့်၊ စောစောကုသနိုင်ရင် မြန်မြန်နဲ့ လုံးဝပြန်ကောင်းသွားနိုင်ပါတယ်။

ရောဂါ ပထမအဆင့်မှာ အနာသက်သာအောင် လှုပ်ရှားမှု မလုပ်တဲ့အပြင်၊ ဆေးကို ဆရာဝန်ညွန်ကြားချက်အတိုင်း သောက်နိုင်ပါတယ်။ ရောဂါ ဒုတိယအဆင့်ဖြစ်တဲ့ နာကျင်မှု ပျောက်သွားပြီး၊ လှုပ်ရှားမှု ကျလာချိန်မှာတော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုလာပါတယ်။ လေ့ကျင့်ခန်းမလုပ်မီ ရေးနွေးငွေ့ပေးတဲနည်းနဲ့ ပိုသက်သာအောင် လုပ်ပေးနိုင်ပါတယ်။ တတိယအဆင့်မှာတော့ သူ့ဟာသူ ပြန်ကောင်းသွားမှာမို့ အထူးကုသမှုပေးစရာ မလိုပါဘူး။

ဒီရောဂါ ကုသမှုအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က အရိုးအထူးခွဲစိတ် ဆရာဝန်ကြီး၊ အရိုးရောဂါပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်ကို မေးမြန်းဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG