ကလေးတွေမှာ HIV ရောဂါ ပိုးဝင်ပြီး AIDS (ခေါ်) ကိုယ်ခံစွမ်းအားကျရောဂါ အဓိကဖြစ်ရတာက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေဆီကနေတဆင့် ကူးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ အခြား ဘယ်လိုနည်းတွေနဲ့ ကူးဆက်နိုင်ပါသေးလဲ။ မိခင်ကနေ ကလေးကို ကူးစက်နိုင်တာကို အဓိက လျော့ချနိုင်ဖို့ ကိုယ်ဝန်ရှိနေစဉ် မိခင်မှာ HIV ရောဂါပိုး ရှိမရှိ စစ်ဆေးပြီး၊ ရှိနေရင် Antiviral Therapy (ခေါ်) ARV ထိန်းချုပ်ဆေး တောက်လျှောက်ပေးထားနိုင်ပါတယ်။ အခြားရော ဘယ်လို နည်းတွေရှိပါသေးလဲ။
ကာကွယ်တဲ့ကြားက မထင်မှတ်ပဲ ရောဂါဖြစ်လာရင်လဲ ကလေးငယ်မှာ အဓိက လက္ခဏာတွေဖြစ်တဲ့ ၊ ပိန်နေတာ၊ ကိုယ်အလေးချိန် မတက်တာ၊ နာတာရှည် ဝမ်းသွားတာ၊ နာတာရှည် ဖျားတာတွေကို စောင့်ကြည့်ဖို့လိုပါတယ်။ အခြား စောင့်ကြည့်ရမဲ့ သာမန် လက္ခဏာတွေရော ဘယ်လိုရှိပါလဲ။ အရင် ဒီရောဂါကို ကုသဖို့ ဆေးမရှိပေမဲ့၊ အခုတော့ ကလေးတွေကိုလည်း ARV ဆေးပေးပြီးထိန်းကာ၊ အခြားဖြစ်လာတဲ့ရောဂါတွေကို လိုသလို ကုသပေးကာ စိတ်ရှည်ရှည်ထား ရေရှည်ကုသသွားဖို့ လိုပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။