သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာအိမ်ရောဂါ


အစာအိမ်အနာရောဂါ ဖြစ်ရခြင်း အဓိကအကြောင်းရင်းတွေကတော့ အစာအိမ်ပိုးဝင်တာ၊ အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေးတွေ အစားများတာနဲ့ ဆေးလိပ်၊ ဆေးရွက်ကြီးတ့ိုကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် အများဆုံးဖြစ်စေတဲ့ အစာအိမ်ရောဂါပိုး မဝင်နိုင်အောင် မသန့်တဲ့အစားအစာတွေ ရှောင်တာနဲ့ တကိုယ်ရည် သန့်ရှင်းမှုရှိဖို့ ပထမဆုံး အရေးကြီးပါတယ်။ ဒါ့အပြင် အစာအိမ်အနာ ရောဂါကာကွယ်ဖို့ အကိုက်အခဲပျောက်ဆေးနဲ့ သွေးကျဲဆေးတွေကို ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်လို့ တိုက်တာကလွဲလို့ ကိုယ့်ဟာကိုယ် ကွမ်းယာဆိုင်၊ လမ်းဘေးဈေးဆိုင်တွေက ဝယ်မသုံးသင့်ပါဖူး။ ဆေးလိပ်၊ ဆေးရွက်ကြီးကိုလည်း လုံးဝရှောင်ကျဉ်သင့်ပါတယ်။ အစာအိမ်ကို ထိခိုက်စေနိုင်တဲ့ အရက်အလွန်အကျွံသောက်တာ၊ ကော်ဖီ၊ လက်ဖက်ရည် အလွန်အကျွံသောက်တာတွေလည်း ရှောင်ကျဉ်သင့်ပါတယ်။

ရောဂါဖြစ်ပွားလာခဲ့ရင်လည်း စောစောစီးစီးကုသဖို့ အရေးကြီးတာကြောင့် ရောဂါလက္ခဏာတွေကို သတိထားသင့်ပါတယ်။ ဝမ်းဗိုက်အပေါ်ပိုင်း နာတာ၊ ရင်ဝမှာ မီးနဲထိုးသလို ပူတာ၊ ပျို့အန်တာ၊ အစာမကျေတာ၊ အစာမစားနိုင်တာတွေ ဖြစ်လာရင် ဆေးရုံ၊ ဆေးခန်းပြ၊ ကုသမှု ခံယူသင့်ပါတယ်။ စောစောကုသမှု မယူမိရင်တော့ အသက်အန္တရာယ်အထိ ထိခိုက်နိုင်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနောက်ဆက်တွဲတွေထဲမှာ သွေးအန်တာ၊ သွေးဝမ်းသွားတာ၊ အစာအိမ်ပိတ်တာ၊ အစာအိမ်ပေါက်ထွက်တာနဲ့ အစာအိမ်ကင်ဆာဖြစ်တာတွေလည်း ပါပါတယ်။ အစာအိမ်ရောဂါကို အများဆုံးဖြစ်စေတဲ့ အစာအိမ်ရောဂါပိုးဟာ အစာအိမ်ကင်ဆာကိုလည်း ဆက်ဖြစ်စေနိုင်တာမို့ ဒီရောဂါပိုးရှိမရှိ ကြိုတင်စစ်ဆေးပြီး၊ ရှိနေရင်လည်း ကြိုတင်ပြီး လုံးဝပျောက်အောင် ကုသနိုင်ပါတယ်။

ဒီရောဂါအကြောင်းတွေကို အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ကြီး ဒေါက်တာချစ်ကြည် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG