သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ဆောင်မိခင် ထိခိုက်ဒဏ်ရာရရှိခြင်း


Uganda / Pregnancy / Health
မိခင်နဲ့ကလေး သေဆုံးမှုတွေ ပပျောက်ကျဆင်းရေးဟာ မြန်မာနိုင်ငံမှာ အဓိကဦးစားပေး လုပ်ကိုင်ရမယ့် ကျန်းမာရေးဆိုင်ရာလုပ်ငန်း ဖြစ်နေချိန်မှာ၊ မိခင်များ သေဆုံးရခြင်း အဓိက အကြောင်းရင်း တစ်ခုကတော့ ကိုယ်ဝန်ဆောင်မိခင်များ

ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတာကြောင့်လို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။

အခုလို ကိုယ်ဝန်ဆောင်မိခင်များ ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့် အသက်ဆုံးရှုံးမှု အခြေအနေတွေ မြန်မာနိုင်ငံမှာ ဘယ်လိုရှိနေပါသလဲ။ အခုလို အသက်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် (ကျန်းမာရေးအရ) အသက်အန္တရာယ်ရှိနေတဲ့

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ သားဆက်ခြား မွေးဖွားဖို့နဲ့ ကိုယ်ဝန်ရှိလာခဲ့ရင်လည်း ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပြီး၊ ဆေးရုံမှာမွေးဖွားဖို့ အလွန်အရေးကြီးပါတယ်။

ဒီအကြောင်းအရာဆိုင်ရာ အသေးစိတ်သိရှိနိုင်ဖို့ မြန်မာနိုင်ငံ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင် ကို ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်းက ဒီတပတ်ကျန်းမာရေးကဏ္ဍမှာ တင်ပြထားပါတယ်။
XS
SM
MD
LG