သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ဉာဏ်ရည်နောက်ကျမှု ကာကွယ်ရေး


ကလေး ဉာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေးဖို့ ကလေးအထူးကုတွေက ထောက်ပြကြပါတယ်။ မမွေးခင်ကာလမှာ မိခင်ကို ရောဂါပိုးမဝင်နိုင်အောင် ဂရုစိုက်သင့်ရာမှာ အထူးသဖြင့် ကိုယ်ဝန်မဆောင်ခင်ထဲက ပုံမှန်ကာကွယ်ဆေးတွေထိုးထားတာ၊ အာဟာရ ပြည့်စုံအောင် စားသုံးတာ၊ ကိုယ်ဝန်အဆိပ်တက်လာရင် ထိရောက်တဲ့ ကုသမှုခံယူတာတွေ လုပ်ဆောင်သင့်ပါတယ်။

ကလေးမွေးချိန်မှာလည်း ရေမွန်းတာ မဖြစ်ရအောင်၊ အသက်ရှုအားကူမှု အချိန်မီမပေးနိုင်တာ မဖြစ်ရအောင် သတ်သတ်မှတ်မှတ် မိခင်တွေအနေနဲ့ ဆေးရုံမှာ မဖြစ်မနေ မွေးဖို့လိုပါတယ်။ မွေးပြီးကာလမှာလည်း အသားဝါတာ မများရအောင် G6PD ခေါ် သွေးနီဥထဲက အင်ဇိုင်းတမျိုးကို မွေးပြီးပြီးချင်း တိုင်းတာနဲ့၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ပြီး သိုင်းရွိုက်ဟော်မုန်း နည်းတာ မဖြစ်ရအောင် ကလေးမွေးပြီးချိန်မှာ တိုင်းတာစစ်ဆေးပေးတာတွေ လုပ်ပေးသင့်ပါတယ်။

ကလေး ဦးနှောက်အမြှေးရောင်တာ မဖြစ်ရအောင်လဲ ကာကွယ်ဆေးတွေ ထိုးပေးသင့်ပါတယ်။ ကလေး ဦးခေါင်းထိခိုက်မိတာ မဖြစ်အောင်လည်း ဂရုပြုသင့်ပါတယ်။ ဒါ့အပြင် မီးလောင်ချိန်မျိုးမှာ အများကြီးထွက်လာတဲ့ မီးခိုးငွေ့တွေ ကလေးမရှုမိအောင်လည်း ကာကွယ်ပေးဖို့လိုပါတယ်။ ခဲဆိပ်သင့်တာတွေ မရှိအောင် ဘက်ထရီအိုးလုပ်ငန်းတွေနဲ့၊ အခြား ခဲ ဓာတုပစ္စည်း သုံးတဲ့လုပ်ငန်းတွေနားမှာ ကလေးတွေကို မထားသင့်ပါဘူး။

ဦးနှောက် ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကလေးတွေအတွက် ပံ့ပိုးမှုတွေလုပ်ပေးဖို့ အရေးကြီးရာမှာ ပုံမှန်ကျောင်းတက်စေတာ မဟုတ်ဘဲ အထူးသီးသန့်ကျောင်းတွေ ဖန်တီးပေးဖို့လိုပါတယ်။

ဒီအကြောင်း ပိုမိုသိနားလည်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG