သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများ နဲ့ ပွေးညှင်းဒက် အရေပြားရောဂါ


မြန်မာနိုင်ငံက ကလေးငယ်တွေ အများဆုံးဖြစ်ကြတဲ့ အရေပြားရောဂါတွေထဲမှာ ကူးစက်လွယ်တဲ့ မှိုပိုးကြောင့်ဖြစ်တဲ့ ရောဂါလည်း ပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ ပွေးညှင်းဒက်ရောဂါတွေ ဖြစ်ရခြင်းက တကိုယ်ရေသန့်ရှင်းမှု မရှိလို့ အဓိကဖြစ်ကြတာမို့ တကိုယ်ရေ သန့်ရှင်းမှုတွေ လုပ်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဒီရောဂါတွေဖြစ်လာရင် ဘယ်လို လက္ခဏာတွေ ပြသပြီး၊ ရောဂါလက္ခဏာတွေ ရရှိလာရင် ဆရာဝန်နဲ့ပြပြီး၊ ထိရောက်တဲ့ လူးဆေး၊ လိုအပ်လျှင် သောက်ဆေးတွေနဲ့ ပျောက်အောင် ကုသလို့ရပါတယ်။ အချိန်ယူကုသလို့ရတဲ့ ဒီရောဂါတွေကို ကာကွယ်မကုသနိုင်ရင်တော့ ပြင်းထန်တဲ့ နောက်ဆက်တွဲတွေ ရရှိနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ ပညာဌာန အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG