သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးအရေပြားရောဂါ - နှင်းကူနာ နဲ့ အင်ပျဉ်ထခြင်း


မြန်မာနိုင်ငံက ကလေးငယ်တွေ အများဆုံးဖြစ်တဲ့ အရေပြားရောဂါတွေထဲမှာ နှင်းကူနာ နို့ပွေးပေါက်ခြင်း နဲ့ အင်ပျဉ်ထခြင်းကို တွေ့ရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

အစားအစာ နဲ့ အရာဝတ္ထုတခုခု မတဲ့တာကြောင့် နှင်းကူနာ၊ အထူးသဖြင့် နို့ပွေးပေါက်တာ ဖြစ်ကြပြီး၊ အစာ၊ အရာဝတ္ထု တခုခု မတဲ့တာနဲ့ ပိုးကောင်ပိုးမွှား ကိုက်ခံရတာကြောင့် အင်ပျဉ် ဖြစ်တတ်ပါတယ်။ ဒီအရေပြားရောဂါတွေကို ဘယ်လို ကာကွယ်နိုင်ပါလဲ။ ဒီရောဂါတွေ ဖြစ်လာခဲ့ရင် ဘယ်လို လက္ခဏာတွေပြပြီး၊ ဒီလက္ခဏာတွေ ရှိလာရင် ဆရာဝန်နဲ့ ပြသပြီး သောက်ဆေး၊ လူးဆေးတွေနဲ့ အချိန်ယူ ကုသရပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲတွေ မဖြစ်အောင် ဘယ်လို ကာကွယ်၊ ကုသနိုင်ပါလဲ။

ဒီရောဂါအခြေအနေအကြောင်း ပိုမိုသိနားလည်းအောင် ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG