ဒီ Telemedicine နည်းပညာကြောင့် မြန်မာနိုင်ငံမှာ အရေးပေါ်လူနာတွေကို ကာကွယ်အသက်ကယ်နိုင်သည့်အထိ အကျိုးဖြစ်နေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။
အင်တာနက်နဲ့ ကွန်ပြူတာသုံးပြီး ဓာတ်မှန်တွေကို လူနာရှိတဲ့ အဝေးတနေရာကနေ အထူးကုသမှု ဗဟိုဆေးရုံ (နေရာ) ကို မိနစ်ပိုင်းအတွင်း အပြန်အလှန်ဆက်သွယ်ကာ ဘယ်လို ရောဂါဖြစ်ကြောင်း၊ ဘယ်လို ကုသဖို့ အမြန် ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဒီနည်းပညာသစ်ကြောင့် လူနာကိုယ်တိုင် ကုသမှုဗဟိုရှိရာ မြို့ကြီးတွေကို သွားရတဲ့ အချိန်၊ ငွေကုန်မှုတွေ သက်သာသွားတဲ့အပြင်၊ အထူးကုတွေရဲ့ အထောက်အကူလည်း အမြန်ရရှိနိုင်ပါတယ်။ အခြားရော ဘယ်လို အကျိုးကျေးဇူးတွေ ရရှိသလဲ။
ဒီနည်းပညာအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ Telemedicine စနစ်ကို ဦးဆောင်ဖြန့်ဖြူးလုပ်ကိုင်နေတဲ့ အရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီး နဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာဦးကျော်မြင့်နိုင် နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။