သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်သက်နဲ့ ဂျိုက်သိုး ကာကွယ်ဆေးထိုးရေး


မြန်မာနိုင်ငံမှာ ၂၀၂၀ ရောက်ရင် ဝက်သက် ပပျောက်ရေး၊ မွေးရာပါ ဂျိုက်သိုးရောဂါ ထိန်းချုပ်ရေးအတွက် (၉) လကနေ (၁၅) နှစ်အရွယ် ကလေးလူငယ်ပေါင်း (၁၇) သန်းကျော်အတွက် ရှေ့လာမယ့်အပတ်ကစပြီး ဒီရောဂါ ကာကွယ်ဆေးတွေကို စတင်ထိုးပေးပါတော့မည်။ ဇန်နဝါရီ (၁၉) ရက်ကနေ (၂၅) ရက်နေ့အထိ ကျောင်းတွေမှာ (ရ) ရက်ကြာ ပထမအသုတ်ထိုးပေပြီး၊ ဖေဖော်ဝါရီ (၁၉) ရက်ကနေ (၂၈) ရက်နေ့အထိ (၁၀) ရက်ကြာ ရပ်ရွာထဲမှာ အခမဲ့ ထိုးပေးမှာမို့ မပျက်မကွက် ဒီရောဂါကာကွယ်ဆေးကို ထိုးကြဖို့ ကလေးအထူးကုဆရာဝန်တွေက နှိုးဆော်တိုက်တွန်းနေကြပါတယ်။

ဒီကာကွယ်ဆေးအကြောင်း ပိုမိုသိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေးနဲ့ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG