သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်တာနည်းရင် အသက်ပိုရှည်


လူတွေအနေနဲ့ တနေ့တာ ထိုင်တဲ့အချိန်ကို (၃) နာရီထက်နည်းအောင် လုပ်နိုင်ရင် အသက် (၂) နှစ် ပိုရှည်နိုင်တယ်လို့ အမေရိကန် တက္ကသိုလ်တခုရဲ့ လေ့လာမှု့သစ်က ဆိုလိုက်ပါတယ်။

အမေရိကန်လူမျိုး တစ်သိန်းခွဲကျော်ကို လေ့လာခဲ့တဲ့ ဒီလေ့လာမှု့က တနေ့တာ မိနစ် (၃၀) ကိုယ်လက်လှုပ်ရှားအားကစား လုပ်ရင်တောင်မှ၊ ကျန်တဲ့အချိန်တွေမှာ ထိုင်ငြိမ်မနေမိဖို့ အရေးကြီးတယ်လို့ ထောက်ပြလိုက်ပါတယ်။

ဒီလေ့လာမှု့ကပဲ ထိုင်တာများလွန်းရင် ဆီးချိုရောဂါဖြစ်တာ၊ ကင်ဆာကြောင့်သေတာနဲ့ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါဖြစ်တာတွေအတွက် အန္တရာယ်ပိုများသွားတာကြောင့် အသက်ပိုတိုသွားရတာပါလို့ ဆိုပါတယ်။

အလုပ်၊ ကျောင်းမှာ နဲ့ အိမ်မှာ တနေကုန်အကြာကြီး ထိုင်နေကြရသူတွေအတွက် တနေ့ (၃) နာရီထက်နည်းအောင် ထိုင်နိုင်တဲ့နည်းတွေထဲမှာ အမြဲတမ်းထိုင်ခုံမှာ ထိုင်အလုပ်မလုပ်ပဲ တချို့အချိန်တွေမှာ မတ်တပ်ရပ်လုပ်တာ၊ ကျောင်းမှာလည်း ကာယအားကစားအချိန်ထားတာနဲ့ စာသင်ချိန်အကြားမှာ လှုပ်ရှားမှု့ရှိအောင် လုပ်ပေးတာအပြင်၊ အိမ်အလုပ်တွေကိုလည်း ထိုင်မလုပ်ပဲ မတ်တပ်ရပ်လုပ်တာနဲ့ ရုပ်မြင်သံကြား အကြာကြီးထိုင်မကြည့်တာတွေ ပါပါတယ်။

ဒီအကြောင်း VOA သတင်းထောက် Rebecca Widiss သတင်းပို့ထားတာနဲ့၊ ကိုယ်လက်လှုပ်ရှားမှု့လုပ်ပြီး၊ ထိုင်တာနည်းအောင်လုပ်ဖို့ စာတွေရေးခဲ့တဲ့ ဒေါက်တာမြင့်ဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း စုစည်းတင်ပြထားပါတယ်။
XS
SM
MD
LG