နှလုံးရောဂါ အဖြစ်များလာတဲ့ မြန်မာနိုင်ငံမှာ နှလုံးရောဂါ ဖြစ်နိုင်ချေတွေကို ကြိုသိပြီး၊ စစ်ဆေးခြင်းဖြင့် လူ့အသက်များစွာ ကယ်တင်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေကြပါတယ်။
နှလုံးရောဂါ ဖြစ်နိုင်ချေများသူတွေက အဝလွန်သူတွေ၊ သွေးတိုးနဲ့ ဆီးချိုရောဂါ ရှိသူတွေ ဖြစ်ပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ချေ လက္ခဏာရှိသူတွေတွေကတော့ အမောမစေ့သူတွေ၊ နည်းနည်းလမ်းလျှောက်တာ၊ လှုပ်ရှားလိုက်တာနဲ့ မောတတ်သူတွေ၊ အမြင့်မတက်နိုင်သူတွေ၊ ရင်ခုန်သံမြန်သူတွေ၊ ရင်ဘတ်အောင့်တတ်သူတွေ၊ အသက်ရှုကြမ်းသူတွေ၊ ခေါင်းမကြာခဏ မူးတတ်သူတွေ ဖြစ်ပါတယ်။
ငယ်စဉ်နဲ့ လူလတ်အရွယ်မှာ ကျန်းမာဖြတ်လတ်နေသူတွေအနေနဲ့ နှလုံးရောဂါအတွက် ဆေးစစ်ဖို့ မလိုပေမယ့် အသက်အရွယ် ရလာသူတွေနဲ့ အထက်ပါ ဖြစ်နိုင်ချေများသူတွေမှာ အဆီဓာတ်ပမာဏ စစ်တာနဲ့ လိုအပ်ရင် ECG နဲ့ Echo (Echocardiogram) ရိုက်တာတွေ ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။
နှလုံးရောဂါ ဖြစ်နိုင်တာကို ကြိုတင်သိထားခြင်းဖြင့် ရောဂါမဖြစ်အောင် ကာကွယ်နိုင်တာ (ဥပမာ - ပုံမှန်အားကစားလုပ်ခြင်း) အပြင်၊ ရောဂါဖြစ်လာရင်လဲ စောစော ရှာဖွေ၊ သိရှိပြီး အချိန်မီ ပျောက်ကင်းအောင် ကုသနိုင်တာမို့ ရေတိမ်နစ်ရတဲ့ အဖြစ်က လွတ်မြောက်မှာ ဖြစ်ပါတယ်။
ဒီရောဂါအခြေအနေအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ်အထူးကု ဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစား ပါမောက္ခ ဌာနမှုး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။