သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ဦးခေါင်းဒဏ်ရာ အဖြစ်များနေပြီး၊ အသက်ဆုံးရှုံးမှုတွေပါ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ တိုးများလာတဲ့ မော်တော်ယာဉ်တွေ မတော်တဆတိုက်ခိုက်မှု၊ အထူးသဖြင့် မော်တော်ဆိုင်ကယ် တိုက်မှုတွေများလာတာကြောင့် ဦးခေါင်းဒဏ်ရာ အဖြစ်များလာရတာလို့ အရိုးအထူးခွဲစိပ် ဆရာဝန်တွေက ထောက်ပြကြပါတယ်။

အဓိက ဖြစ်ရခြင်းအကြောင်းရင်းဖြစ်တဲ့ မော်တော်ဆိုယ်ကယ်တိုက်မှု လျော့နည်းပြီး၊ ဦးခေါင်းဒဏ်ရာကြောင့် အသက်ဆုံးရှုံးတာနဲ့ ဒုက္ခိတဖြစ်တာ လျှော့ချနိုင်အောင် စည်းကမ်းတကျ ဆိုင်ငယ်မောင်းနှင်ဖို့ လိုပါတယ်။ ဒါပေမဲ့ သွားလာရေးကို လွယ်ကူစေတဲ့ ဆိုင်ကယ်တွေကို ပိတ်ပင်တာတော့ မလုပ်သင့်ပါဘူး။ စည်းကမ်းတကျဖြစ်စေဖို့ ဆိုင်းကယ်မောင်းသူတွေဘက်က ဆိုင်ကယ်ဦးထုတ်တွေ ဆောင်းတာ၊ အာဏာပိုင်တွေဘက်ကလည်း ဆိုင်ကယ်ဦးထုတ်ဆောင်းဖို့ ပညာပေးတာ၊ အမိန့်ထုတ်တာအပြင် မဆောင်းသူတွေကို လက်တွေ့အရေးယူတာ၊ ဆိုင်ကယ်သွား သီးသန့်လမ်းတွေ ဖန်တီးပေးတာတွေကို လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း ပိုမိုသိနားလည်ဖို့ အရိုးအထူးခွဲစိတ် ဆရာဝန်ကြီးနဲ့ အရိုးရောဂါပညာ အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG