ထိခိုက်ဒဏ်ရာတွေအတွက် အရေးပေါ် ပြုစုကုသရာမှာ သွေးတိတ်အောင် မလုပ်နိုင်တာကြောင့် မလိုအပ်ဘဲ လူနာသေဆုံးမှုတွေ ကြုံနေရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ သွေးတိတ်အောင် သွေးထွက်တဲ့နေရာ တည့်တည့်ကို ဖိအားပြင်းပြင်းပေးတာအပြင်၊ ခြေလက်ဒဏ်ရာတွေအတွက် တော်နစ်ကေး (Tourniquet) သွေးတိတ်ကြိုးကို လက်မောင်းရင်း (သို့) ပေါင်ရင်းမှာ စည်းကြပ်ပေးဖို့ လိုပါတယ်။
သွေးတိတ်ကြိုးဒဏ်ကို လူနာပြင်းပြင်းထန်ထန် မခံစားရအောင် တောက်လျှောက်စည်းမထားဘဲ၊ (၁၅) မိနစ် (သို့) မိနစ် (၃၀) တကြိမ် ပြန်ဖြေလျော့ပေးဖို့ လိုပါတယ်။ သွေးပြန်ပန်းထွက်ရင်တောင်မှ ဖြေလျော့ပေးဖို့ အရေးကြီးပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်းဖို့ အရေးပေါ် လူနာအတွေ့အကြုံများတဲ့ အရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီးနဲ့ အရိုးရောဂါ၊ ပညာအငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။