သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေယုန် နဲ့ ရေကျောက်ရောဂါ


အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ရေယုန် နဲ့ ရေကျောက်ရောဂါတွေ ပိုဖြစ်လာတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ အရေပြားပေါ်မှာ အရည်ကြည်ဖုတွေ ထွက်လာတဲ့ ဒီရောတွေဟာ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ရပြီး၊ ရေယုန်က လူချင်းတိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်ကာ၊ ရေကျောက်ကတော့ တိုက်ရိုက်ထိတွေ့မှုအပြင် လေထဲကတဆင့် အသက်ရှုလမ်းကြောင်းတဆင့် ကူးစက်နိုင်ပါတယ်။

ဒီရောဂါကူးစက်မှုကနေ ကာကွယ်ဖို့ တကိုယ်ရည် သန့်ရှင်းရေးကို အဓိက လုပ်ပေးသင့်ပါတယ်။ အခြားလူတွေနဲ့ လက်ဆွဲနှုတ်ဆက်တာ အပါအဝင် လူအများသုံး ပစ္စည်တွေကို ကိုယ်တွယ်မှုကနေတဆင့် ကူးစက်နိုင်တာမို့ လက်ကို စင်ကြယ်အောင် ဆေးပေးသင့်ပါတယ်။

ရေယုန်ရောဂါဖြစ်လာရင် လက္ခဏာတွေက မျက်နှာ၊ နှုတ်ခမ်း၊ ပါးစပ်၊ မျက်လုံးအစပ်၊ ရင်ဘတ်စတဲ့ သတ်သတ်မှတ်မှတ် နေရာတွေမှာ အရည်ကြည်ဖုတွေ ထွက်လာကာ၊ ပြင်းပြင်းထန်ထန် နာကျင်တာ၊ ပူတာ၊ ထုံကျင်တာတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်လုံးအရည်ကြည်ဖုကတဆင့် မျက်စိအမြင်အာရုံကို ထိခိုက်သွားစေနိုင်ပါတယ်။

ရေကျောက်ရောဂါမှာတော့ အရည်ကြည်ဖုတွေက တကိုယ်လုံးအနှံ့ ထွက်လာတတ်ပြီး၊ နာကျင်မှု ပြင်းထန်တာအပြင် အဖျားတက်တာ၊ အစားအသောက်ပျက်တာတွေ ဖြစ်လာပြီး၊ နောက်ဆက်တွဲအနေနဲ့ ဦးနှောက်အမြှေးယောင်တာပါ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့ ဒီရောဂါနှစ်ခုလုံးကို ပေါ့ပေါ့ဆဆ မထားဘဲ စနစ်တကျ ကုသပေးသင့်ပါတယ်။ ဒီဗိုင်းရပ်ပိုးတွေကို သေစေတဲ့ စားဆေးရော လူးဆေးနဲ့ ကုသပါက (၅) ရက်အတွင်း ပျောက်ကင်းသွားလေ့ရှိပါတယ်။ ပိုဆိုးမသွားအောင် ဘယ်လို ကုသမျိုးတွေကို ရှောင်ကျဉ်သင့်ပါလဲ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG