လေ့လာမှု့အသစ်တခုအရ အာရှနဲ့ အာဖရိကတိုက်က ဖွံဖြိုးဆဲ နိုင်ငံပေါင်း (၉) နိုင်ငံမှာ ဖျားနာလာရင် လူတွေအိပ်ထဲက ပိုက်ဆံစိုက်ထုတ်ရတာ သက်သာစေတဲ့ အာမခံစနစ် တိုးတက်လာနေရာမှာ၊ ရန်ပုံငွေ ရရှိနိုင်မှု့၊ အစိုးရနဲ့ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု့တွေအကြား ပူးပေါင်းဆောင်ရွက်နိုင်မှု့နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အရည်အချင်းကောင်းမှု့တွေအပေါ် မူတည်နေတယ်လို့ တွေ့ရှိလိုက်ပါတယ်။
ဒီ ကျန်းမာရေး အာမခံစနစ် တိုးတက်လာနေတဲ့ (၉) နိုင်ငံထဲမှာ ဒေသတွင်းက ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွေ ပါဝင်နေရာမှာ၊ မြန်မာနိုင်ငံအပါအဝင် တခြားဖွံဖြိုးဆဲ နိုင်ငံတွေအတွက်လည်း ရန်ပုံငွေ ရနိုင်ရေး လုပ်ဆောင်နိုင်ချက်တွေ အပါအဝင် ကိုယ့်နိုင်ငံနဲ့ သင့်တော်တာမျိုးတွေကို စဉ်စားနိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါလား။
ဒီအကြောင်း VOA သတင်းထောက် William Eagle သတင်းပို့ထားတာကို ကိုဝင်းမင်း က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်များဖတ်ရန် (1)
နောက်ထပ်မှတ်ချက်များဖတ်ရန်