သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးပြန်ကြောဆိုင်ရာ ခြေထောက်အနာတွေအကြောင်း


တိုက်ရိုက် လင့်ခ်


သွေးပြန်ကြောအားနည်းပြီး ခြေထောက်တွေမှာ အနာတွေဖြစ်လာမှုတွေ မြန်မာနိုင်ငံတဝှမ်းမှာ အဖြစ်များလာနေပြီး၊ ပျောက်ဖို့ခက်ခဲတတ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ဒီလို ခြေထောက်အနာတွေ ဖြစ်လာရတာက မြင်နေရတဲ့ ခြေထောက်အပေါ်ယံ သွေးပြန်ကြောနဲ့ မမြင်ရတဲ့ ခြေထောက်ကြွက်သားတွင်းက အတွင်းပိုင်း သွေးပြန်ကြောတွေကြား ချိတ်ဆက်ထားတဲ့ အကန့် (bar) လေးတွေ ပျက်စီးပြီး၊ သွေးကောင်းကောင်း နှလုံးကို ပြန်မတက်နိုင်ဘဲ၊ ခြေထောက်မှာ အိုင်လာတာကြောင့် အနာတွေ ဖြစ်လာရတာပါ။ အထူးသဖြင့် အထိုင်များ၊ မတ်တပ်ရပ်တာများပြီး ခြေထောက်ကြွက်သားလှုပ်ရှားမှု နည်းသူတွေမှာ အဲဒီလို ခြေထောက်သွေးအိုင်ပြီး တင်းမာလာကာ အနာတွေ ပိုဖြစ်တတ်ပါတယ်။ ဒီအနာတွေက ခြေမျက်စိနားတဝိုက်မှာ ဖြစ်တတ်ပါတယ်။

အဲဒီလို မဖြစ်အောင် ကာကွယ်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် အချိန်ကြာကြာထိုင်ပြီး၊ ရပ်ပြီး အလုပ်လုပ်ရသူတွေအနေနဲ့ မကြာခဏ ခြေထောက်မြှောက်တင်ပေးတဲ့ အနားယူတာတွေ လုပ်ပေးခြင်းဖြင့် ခြေထောက်မှာ သွေးအိုင်ပြီး တင်းလာတာကနေ ကာကွယ်ခြင်းဖြင့် အနာတွေ ဖြစ်တဲ့အဆင့်မရောက်အောင် ကာကွယ်နိုင်ပါတယ်။

ဆရာဝန်တွေ အနေနဲ့လည်း မိမိလူနာမှာ ခြေထောက်တင်းလာပြီး အဲဒီလို သွေးပြန်ကြော အားနည်းနိုင်တာကို မကြာမကြာ စစ်ပေးသင့်ပါတယ်။ အနာတွေ စဖြစ်လာရင်လည်း ခြေထောက်သွေးပြန်ကြော အားနည်းတာကြောင့် ဖြစ်နိုင်တာကို ထည့်တွက်သင့်ပါတယ်။ ကြိုတင်သိရှိခြင်းဖြင့် ပြင်းထန်တဲ့ အနာတွေဖြစ်တဲ့ အဆင့်မရောက်ခင် ကုသမှုပေးနိုင်ပါတယ်။ ဒီအနာတွေ ပြင်းထန်လာချိန်မှာ အချိန်ယူ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ကုသမှုမျိုးစုံရှိပါတယ်။ ဒီကုသမှုတွေထဲမှာ ကိုယ်လက်လှုပ်ရှား လေကျင့်ခန်းလုပ်တာအပြင်၊ ခြေထောက်ပတ်တီး (Elastic Bandage) စည်းပေးတာ (ခြေထောက်မြှောက်ပေးတာ အပါအဝင်)၊ အနာတွေကို ဆေးထဲ့ကုသပေးတာ နဲ့ ခွဲစိတ်ကုသမှုတွေ ပါဝင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။,m

XS
SM
MD
LG