သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻတလႊား က်န္းမာေရးလုပ္ငန္းေတြ လွ်ပ္စစ္မီးရရွိေရး ကုလသမဂၢ သတိေပး


Germany Energy Renewables

[[Zawgyi/Unicode]]

ကမာၻေပၚကဆင္းရဲတဲ့ႏိုင္ငံေတြရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈေပးတဲ့အေဆာက္အဦေတြမွာ လုံေလာက္တဲ့ လွ်ပ္စစ္မီးမရတာေၾကာင့္ လူေပါင္း သန္း (၁ ေထာင္) နီးပါး မၾကာခနဆိုသလို အသက္ေဘးနဲ႔ႀကဳံခဲ့ရတယ္လို႔ ေနာက္ဆုံးထုတ္ျပန္တဲ့ ကုလသမဂၢအစီရင္ခံစာသစ္က ဆိုပါတယ္။ က်န္းမာေရး ေစာင့္ေရွာက္မႈေပးရာဌာနေတြမွာ လွ်ပ္စစ္မီးရရွိေရး ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO၊ ကမာၻ႔ဘဏ္နဲ႔ ႏိုင္ငံတကာ ျပန္ျပည့္ၿမဲစြမ္းအင္ေအဂ်င္စီ IREA တို႔ ပူးတြဲ ထုတ္ျပန္တဲ့အစီရင္ခံစာမွာ ေဖၚျပလိုက္တာပါ။ VOA အတြက္ Lisa Schlein ေပးပို႔တဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတဲ့ အေဆာက္အဦေတြမွာ လွ်ပ္စစ္မီး ရျခင္းမရျခင္းက လူ႔အသက္ကယ္တင္ေရးမွာ ကြာျခားသြားေစတယ္လို႔ က်န္းမာေရးဌာနတာဝန္ရွိသူေတြက ေျပာပါတယ္။ Heather Adair-Rohani ဟာ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ေလထုအရည္အေသြး၊ စြမ္းအင္နဲ႔ က်န္းမာေရးဌာနစိတ္ရဲ႕ယာယီ အႀကီးအကဲျဖစ္ပါတယ္။ ေဆး႐ုံေဆးခန္းလို က်န္းမာေရးေစာင့္ေရွာက္တဲ့ ေနရာမ်ိဳးမွာ ပုံမွန္ လွ်ပ္စစ္ျဖန႔္ျဖဴးေပးတဲ့ စနစ္ရွိဖို႔က သိပ္အေရးႀကီးတယ္လို႔ ဆိုပါတယ္။

"ကုသ ေစာင့္ေရွာက္ေရးအေဆာင္ေတြမွာ လွ်ပ္စစ္မီးမရွိဘူးဆိုပါေတာ့ .. ေမြးကင္းစခေလးေတြကို အေႏြးဓါတ္ေပးမယ့္စက္ေတြ ဘယ္လိုလုပ္ လည္ပတ္ႏိုင္မွာလဲ။ ေဆးကုသေရးကိရိယာေတြအသုံးျပဳႏိုင္ဖို႔က လွ်ပ္စစ္မီးေတာက္ေလွ်ာက္ ရေနဖို႔ လိုပါတယ္။ ဒါက အေျခခံလိုအပ္ခ်က္လည္း ျဖစ္ပါတယ္။ ဒါဟာ အထူးသျဖင့္ အလယ္အလတ္နဲ႔ ဝင္ေငြနည္း တိုင္းျပည္ေတြက အားကိုရာမဲ့ ျပည္သူေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေပးရာမွာ မရွိမျဖစ္ ထည့္သြင္းစဥ္းစားရမယ့္အခ်က္ ျဖစ္ပါတယ္။"

ေတာင္အာရွနဲ႔အာဖရိက ဆာဟာရေတာင္ပိုင္းႏိုင္ငံေတြက က်န္းမာေရးေစာင့္ေရွာက္မႈေပးတဲ့ အေဆာက္အဦ (၁၀) ခုမွာ (၁) ခုေက်ာ္က လွ်ပ္စစ္မီးမရဘူးလို႔ အစီရင္ခံစာမွာ ေဖၚျပပါတယ္။ ဆာဟာရေတာင္ပိုင္းေဒသက က်န္းမာေရးအေဆာက္အဦ အားလုံးရဲ႕ ထက္ဝက္ေလာက္ဟာ လွ်ပ္စစ္မီး ပုံမွန္ မရဘူးလို႔ ဆိုပါတယ္။ မီးထြန္းဖို႔ ၊ ေရခဲေသတၱာေအးေနဖို႔ ဒီလို ေန႔စဥ္သုံးပစၥည္းေတြအတြက္ လွ်ပ္စစ္မီးလိုသလို၊ ႏွလုံးခုန္ႏႈန္းနဲ႔ ေသြးေပါင္ခ်ိန္တိုင္းတဲ့ ကိရိယာေတြအတြက္လည္း လွ်ပ္စစ္မီးလိုအပ္ေၾကာင္းနဲ႔ လူ႔အသက္ကယ္တင္ဖို႔ဆိုရင္ လွ်ပ္စစ္ဓါတ္အားသုံးစနစ္က မျဖစ္မေန လိုအပ္ေၾကာင္း အစီရင္ခံစာမွာ ေထာက္ျပပါတယ္။

လွ်ပ္စစ္ဓာတ္အားေပးစနစ္ တပ္ဆင္ၿပီးတဲ့ အခါမွာလည္း လက္ေတြ႕ အသုံးခ်ႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္ဖို႔ လိုတယ္လို႔လည္း Adair-Rohani က ေျပာပါတယ္။

" ေနနဲ႔ေရလို သဘာဝကရတဲ့ ျပန္ျပည့္ၿမဲစြမ္းအင္ထုတ္ လွ်ပ္စစ္ဓါတ္အားစနစ္ကိုသာ က်န္းမာေရးအေဆာက္အဦေတြမွာ ခ်ိတ္ဆက္ထားႏိုင္မယ္ဆိုရင္ အသက္ကယ္တဲ့ ကုသေစာင့္ေရွာက္မႈေပးႏိုင္မွာျဖစ္သလို အေရးေပၚအေျခအေနေအတြက္လည္း အဆင္သင့္ျဖစ္ေနမွာပါ။ ဟာရီကိန္းမုန္တိုင္းလို၊ ေရးလႊမ္းမိုးတာလို သဘာဝေဘး က်ေရာက္တဲ့အခါမ်ိဳးမွာေတာင္ သဘာဝစြမ္းအင္သုံးလွ်ပ္စစ္ကို လိုရင္လိုသလို အေရးေပၚကယ္ဆယ္ဖို႔ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။"

ရာသီဥတုေဖါက္ျပန္မႈဒဏ္ေၾကာင့္ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္နဲ႔ သက္ဆိုင္ရာအေဆာက္အဦေတြပါ ထိခိုက္ယိုယြင္းမႈ ပိုတိုးလာေနတယ္လို႔ ကုလအစီရင္ခံစာသစ္မွာ ေဖၚျပပါတယ္။ ေရရွည္အတြက္ ျပန္ျပည့္ၿမဲစြမ္းအင္ကို အသုံးျပဳႏိုင္တဲ့ နည္းလမ္းအေျဖေတြလည္း ရွိေနတာပါ။ အဲဒီထဲမွာ အကုန္က်သက္သာတဲ့ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓါတ္ဟာ သန႔္ရွင္းၿပီး အလွ်င္ျမန္ ျဖန႔္ျဖဴးေပးႏိုင္ပါတယ္။ က်န္မာေရးဆိုင္ရာ အေဆာက္အဦေတြမွာ ျပန္ျပည့္ၿမဲစြမ္းအင္နဲ႔ လွ်ပ္စစ္ကိုသာသုံးႏိုင္မယ္ဆိုရင္ ရာသီဥတုေဖါက္ျပန္မႈကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္သလို စံခ်ိန္မီတဲ့ က်န္းမာေရးျပဳစုေစာင့္ေရွာက္မႈကိုလည္း ေပးႏိုင္မွာျဖစ္တယ္လို႔ အစီရင္ခံစာျပဳစုသူေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ကမ္ဘာတလွှား ကျန်းမာရေးလုပ်ငန်းတွေ လျှပ်စစ်မီးရရှိရေး ကုလသမဂ္ဂ သတိပေး

ကမ္ဘာပေါ်ကဆင်းရဲတဲ့နိုင်ငံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဆောက်အဦတွေမှာ လုံလောက်တဲ့ လျှပ်စစ်မီးမရတာကြောင့် လူပေါင်း သန်း (၁ ထောင်) နီးပါး မကြာခနဆိုသလို အသက်ဘေးနဲ့ကြုံခဲ့ရတယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာသစ်က ဆိုပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုပေးရာဌာနတွေမှာ လျှပ်စစ်မီးရရှိရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ပြန်ပြည့်မြဲစွမ်းအင်အေဂျင်စီ IREA တို့ ပူးတွဲ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြလိုက်တာပါ။ VOA အတွက် Lisa Schlein ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဆောက်အဦတွေမှာ လျှပ်စစ်မီး ရခြင်းမရခြင်းက လူ့အသက်ကယ်တင်ရေးမှာ ကွာခြားသွားစေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။ Heather Adair-Rohani ဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေထုအရည်အသွေး၊ စွမ်းအင်နဲ့ ကျန်းမာရေးဌာနစိတ်ရဲ့ယာယီ အကြီးအကဲဖြစ်ပါတယ်။ ဆေးရုံဆေးခန်းလို ကျန်းမာရေးစောင့်ရှောက်တဲ့ နေရာမျိုးမှာ ပုံမှန် လျှပ်စစ်ဖြန့်ဖြူးပေးတဲ့ စနစ်ရှိဖို့က သိပ်အရေးကြီးတယ်လို့ ဆိုပါတယ်။

"ကုသ စောင့်ရှောက်ရေးအဆောင်တွေမှာ လျှပ်စစ်မီးမရှိဘူးဆိုပါတော့ .. မွေးကင်းစခလေးတွေကို အနွေးဓါတ်ပေးမယ့်စက်တွေ ဘယ်လိုလုပ် လည်ပတ်နိုင်မှာလဲ။ ဆေးကုသရေးကိရိယာတွေအသုံးပြုနိုင်ဖို့က လျှပ်စစ်မီးတောက်လျှောက် ရနေဖို့ လိုပါတယ်။ ဒါက အခြေခံလိုအပ်ချက်လည်း ဖြစ်ပါတယ်။ ဒါဟာ အထူးသဖြင့် အလယ်အလတ်နဲ့ ဝင်ငွေနည်း တိုင်းပြည်တွေက အားကိုရာမဲ့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ မရှိမဖြစ် ထည့်သွင်းစဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။"

တောင်အာရှနဲ့အာဖရိက ဆာဟာရတောင်ပိုင်းနိုင်ငံတွေက ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဆောက်အဦ (၁၀) ခုမှာ (၁) ခုကျော်က လျှပ်စစ်မီးမရဘူးလို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ဆာဟာရတောင်ပိုင်းဒေသက ကျန်းမာရေးအဆောက်အဦ အားလုံးရဲ့ ထက်ဝက်လောက်ဟာ လျှပ်စစ်မီး ပုံမှန် မရဘူးလို့ ဆိုပါတယ်။ မီးထွန်းဖို့ ၊ ရေခဲသေတ္တာအေးနေဖို့ ဒီလို နေ့စဉ်သုံးပစ္စည်းတွေအတွက် လျှပ်စစ်မီးလိုသလို၊ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာတွေအတွက်လည်း လျှပ်စစ်မီးလိုအပ်ကြောင်းနဲ့ လူ့အသက်ကယ်တင်ဖို့ဆိုရင် လျှပ်စစ်ဓါတ်အားသုံးစနစ်က မဖြစ်မနေ လိုအပ်ကြောင်း အစီရင်ခံစာမှာ ထောက်ပြပါတယ်။

လျှပ်စစ်ဓာတ်အားပေးစနစ် တပ်ဆင်ပြီးတဲ့ အခါမှာလည်း လက်တွေ့ အသုံးချနိုင်တဲ့ အခြေအနေမျိုး ဖြစ်ဖို့ လိုတယ်လို့လည်း Adair-Rohani က ပြောပါတယ်။

" နေနဲ့ရေလို သဘာဝကရတဲ့ ပြန်ပြည့်မြဲစွမ်းအင်ထုတ် လျှပ်စစ်ဓါတ်အားစနစ်ကိုသာ ကျန်းမာရေးအဆောက်အဦတွေမှာ ချိတ်ဆက်ထားနိုင်မယ်ဆိုရင် အသက်ကယ်တဲ့ ကုသစောင့်ရှောက်မှုပေးနိုင်မှာဖြစ်သလို အရေးပေါ်အခြေအနေအေတွက်လည်း အဆင်သင့်ဖြစ်နေမှာပါ။ ဟာရီကိန်းမုန်တိုင်းလို၊ ရေးလွှမ်းမိုးတာလို သဘာဝဘေး ကျရောက်တဲ့အခါမျိုးမှာတောင် သဘာဝစွမ်းအင်သုံးလျှပ်စစ်ကို လိုရင်လိုသလို အရေးပေါ်ကယ်ဆယ်ဖို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။"

ရာသီဥတုဖေါက်ပြန်မှုဒဏ်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်နဲ့ သက်ဆိုင်ရာအဆောက်အဦတွေပါ ထိခိုက်ယိုယွင်းမှု ပိုတိုးလာနေတယ်လို့ ကုလအစီရင်ခံစာသစ်မှာ ဖေါ်ပြပါတယ်။ ရေရှည်အတွက် ပြန်ပြည့်မြဲစွမ်းအင်ကို အသုံးပြုနိုင်တဲ့ နည်းလမ်းအဖြေတွေလည်း ရှိနေတာပါ။ အဲဒီထဲမှာ အကုန်ကျသက်သာတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်ဟာ သန့်ရှင်းပြီး အလျှင်မြန် ဖြန့်ဖြူးပေးနိုင်ပါတယ်။ ကျန်မာရေးဆိုင်ရာ အဆောက်အဦတွေမှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ လျှပ်စစ်ကိုသာသုံးနိုင်မယ်ဆိုရင် ရာသီဥတုဖေါက်ပြန်မှုကို လျှော့ချနိုင်မှာဖြစ်သလို စံချိန်မီတဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုကိုလည်း ပေးနိုင်မှာဖြစ်တယ်လို့ အစီရင်ခံစာပြုစုသူတွေက ဆိုပါတယ်။

XS
SM
MD
LG