သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသည်းခြောက်ရောဂါ


မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အသည်းခြောက်ရောဂါအဖြစ်များတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

ဒီအသည်းခြောက်ရောဂါ အဓိကဖြစ်ရတာက အသည်းရောင် B ပိုး၊ C ပိုး၊ အရက် နဲ့ အဆီများလွန်းတာကြောင့် ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လို ကာကွယ်သင့်ပါသလဲ။ ရောဂါဖြစ်လာခဲ့ရင် စောစောသိဖို့ အရေးကြီးရာမှာ တချို့မှာ လက္ခဏာပြပေမဲ့၊ တချို့မှာ လက္ခဏာမပြတာမို့ ဆေးစစ်ကြည့်ဖို့ လိုပါတယ်။ ဘယ်လို စစ်နိုင်နိုင်ပါသလဲ။ ရောဂါဖြစ်လာပြီးရင်လည်း ဖြစ်ရခြင်းအကြောင်းရင်းကို ရှာပြီး ကုသမှုပေးနိုင်ပါတယ်။ ဒါပေမဲ့ အစားအသောက် ရှောင်ရမှာတွေ ရှိပါတယ်။ ဘာအစားအစာတွေကို ရှောင်ရပါမလဲ။ နောက်ဆုံးအဆင့်မှာတော့ အသည်းအစားထိုး ကုသမှုအထိ ရှိပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ အသည်းအထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း, ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG