နောက်ဆုံး ရှာဖွေတွေ့ရှိတဲ့ ဆေးပညာ နည်းသစ်အရ တီဘီရောဂါပိုးရှိမရှိ ၂ နာရီအတွင်း သိရှိနိုင်မယ်လို့ ဆိုပါတယ်။ တီဘီရောဂါကို
အလျင်အမြန် စမ်းသပ်စစ်ဆေး ကုသနိုင်မှာ ဖြစ်တဲ့အတွက် ဒီနည်းပညာသစ်က တီဘီရောဂါကုသမှုကို လုံးဝ ပြောင်းလဲသွားစေနိုင်ပြီး
သန်းနဲ့ချီတဲ့ အသက်တွေကိုလည်း ကယ်တင်နိုင်လိမ့်မယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ဒီအကြောင်း ဗီအိုအေ သတင်းထောက် Carol Pearson ရဲ့ သတင်းပေးပို့ချက်အပေါ် အခြေခံပြီး အခုတပတ် ကျန်းမာရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။