သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးလမ်းကြောင်း ကျောက်ရောဂါ ကြိုသိ၊ ကုသနိုင်ရေး


မြန်မာနိုင်ငံမှာ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာကို နောက်ကျပြီးမှ သိရှိတာတွေရှိနေတာကြောင့် ကုသမှုကို ပိုခက်ခဲစေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ထောက်ပြနေပါတယ်။

ဒီရောဂါဖြစ်တာ ကြိုတင်သိပြီး စောစော ကုသနိုင်အောင် စောင့်ကြည့်ရမယ့် ယျေဘုယျ လက္ခဏာတွေကတော့ ခါးနာတာ (ခါးရိုးဘေးဖက် ကျောက်ရှိတဲ့ ဘက်မှာနာ)၊ ဆီးခုံနားတဝိုက် နာတာ၊ ဆီးပူတာ၊ ဆီးကျင်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးသွားရခက်တာ၊၊ ဖျားတာ (ချမ်းတုန်ဖျားလေ့ရှိ) တွေဖြစ်ပါတယ်။ ကျောက်ကပ်နေရာ သီးသန့်မှာ ကျောက်တည်ရင်တော့ ခါးကနေစနာပြီး အရှေ့ဘက် ဝမ်းဗိုက်ဘက်ကို ကူးပြီး နာစေနိုင်ပါတယ်။ ဆီးပြွန်နေရာ သီးသန့်မှာ ကျောက်တည်ရင်လည်း ခါး၊ ဆီခုံတို့မှာ မခံမရပ်အောင် နာကျင်ပြီး၊ ဆီးသွားချင်ပေမယ့် သွားလို့ မရတာအထိ ဖြစ်နိုင်ပါတယ်။

အထက်ပါ လက္ခဏာတွေ ပြလာတာအပြင်၊ ခါး မကြာခဏ နာတာဖြစ်နေရင်တောင် ဆရာဝန် ကြိုပြသင့်ပါတယ်။ ကုသမှုအတွက် ဆေးသောက်နိုင်တာ ရှိသလို၊ ခွဲစိတ်ကုသမှ ရတာလဲ ရှိပါတယ်။ ဒါ့အပြင် ဆီးကျောက်တည်တာ တခါဖြစ်ထားဖူးသူတွေမှာ နောက်ထပ်ဖြစ်ဖို့ အန္တရာယ်ရှိနေတာမို့ သူတို့အနေနဲ့ ပုံမှန် ဆေးပြန်စစ်တာတွေလုပ်ဖို့ လိုပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆီးနဲ့ကျောက်ကပ် ခွဲစိပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်မြင့် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG