သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန် အဆိပ်တက်တဲ့ ရောဂါ


မိခင်နဲ့ ကလေးများ သေဆုံးမှုကျဆင်းရေးဟာ မြန်မာနိုင်ငံမှာ အဓိကဦးစားပေး လုပ်ကိုင်ဆောင်ရွက်ရမယ့် ကျန်းမာရေးလုပ်ငန်း ဖြစ်နေချိန်မှာ၊ ကိုယ်ဝန်ဆောင် မိခင်များ သေဆုံးမှုရဲ့အဓိက အကြောင်းရင်းတခုကတော့ ကိုယ်ဝန် အဆိပ်တက်တာကြောင့်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

ကိုယ်ဝန် အဆိပ်တက်တာကြောင့် မိခင်များ အသက်ဆုံးရှုံးရတဲ့ အခြေအနေ မြန်မာနိုင်ငံမှာ ဘယ်လို ရှိနေပါသလဲ။ ဒီရောဂါဖြစ်နေတာကို နောက်ကျပြီးမှ သိရှိပြီး အသက်ဆုံးရှုံးတာမျိုး မဖြစ်ရအောင် ကိုယ်ဝန်ဆောင်နေချိန်ကာလမှာ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့နဲ့ ရောဂါလက္ခဏာတွေ၊ ရောဂါဖြစ်ပွားနိုင်တယ့် အန္တရာယ်ရှိတယ့် ကိုယ်ဝန်ဆောင်မိခင် အမျိုးအစားတွေအကြောင်းတွေကို သိရှိနားလည်ဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ မြန်မာနိုင်ငံ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင် နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
XS
SM
MD
LG