သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ ေနာက္ဆက္တြဲျပႆနာ စီမံကုသမႈ


ႏိုင္ငံတကာမွာ ေတြ႔ရိွထားတဲ့ ကိုဗစ္-19 ေနာက္ဆက္တြဲ ျပႆနာေတြကို သင္ခန္းစာယူၿပီး၊ ျမန္မာႏိုင္ငံမွာလည္း ျဖစ္လာႏိုင္တာေတြကို ႀကိဳသိရွိ၊ ျပင္ဆင္ထားႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုၾကပါတယ္။ ႏိုင္ငံအလိုက္ မတူညီတဲ့ ကိုဗစ္ေနာက္ဆက္တြဲေတြ ရွိၾကေပမဲ့၊ ႏိုင္ငံမ်ားစြာမွာ တူညီတဲ့ ေနာက္ဆက္တြဲ ျပႆနာေတြကေတာ့ ေခ်ာင္းဆက္ဆိုးတာ၊ ေခါင္းကိုက္တာနဲ႔ အလုပ္ျပန္မလုပ္ခ်င္ေအာင္ ႏုံးခ်ိ ႔တာေတြပါ။

ႏိုင္ငံတိုင္းမွာ မတူတာေတြရိွရာ၊ တခ်ဳိ ႔ကေတာ့ ၾသစေတ်းလ်မွာ မၾကာခင္ကေတြ႔ရိွထားတဲ့ လကၡဏာေတြမ်ိဳး (ႏွလုံးခုန္ျမန္တာ၊ အ႐ိုးအဆစ္ ၾကြက္သားကိုက္တာနဲ႔ အိပ္မရတာ) ပါ။ ေခ်ာင္းဆိုးတာအတြက္ ေခ်ာင္းဆိုးသက္သာေဆး (ဥပမာ - Singulair တံဆိပ္အမည္ပါ Montelukast ေဆး) နဲ႔ ထိန္းႏိုင္ၿပီး၊ တစ္ႏွစ္ၾကာအထိ ဆက္ခံစားရတာမ်ိဳး မေတြ႔ရပါဘူး။ ဒါ့ေပမဲ့ ေခါင္းကိုက္တာ (ကိုက္ခဲတာ) အတြက္ေတာ့ သာမန္ အကိုက္အခဲေပ်ာက္ေဆးေတြ (ဥပမာ - Paracetamol) နဲ႔ အစပိုင္းထိန္းမရဘဲ၊ ဆရာဝန္က ၫႊန္ၾကားမွ အေမရိကန္မွာ ဝယ္လို႔ရတဲ့ အဆင့္ျမင့္ အကိုက္အခဲေပ်ာက္ေဆးေတြကို သုံးရေလ့ရွိပါတယ္။ အလုပ္ျပန္မသြားခ်င္ေအာင္ ႏုံးခ်ိ ႔တာအတြက္ေတာ့ အတိအက် ကုသႏိုင္မႈ မရွိေသးေပမဲ့၊ စိတ္ဓာတ္မက်ဘဲ တခ်ိန္ျပန္သက္သာေစရမယ္ဆိုတဲ့ ခိုင္မာတဲ့စိတ္ဓာတ္နဲ႔၊ ရသေလာက္ အနားယူအိပ္စက္၊ ေကာင္းေကာင္းစားျခင္းျဖင့္ ခြန္အားျဖည့္ကာ တျဖည္းျဖည္းသက္သာသြားေလ့ ရွိပါတယ္။

ဒါေပမဲ့ တခ်ဳိ ႔ကိုဗစ္ ေနာက္ဆက္တြဲ လကၡဏာေတြကေတာ့ လူတစ္ဦးနဲ႔တစ္ဦး မတူဘဲ ကြာျခားတတ္ပါတယ္။ ဒီအတြက္ ပထမဆုံး သိထားသင့္တာက လူအေတာ္မ်ားမ်ားမွာ ကိုဗစ္ေနာက္ဆက္တြဲ ျပႆနာေတြ မျဖစ္တတ္တာမို႔၊ ျဖစ္လာမွာကို ႀကိဳတင္စိတ္မပူဘဲ၊ ထင္ေယာင္ထင္မွားလည္း မျဖစ္ေစဘဲ လိုအပ္လွ်င္ ေသခ်ာေအာင္ ဆရာဝန္နဲ႔ အရင္တိုင္ပင္သင့္ပါတယ္။ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွ ဆရာဝန္ၫြန္ၾကားခ်က္နဲ႔သာ လိုမဲ့ေဆးကိုလည္း ေသာက္သင့္ပါတယ္။ အေၾကာင္းက ကိုယ့္ဟာကိုယ္ မေသခ်ာဘဲ ဆုံးျဖစ္မိကာ၊ မလိုအပ္ဘဲ ေဆးေတြေသာက္မိၿပီး ေဘးထြက္ဆိုးက်ိဳးေတြ ေငြကုန္ေက်းက်ေတြ ခံစားသြားရႏိုင္လို႔ပါ။

လက္ရွိမွာ ကိုဗစ္ရဲ႕ ေနာက္ဆက္တြဲ ျပႆနာေတြအပါအဝင္ ျဖစ္ေလ့ျဖစ္ထရွိတဲ့ျဖစ္စဥ္ (Natural History) အတိအက် မသိရေသးဘဲ ေလ့လာေနဆဲျဖစ္ေပမဲ့၊ ေသခ်ာတာတစ္ခုကေတာ့ တုပ္ေကြးေတြလိုပဲ၊ ကိုဗစ္မွာလည္း တစ္ခါျဖစ္ၿပီး ေနာက္တစ္ေခါက္မျဖစ္ေအာင္ မကာကြယ္ႏိုင္ဘဲ ထပ္ျဖစ္ေလ့ရွိတာပါ။ ဒီအတြက္လဲ လက္ရွိကိုဗစ္ျဖစ္ခ်ိန္မွာ လိုအပ္သူေတြ ကိုဗစ္ေသာက္ေဆးေတြ (ျမန္မာႏိုင္ငံမွာရတဲ့ Paxlovid နဲ႔ Molnupiravir အပါအဝင္) ေသာက္တာ၊ လိုအပ္ခ်ိန္မွာ ကိုဗစ္ကာကြယ္ေဆးနဲ႔ အားျဖည့္ကာကြယ္ေဆး ဆက္ထိုးတာေတြလုပ္ျခင္းျဖင့္၊ ကိုဗစ္ လက္ရွိျဖစ္ေနခ်ိန္သာမက၊ ေနာက္တႀကိမ္ ကူးစက္ခံရလွ်င္ေတာင္ မျပင္းထန္ေအာင္ေတာ့ ကာကြယ္ႏိုင္တာကိုလည္း ေတြ႔ရွိထားၿပီး ျဖစ္ပါတယ္။ အရင္ ကိုဗစ္စျဖစ္ခဲ့ခ်ိန္တုန္းကလို အမ်ားအျပား ေသဆုံးခဲ့မႈမ်ိဳး ဆိုးဆိုးဝါးဝါး ျပင္းထန္ခဲ့မႈမ်ိဳးကို၊ အခု ၂ ႏွစ္အၾကာမွာ မေတြ႔ရေတာ့တာက ကာကြယ္ေဆး ထုတ္လုပ္သံုးစြဲႏိုင္တာေၾကာင့္ပါ။

ဒါေၾကာင့္ လက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ဆက္ျဖစ္ေနသူေတြထဲ လိုအပ္သူေတြအေနနဲ႔ ႏိုင္ငံထဲမွာရႏိုင္တဲ့ ကိုဗစ္ေသာက္ေဆးေတြကို ဆရာဝန္နဲ႔တိုင္ပင္ၿပီး ေသာက္သင့္ပါတယ္။ အထူးသျဖင့္ ကာကြယ္ေဆးထိုးခြင့္မရခဲ့သူေတြ အသက္အ႐ြယ္ႀကီးရင္သူေတြ၊ ေရာဂါအခံရွိထားသူေတြ ကိုဗစ္ျဖစ္လာလွ်င္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ဒီေသာက္ေဆးေတြ ေသာက္သင့္ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ရႏိုင္တဲ့ ကိုဗစ္ကာကြယ္ေဆး ဘယ္အမ်ိဳးအစားကိုမဆို ထိုးႏိုင္သူအားလုံး မျဖစ္မေန ထိုးသင့္ပါတယ္။ ပထမ ကာကြယ္ေဆးႏွစ္လုံး (အျပည့္) ကိုေတာ့ ကာကြယ္ေဆးတစ္မ်ိးထဲကို ထိုးကာ၊ ေနာက္ပိုင္း အားျဖည့္ကာကြယ္ေဆးမွာေတာ့ ပိုအားေကာင္းႏိုင္ၿပီး၊ ျမန္မာႏိုင္ငံမွာလည္း ပုဂၢလိက ေဆး႐ုံေဆးခန္းတခ်ဳိ ႔မွာ ရႏိုင္တဲ့ Moderna နဲ႔ Pfizer ကုမၸဏီထုတ္ ကာကြယ္ေဆးေတြ ျဖစ္ႏိုင္လွ်င္ ဆက္ထိုးသင့္ပါတယ္။ ဒီေနရာမွာ ျမန္မာႏိုင္ငံမွာ မရႏိုင္ေသးတဲ့ Bivalent (BA.4 နဲ႔ BA.5 ပစ္မွတ္ထား) ေနာက္ဆုံးေပၚ ကာကြယ္ေဆး မထိုးႏိုင္ေသးတာအတြက္၊ ေနာက္ထပ္ သီးသန႔္ထပ္ေဆာင္းထိုးဖို႔ေတာ့ မလိုအပ္ေသးပါဘူး။

ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာကိုဗစ္လူနာေတြကို ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

=== Unicode ====

နိုင်ငံတကာမှာ တွေ့ရှိထားတဲ့ ကိုဗစ်-19 နောက်ဆက်တွဲ ပြဿနာတွေကို သင်ခန်းစာယူပြီး၊ မြန်မာနိုင်ငံမှာလည်း ဖြစ်လာနိုင်တာတွေကို ကြိုသိရှိ၊ ပြင်ဆင်ထားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။ နိုင်ငံအလိုက် မတူညီတဲ့ ကိုဗစ်နောက်ဆက်တွဲတွေ ရှိကြပေမဲ့၊ နိုင်ငံများစွာမှာ တူညီတဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ ချောင်းဆက်ဆိုးတာ၊ ခေါင်းကိုက်တာနဲ့ အလုပ်ပြန်မလုပ်ချင်အောင် နုံးချိ့တာတွေပါ။

နိုင်ငံတိုင်းမှာ မတူတာတွေရှိရာ၊ တချို့ကတော့ သြစတျေးလျမှာ မကြာခင်ကတွေ့ရှိထားတဲ့ လက္ခဏာတွေမျိုး (နှလုံးခုန်မြန်တာ၊ အရိုးအဆစ် ကြွက်သားကိုက်တာနဲ့ အိပ်မရတာ) ပါ။ ချောင်းဆိုးတာအတွက် ချောင်းဆိုးသက်သာဆေး (ဥပမာ - Singulair တံဆိပ်အမည်ပါ Montelukast ဆေး) နဲ့ ထိန်းနိုင်ပြီး၊ တစ်နှစ်ကြာအထိ ဆက်ခံစားရတာမျိုး မတွေ့ရပါဘူး။ ဒါ့ပေမဲ့ ခေါင်းကိုက်တာ (ကိုက်ခဲတာ) အတွက်တော့ သာမန် အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ - Paracetamol) နဲ့ အစပိုင်းထိန်းမရဘဲ၊ ဆရာဝန်က ညွှန်ကြားမှ အမေရိကန်မှာ ဝယ်လို့ရတဲ့ အဆင့်မြင့် အကိုက်အခဲပျောက်ဆေးတွေကို သုံးရလေ့ရှိပါတယ်။ အလုပ်ပြန်မသွားချင်အောင် နုံးချိ့တာအတွက်တော့ အတိအကျ ကုသနိုင်မှု မရှိသေးပေမဲ့၊ စိတ်ဓာတ်မကျဘဲ တချိန်ပြန်သက်သာစေရမယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့၊ ရသလောက် အနားယူအိပ်စက်၊ ကောင်းကောင်းစားခြင်းဖြင့် ခွန်အားဖြည့်ကာ တဖြည်းဖြည်းသက်သာသွားလေ့ ရှိပါတယ်။

ဒါပေမဲ့ တချို့ကိုဗစ် နောက်ဆက်တွဲ လက္ခဏာတွေကတော့ လူတစ်ဦးနဲ့တစ်ဦး မတူဘဲ ကွာခြားတတ်ပါတယ်။ ဒီအတွက် ပထမဆုံး သိထားသင့်တာက လူအတော်များများမှာ ကိုဗစ်နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်တတ်တာမို့၊ ဖြစ်လာမှာကို ကြိုတင်စိတ်မပူဘဲ၊ ထင်ယောင်ထင်မှားလည်း မဖြစ်စေဘဲ လိုအပ်လျှင် သေချာအောင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆရာဝန်ညွန်ကြားချက်နဲ့သာ လိုမဲ့ဆေးကိုလည်း သောက်သင့်ပါတယ်။ အကြောင်းက ကိုယ့်ဟာကိုယ် မသေချာဘဲ ဆုံးဖြစ်မိကာ၊ မလိုအပ်ဘဲ ဆေးတွေသောက်မိပြီး ဘေးထွက်ဆိုးကျိုးတွေ ငွေကုန်ကျေးကျတွေ ခံစားသွားရနိုင်လို့ပါ။

လက်ရှိမှာ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေအပါအဝင် ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဉ် (Natural History) အတိအကျ မသိရသေးဘဲ လေ့လာနေဆဲဖြစ်ပေမဲ့၊ သေချာတာတစ်ခုကတော့ တုပ်ကွေးတွေလိုပဲ၊ ကိုဗစ်မှာလည်း တစ်ခါဖြစ်ပြီး နောက်တစ်ခေါက်မဖြစ်အောင် မကာကွယ်နိုင်ဘဲ ထပ်ဖြစ်လေ့ရှိတာပါ။ ဒီအတွက်လဲ လက်ရှိကိုဗစ်ဖြစ်ချိန်မှာ လိုအပ်သူတွေ ကိုဗစ်သောက်ဆေးတွေ (မြန်မာနိုင်ငံမှာရတဲ့ Paxlovid နဲ့ Molnupiravir အပါအဝင်) သောက်တာ၊ လိုအပ်ချိန်မှာ ကိုဗစ်ကာကွယ်ဆေးနဲ့ အားဖြည့်ကာကွယ်ဆေး ဆက်ထိုးတာတွေလုပ်ခြင်းဖြင့်၊ ကိုဗစ် လက်ရှိဖြစ်နေချိန်သာမက၊ နောက်တကြိမ် ကူးစက်ခံရလျှင်တောင် မပြင်းထန်အောင်တော့ ကာကွယ်နိုင်တာကိုလည်း တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အရင် ကိုဗစ်စဖြစ်ခဲ့ချိန်တုန်းကလို အများအပြား သေဆုံးခဲ့မှုမျိုး ဆိုးဆိုးဝါးဝါး ပြင်းထန်ခဲ့မှုမျိုးကို၊ အခု ၂ နှစ်အကြာမှာ မတွေ့ရတော့တာက ကာကွယ်ဆေး ထုတ်လုပ်သုံးစွဲနိုင်တာကြောင့်ပါ။

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ဆက်ဖြစ်နေသူတွေထဲ လိုအပ်သူတွေအနေနဲ့ နိုင်ငံထဲမှာရနိုင်တဲ့ ကိုဗစ်သောက်ဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်သင့်ပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးထိုးခွင့်မရခဲ့သူတွေ အသက်အရွယ်ကြီးရင်သူတွေ၊ ရောဂါအခံရှိထားသူတွေ ကိုဗစ်ဖြစ်လာလျှင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဒီသောက်ဆေးတွေ သောက်သင့်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေး ဘယ်အမျိုးအစားကိုမဆို ထိုးနိုင်သူအားလုံး မဖြစ်မနေ ထိုးသင့်ပါတယ်။ ပထမ ကာကွယ်ဆေးနှစ်လုံး (အပြည့်) ကိုတော့ ကာကွယ်ဆေးတစ်မျိးထဲကို ထိုးကာ၊ နောက်ပိုင်း အားဖြည့်ကာကွယ်ဆေးမှာတော့ ပိုအားကောင်းနိုင်ပြီး၊ မြန်မာနိုင်ငံမှာလည်း ပုဂ္ဂလိက ဆေးရုံဆေးခန်းတချို့မှာ ရနိုင်တဲ့ Moderna နဲ့ Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေးတွေ ဖြစ်နိုင်လျှင် ဆက်ထိုးသင့်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ မရနိုင်သေးတဲ့ Bivalent (BA.4 နဲ့ BA.5 ပစ်မှတ်ထား) နောက်ဆုံးပေါ် ကာကွယ်ဆေး မထိုးနိုင်သေးတာအတွက်၊ နောက်ထပ် သီးသန့်ထပ်ဆောင်းထိုးဖို့တော့ မလိုအပ်သေးပါဘူး။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာကိုဗစ်လူနာတွေကို ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG