သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့ခန္ဓာကိုယ် ထောက်ကူပြု ပိုးမွှားအစု


Scott Kelly with lemons in space. Researchers studied how diet affected his microbiome as part of NASA's Twins Study.
Scott Kelly with lemons in space. Researchers studied how diet affected his microbiome as part of NASA's Twins Study.
လူ့ခန္ဓာကိုယ် ထောက်ကူပြု ပိုးမွှားအစု
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

လူ့ခန္ဓာကိုယ်အတွင်း အထူးသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိနေတဲ့ လူ့ကျန်းမာရေး အထောက်အကူပြု ပိုးမွှားတွေကို လူအများစု အနေနဲ့ အမှတ်တမဲ့ ဖျက်ဆီးမိတာကြောင့် ရောဂါတွေ ခံစားရနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

အဓိက အူလမ်းကြောင်းရှိ အူမကြီးမှာ နေထိုင်တဲ့ လူ့ကျန်းမာရေးကို အထောက်အကူပြုတဲ့ ပိုးမွှားတွေ အနေနဲ့ လူရဲ့ ဇီဝဖြစ်စဉ်တွေကို အထောက်အကူပြုပေးသလို၊ လူတွေကလည်း ဒီပိုးတွေရှင်သန်ဖို့ လိုအပ်တဲ့ အစာတွေပေးပြီး ပြန်အထောက်အကူ ပေးရပါတယ်။ ဒါပေမဲ့ အခုလိုအထောက်အကူပြုတဲ့ ပိုးမွှားလေးတွေ အမှတ်တမဲ့ ပျက်စီးဆုံးရှုံးရတဲ့ အကြောင်းရင်းကတော့ ပဋိဇီဝဆေး (Antibiotics) အသောက်များတာကြောင့် အန္တရာယ်ရှိတဲ့ ပိုးတွေအပြင် ဒီ အထောက်အကူပြုတဲ့ ဘက်တီးရီးယား ပိုးတွေပါသေကုန်တာနဲ့ ဒီအထောက်အကူပြု ပိုးတွေ ရှင်သန်ဖို့လိုတဲ့ အသီးအရွက်လိုမျိုး အစားအစာ (Prebiotics) စားတာ နည်းတာတွေကြောင့် အဓိကဖြစ်တတ်ပါတယ်။

အခုလို လူကိုအထောက်အကူပြုတဲ့ ပိုးမွှားလေးတွေ ပျက်စီးဆုံးရှုံးပြီး အရည်အတွက်နည်းသွားလျှင် အူယောင်တာ၊ ဝမ်းသွားတာ၊ အူပိတ်တာ၊ သွေးဝမ်းသွားတာနဲ့ သွေးဆိပ်တက်တာအထိ ပြင်းထန်တဲ့ရောဂါတွေဖြစ်နိုင်သလို၊ အူလုပ်ငန်းဆောင်တာ ထိခိုက်တာတချို့ဖြစ်တဲ့ ဗိုက်ပွတာ၊ ရင်ပြည့် ရင်ကယ်ဖြစ်တာ၊ အစာမတဲ့တဲ့ရောဂါဖြစ်တာ စတာတွေအပြင်၊ နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ ကင်ဆာတချို့ သွေးမတိတ်တာနဲ့ သွေးအားနည်းရောဂါတွေအထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အခုလို ရောဂါတွေ မဖြစ်နိုင်အောင် ဒီ အကျိုးပြုတဲ့ ပိုးမွှားတွေကို ထိန်းသိမ်နိုင်ဖို့ ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ သောက်တာမျိုး ရှောင်ကျဉ်တာအပြင်၊ ဒီပိုးမွှားလေးတွေ ရှင်သန်ဖို့ လိုအပ်တဲ့ အမျှင်ပါတဲ့ အသီးအရွက်လိုမျိုး အစားအစာတွေ ကို ပုံမှန်စားပေးသင့်ပါတယ်။ ဒီအစားအစာတွေထဲမှာ အဓိကအားကောင်းတာတွေကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဌက်ပျောသီး၊ ဂျုံမှုန့်၊ ဆံမှုန့်တွေဖြစ်ပြီး၊ အချဉ်ဖောက်ထားတဲ့အစားအသောက်ဖြစ်တဲ့ မုန်ညှင်းချဉ်၊ ဒိန်ချဉ် တွေမှာလဲ ဒီအထောက်အကူပြုတဲ့ ပိုးမွှားတွေပါပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် ဒီ အထောက်အကူပြုပိုးလေးတွေ နည်းသွားတာကြောင့် ဝမ်းသွားတာ သေချာလျှင်လည်း လက်ရှိသုတေသနလုပ်နေတဲ့အထဲက အများလက်ခံ အသုံးပြုနေတဲ့ ဆေးတစ်မျိုးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်နိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာမင်းစိုးဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG