သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမွေးဖွားပြီးချိန် အန္တရာယ်လက္ခဏာများ


ကလေးမွေးပြီးချိန် မိခင်တစ်ယောက်အတွက် ရှိနိုင်တဲ့ အသက်အန္တရာယ်ရှိတဲ့ လက္ခဏာတွေက ပုံမှန်ထက် သွေးပိုဆင်းတာ (၅၀၀ စီစီ သို့မဟုတ် တစ်လီတာ ရေသန့်ဘူး တဝက်ကျော် သွေးဆင်းခြင်း)၊ ပုံမှန် ညိုညစ်ညစ်အရောင် မဟုတ်ဘဲ နီနီရဲရဲ သွေးဆင်းတာ၊ ကလေးအချင်း ကျသင့်ချိန် နာရီဝက်အတွင်း မကျလာတာ၊ မကျလာတဲ့ ကလေးအချင်းကို အိမ်မှာ မှားယွင်းတဲ့နည်းတွေနဲ့ သုံးထုတ်တာ၊ အဖျားဝင်တာ၊ အစာရှောင်ပြီး အာဟာရချို့တဲ့တာကြောင့် ထုံနာကျင်နာဖြစ်လာတာတို့ ဖြစ်ပါတယ်။

မွေးဖွားပြီးနောက် ကလေးအတွက် ရှိနိုင်တဲ့ အသက်အန္တရာယ် လက္ခဏာတွေကတော့ မိခင် အစာရှောင်တာကြောင့် အာဟာရချို့တဲ့ကာ ထုံနာကျင်နာ ဖြစ်လာပြီး ကလေးပါ အာဟာရချို့တဲ့သွားတာ၊ ကလေးပေါင် မပြည့်တာ (၅ ပေါင်ခွဲ ထက်နည်းတာ)၊ လမစေ့ပဲ မွေးဖွားခြင်း (သတင်းပတ် ၃၈ ပတ်ခွဲ မတိုင်ခင် မွေးတာ၊ ပိုဆိုးတာက ၃၄ ပတ်မတိုင်ခင် မွေးတာ)၊ ကလေးမွေးဖွားချိန်မှာ အော်ဟစ်ရုန်းကန်ငိုကြွေးကာ နီနီရဲရဲ ဖြစ်ရမဲ့အစား ပျော့စိပျော့ဖတ်ဖြစ်ကာ ပြာနှမ်းနေတာ သို့မဟုတ် ဖြူဖွေးနေတာနဲ့ အသက်ကောင်းကောင်း မရှုတာ၊ အသက်ရှုရင်လဲ ညည်းတွားနေတာ၊ အသက်ရှုချိန် နံရိုးတွေ ချိုင့်ဝင်သွားတာ၊ အမေနို့ကို မစို့တတ်တာတွေ ဖြစ်ပါတယ်။ ဒီလို အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာရင် အမြန်ဆုံး ဆေးရုံ၊ဆေးခန်း ပြသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က သားဖွားမီးယပ်အထူးကု ဒေါက်တာမြသီတာ ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG