သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Melanoma အရေပြားကင်ဆာ


အမေရိကန်နိုင်ငံမှာ Melanoma or Skin Cancer ခေါ် ပြင်းထန်တဲ့ အရေပြားကင်ဆာနဲ့ အခြားပြင်းထန်တဲ့ အရေပြားအနာတွေ ကုသနိုင်ဖို့ အလားအလာကောင်းတဲ့ လိမ်းဆေးတခု တွေ့ရှိထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီ Melanoma အရေပြားကင်ဆာဖြစ်မှု့ နည်းပေမဲ့၊ ရောဂါဖြစ်လာရင် အသက်အန္တရယ် ဖြစ်လောက်အောင် ပြင်းထန်တာမို့၊ ဒီရောဂါ ဖြစ်လာနိုင်သူတွေ အထူးသတိထားကြဖို့ လိုပါတယ်။

အထူးသဖြင့် မှဲ့များလွန်းသူတွေအနေနဲ့ မှဲ့အပြောင်းအလဲ ကြိုတင်လက္ခဏာတွေကို အထူးသတိထား စောင့်ကြည့်ကာ၊ လိုအပ်ရင် အမြန်ဆေးစစ်တာနဲ့၊ မျိုးရိုးရှိထားသူတွေ အနေနဲ့လည်း ပုံမှန် ဆေးစစ်ကြကာ၊ ရောဂါဖြစ်နေရင်လည်း စောစောစီးစီး ကုသနိုင်ရင် အများစုပျောက်အောင် ကုသပေး နိုင်ပါတယ်။ အခြားရော ဘယ်လိုလူတွေ ပိုသတိထားသင့်ပါသလဲ။

ထိရောက်တဲ့ ကာကွယ်ရေးလုပ်ဖို့မှာကတော့ အဓိက ဒီရောဂါကိုဖြစ်စေတဲ့ နေရောင်မှာပါတဲ့ UV (Ultraviolet) ခေါ် ခရမ်းလွန်ရောင်ခြည် အများကြီးခံရတာ မဖြစ်ရအောင် ဘယ်လိုကာကွယ်သင့်ပါသလဲ။

ဒီအကြောင်း VOA သတင်းထောက် Jessica Berman သတင်းပို့ထားတာနဲ့၊ မြန်မာနိုင်ငံထဲက ကင်ဆာအထူးကု အငြိမ်းစားပါမောက္ခ ဒေါက်တာဦးစိုးအောင်ကို မေးထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။
XS
SM
MD
LG