သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားဥအိမ် အရည်အိပ်တည်ခြင်း


သားဥအိမ် အရည်အိပ်တည်ခြင်း
သားဥအိမ် အရည်အိပ်တည်ခြင်း

အကြောင်းတခုခုကြောင့် Ultrasound ဓာတ်မှန်ရိုက်ရကနေ သားဥအိမ် အရည်အိပ်တည်တာ လူတွေ ပိုသိလာကြပြီး၊ မလိုအပ်ဘဲ ခွဲထုတ်တာတွေ မဖြစ်သင့်ဘူးလို့ သားဖွားမီးယပ် အထူးကုတွေက သတိပေး ပြောဆိုကြပါတယ်။ အခုလို သားဥအိမ် အရည်တည်တာဟာ ရောဂါမဟုတ်ဘဲ ပုံမှန် သားဥကြွေတာကြောင့် ဖြစ်နိုင်သလို၊ ပြင်းထန်တဲ့ သားဥအိမ်ကင်ဆာနဲ့ ကင်ဆာ မဟုတ်တဲ့ အကြိတ်။ နောက်ပြီး ဟော်မုန်းဆေး စားဖို့ပဲလိုတဲ့ ရာသီသွေး အောင်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီလို ဖြစ်နိုင်တာတွေကို သေသေချာချာ ခွဲခြားသိနားလည်နိုင်ဖို့ ဆရာဝန်၊ ဆရာမတွေနဲ့ ပြကြည့်စစ်ဆေးဖို့ အရေးကြီးပါတယ်။ တချို့လူနာတွေအနေနဲ့ ပုံမှန် သားဥကြွေတာကြောင့် ပေါ်လာတဲ့ အရည်အိပ်တွေကို မလိုအပ်ဘဲ ခွဲထုတ်မိတတ်ကြလို့ပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG