သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး နဲ့ သွေးဆုံးခြင်း အပိုင်း (၁)


လူ့သက်တမ်းတဝက် ရောက်လာချိန်မှာ အမျိုးသမီးများ ကြုံတွေ့ရတဲ့ သွေးဆုံးခြင်းက ဝေဒနာတခုလို ခံစားရပြီး၊ မိသားစု ဆက်ဆံရေးကိုပါ ထိခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

အခုလို သွေးဆုံးရခြင်းက အမျိုးသမီးများမှာရှိတဲ့ သားဥတွေ ကုန်ဆုံးသွားပြီး အမျိုးသမီး အီစထရိုဂျင်ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်လာလို့ပါ။ ဘယ်လို ပြောင်းသွားတာပါလဲ။ ဟော်မုန်း ပြောင်းလဲတာကြောင့် သွေးဆုံးပြီးကာလအချိန်အလိုက် ခံစားရတာ အမျိုးမျိုးရှိရာမှာ သွေးဆုံးဆုံးခြင်း (၁) နှစ် (၂) နှစ်အတွင်းမှာ ရုတ်တရက် ပူလိုက်၊ ချမ်းလိုက်ဖြစ်ပြီး၊ အိပ်ရေးပျက်တာ၊ စိတ်ဓာတ်ကျတာနဲ့ ဒေါသထွက်တာတွေလည်း ခံစားရလေ့ရှိပါတယ်။

သွေးသားဆုံးဆုံးခြင်း ပြဿနာတွေကို ကြိုသိထားပြီး၊ အမျိုးသမီးအနေနဲ့ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ဆင်ချင်ရတဲ့အပြင်၊ မိသားစုအနေနဲ့လည်း သူစိတ်ဓာတ်မကျအောင်၊ ဒေါသမထွက်အောင် ကူညီဖြေသိမ့်ပေးဖို့ လိုပါတယ်။ လိုအပ်ရင် ဘယ်လိုကုသနိုင်ပြီး၊ ဘယ်လို သတိပြုစရာရှိနေပါလဲ။

ဒီရောဂါဝေဒနာအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ် ပညာဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG