ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ ဖြစ်တာကို မသိလိုက်ဘဲ၊ ကုသမှု မလုပ်နိုင်ရင် ပြင်းထန်ဆိုးဝါးတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်တယ်လို့ ကလေးအထူးကုဆရာဝန်တွေက သတိပေးပြောဆိုနေကြပါတယ်။ ဝက်သက်လက္ခဏာတွေကတော့ အစပိုင်းမှာ ဖျားတာ၊ ချောင်းဆိုးတာ မျက်လုံးနီတာတွေဖြစ်ပြီး၊ နောက် ၄-၅ ရက်အတွင်းမှာ အနီအပိန့်အဖုလေးတွေ နဖူးဆံစကနေစပြီး မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ဗိုက် နဲ့ ခြေထောက်တွေအထိ အပေါ်ပိုင်းကနေ အောက်ဖက်ကို တဖြည်းဖြည်း ပေါ်ထွက်လာတတ်ပါတယ်။
ဝက်သက် ကုသရာမှာ ဗိုင်းရပ်စ်သတ်ဆေးမရှိပေမဲ့ လိုအပ်တဲ့ နောက်ဆက်တွဲ ကုသမှုတွေ ပေးခြင်းအားဖြင့် လူနာအသက်မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဂျိုက်သိုးရောဂါမှာ ရောဂါလက္ခဏာတွေက ဝက်သက်နဲ့ အလားတူ ဖျားတာနဲ့ အနီအပိန့်ဖု ထွက်တာတွေရှိပေမဲ့ ဝက်သက်လောက် ပြင်းထန်မှု၊ ကျယ်ပြန့်မှု မရှိပါဘူး။ ဒါကလဲ ဗိုင်းရပ်ပိုး ဖြစ်တာမို့ ထွေထွေထူးထူး ကုသမှုမလိုဘဲ၊ အလိုလို တဖြည်းဖြည်း ပြန်ကောင်းသွားလေ့ရှိပါတယ်။
ဒါပေမဲ့ ဂျိုက်သိုးရောဂါ ကိုယ်ဝန်ဆောင်မိခင်မှာ ဖြစ်ခဲ့ရင်တော့ နောက်ဆက်တွဲ ရောဂါအနေနဲ့ သန္ဓေသားကို နောက်ဆက်တွဲအနေနဲ့ ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဘယ်လို ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေပါလဲ။ မဖြစ်အောင် ဘယ်လို ကာကွယ်ပေးနိုင်ပါလဲ။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။