သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်ဖျားခြင် ကာကွယ်ရေး


ကမ္ဘာမှာ ငှက်ဖျားရောဂါ ဖြစ်စေတဲ့ ခြင်ကိုသတ်တဲ့ ပိုးသတ်ဆေးတွေ မတိုးမှာကို စိုးရိမ်လာကြပြီး၊ ခြင်တွေကို နှိမ်နင်းရေးနည်းသစ်တွေ ရှာဖွေနေချိန်မှာ၊ ငှက်ဖျားအဖြစ်များတဲ့ မြန်မာနိုင်ငံမှာတော့ ဒီ ခြင်သတ်ဆေးတချို့ကို သုံးစွဲလျှက် ရှိနေပါသေးတယ်။ ငှက်ဖျားခြင်သတ်ဆေးတွေ မတိုးတဲ့ပြဿနာ မဖြစ်ရအောင် ငှက်ဖျားခြင်သတ်ဆေး သက်တမ်းနဲ့ သုံးရတဲ့ ပမာဏတွေကို လွန်မသွားအောင် ဂရုစိုက် သုံးစွဲဖို့လိုတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

ငှက်ဖျားခြင် မကိုက်ခံရအောင် တဦးချင်း ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်း တခုကတော့ ဆေးစိမ်ခြင်ထောင်သုံးပြီး အိပ်တာပါ။ နောက်ထပ်ရော ဘယ်လိုနည်းတွေနဲ့ ကာကွယ်နိုင်ပါသေးသလဲ။ ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ အင်းဆက်ပိုးမွှားဗေဒပညာရှင်နဲ့ ဆေးသုတေသနဦးစီးဌာန ဒု-ညွှန်မှုး (အငြိမ်းစား) ဒေါက်တာ ဖေသန်းထွန်း နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG