သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Gout (ခေါ်) အရိုးအဆစ်ရောင်ရောဂါ


အရိုးအဆစ်ရောင်ရောဂါ
အရိုးအဆစ်ရောင်ရောဂါ

Uric Acid များတာကြောင့်ဖြစ်တဲ့ အရိုးအဆစ်ရောင်ရောဂါဟာ အလွန်နာကျင်လေ့ရှိပြီး စောစောသိကာ မှန်မှန်ကန်ကန် မကုသနိုင်ရင် အခြေအနေ အရမ်းဆိုးသွားတတ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။

ဒီရောဂါက အမျိုးသားတွေမှာ အမျိုးသမီးထက် ပိုဖြစ်တတ်တာမို့ ရောဂါဖြစ်တာနဲ့ စောစောသိနိုင်ဖို့ အရွယ်အလတ်ပိုင်း အမျိုးသားတွေမှာ ရုတ်တရက် ခြေဆစ်ရောင်ပြီး မခံမရပ်နိုင်အောင် နာကျင်လာရင် ဆေးရုံဆေးခန်းပြ သွေးစစ်ဆေးဖို့ လိုပါတယ်။ ဘယ်လို အဆစ်တွေမှာ အဓိက ရောင်ရမ်းတတ်ပါသလဲ။ ဆေးကုသရာမှာလည်း ဆရာဝန်ပေးတဲ့ ဆေးအပြင် လူနာဖက်က အထူးသတိထားရှောင်ဖို့ အရေးကြီးတာက အရက်အပြင် မှို မျှစ် ကညွတ်နဲ့ စတော်ဘယ်ရီလို သစ်ဥသစ်ဖုတွေကို အဓိက ရှောင်ရှားမစားသုံးဖို့လိုပါတယ်။ တခြားဘာတွေ သတိထားသင့်တဲ့ အစားအစာတွေ ရှိပါသေးလဲ။

ဒါ့အပြင် အဆစ်ရောင်နေချိန်မှာ လှုပ်ရှားမှုတွေ မလုပ်ဘဲ အနားယူပြီး၊ ပရုပ်ဆီလို အပူလိမ်းဆေးတွေ မလိမ်းမိဖို့ အရေးကြီးပါတယ်။ အခြေအနေ ပိုဆိုးသွားစေနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ အရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီးနဲ့ အရိုးရောဂါပညာ (အငြိမ်းစားဌာနမှုး) ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန် တင်ပြထားပါတယ်။

XS
SM
MD
LG