သုံးရလွယ်ကူစေသည့် Link များ

ကိုယ်ဝန်ဆောင်စဉ် အထူးသဖြင့် ပက်လက်နေထိုင်မှုကြောင့် သွေးပြန်ပို့မှုကျဆင်းပြီး မိခင်ရော ကလေးကိုပါ ထိခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ ကိုယ်ဝန်ကြီးထွားလာချိန်မှာ ပက်လက်အိပ်တာကြောင့် ကျောရိုးနဲ့ကပ်နေတဲ့ သွေးပြန်ကြောမကြီးကို ကိုယ်ဝန်ကဖိမိလို့ အခုလိုသွေးပြန်မှုကျသွားရတာပါ။ အဲဒီလို သွေးပြန်တာကျတာကြောင့် သွေးပြန်ပို့မှုလည်း ကျဆင်းပြီး ကလေးဆီ သွေးသွားလာမှု မကောင်းတဲ့အပြင်၊ ကလေးမွန်းကျပ်တာ၊ မိခင်အသက်ရှုကျပ်တာ၊ သွေးပေါင်ချိန် ရုတ်တရက်ကျဆင်းတာနဲ့ ကြွက်တက်တာ၊ ခြေလက်ဖောတာတွေ ဖြစ်တတ်ပါတယ်။

ဒီလို ပြဿနာတွေ မဖြစ်ရလေအောင် ဘေးစောင်းအိပ်စက်၊ နားနေပေးခြင်းအပြင် အခြား ဘယ်လို ကာကွယ်နိုင်ပါလဲ။ ဘေးစောင်းအိပ်ခြင်းအပေါ် အမြင်မှား၊ နားမလည်းမှုတွေ ရှိတာကြောင့် ပက်လက်အိပ်တာတွေ ရှိနေဆဲမို့၊ ဘယ်လို ဖြစ်ရတာပါလဲ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ် အိပ်ယာထချိန်မှာ ခြေဖဝါး လက်ဖဝါး တင်းကြပ်တာ၊ နာတာ၊ ထုံကျင်တာတွေကရော ဘာကြောင့် ဖြစ်ရပြီး၊ ဘယ်လို ကာကွယ်နိုင်ပါလဲ။

ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

သင့်အမြင်

မှတ်ချက်များပြပါ

XS
SM
MD
LG