သေစေတဲ့အထိ အန္တရာယ်ရှိပြီး၊ ကုသရခက်လွန်းတဲ့ ဂျပန် ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) မြန်မာနိုင်ငံမှာ ဖြစ်လေ့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။
ခြင်ကိုက်တာကတဆင့် ဖြစ်ရတဲ့ ဒီရောဂါကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ကတော့ ကာကွယ်ဆေးပေးတာ ဖြစ်ပါတယ်။ အသက်အရွယ်အလိုက် ဘယ်လို ကာကွယ်ဆေး ပေးသင့်ပါလဲ။ နိုင်ငံတော်အနေနဲ့ ဘယ်လို ပံ့ပိုးသင့်ပါလဲ။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူးပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။