သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမွေးစဉ် ကိုယ်ဝန်ဆောင် အန္တရာယ်


ကလေးမွေးချိန်မှာ အသက်အန္တရာယ်ရှိလာလျှင် မိခင်တွင် ဖြစ်လေ့ရှိသော လက္ခဏာများမှာ မွေးချိန်ကြာခြင်း (၁၂ နာရီအထက်)၊ ဗိုက်နာအပြီး အဖျားဝင်လာခြင်း၊ ဗိုက်နာတဲ့ ကာလတလျှောက် သွေးဆင်းခြင်း၊ ဗိုက်ဆက်တိုက်နာခြင်း၊ ဆီးစပ်တောက်လျှောက်နာခြင်းတို့ ဖြစ်ပါတယ်။

ကလေးများ အသက်အန္တရာယ်အတွက်မူ ရေမွှာပေါက်ချိန်တွင် ညစ်ပတ်၊ နောက်ကျိကာ ငယ်ချေးမျာ ရောထွက်လာပါက အန္တရာယ်ရှိသည်။

ထို့အပြင် ကလေးမမွေးမီ ကိုယ်ဝန်ဆောင်ထားချိန်တွင်လည်း ဖောရောင်ကာ သွေးပေါင်ချိန် တိုးလာပြီး ကိုယ်ဝန်ဆိပ်တက်ခြင်းကို ဖြစ်စေနိုင်သည်။ အထက်ပါ အန္တရာယ်လက္ခဏာများ ပေါ်ပေါက်လာလျှင် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းပြသင့်ပါသည်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က သားဖွားမီးယပ်အထူးကု ဒေါက်တာမြသီတာ ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG