သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီဘီထိန်းချုပ်ရေး နိုင်ငံတကာသင်ခန်းစာ


တီဘီထိန်းချုပ်ရေး နိုင်ငံတကာသင်ခန်းစာ
please wait

No media source currently available

0:00 0:07:00 0:00

တီဘီရောဂါ ထိန်းချုပ်နိုင်ရေး နိုင်ငံတကာကြိုးပမ်းမှုတွေထဲ သင်ခန်းစာယူစရာ နမူနာကောင်းတွေရှိလာနေပြီလို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုနေပါတယ်။ တီဘီဆိုင်ရာ ဆွေးနွေးပွဲ ဖိုရမ်ကြီး မနှစ်ကလုပ်ခဲ့ပြီး တီဘီလည်းအဖြစ်များတဲ့ အိန္ဒိယမှာ အတွေ့အကြုံကောင်းတွေရှိနေပါပြီ။

တီဘီထိန်းချုပ်ရေး နိုင်ငံတကာသင်ခန်းစာ

တီဘီရောဂါ ထိန်းချုပ်နိုင်ရေး နိုင်ငံတကာကနေ သင်ခန်းစာ ယူစရာရှိနေပါလား။

တီဘီရောဂါ ထိန်းချုပ်နိုင်ရေး နိုင်ငံတကာကြိုးပမ်းမှုတွေထဲ သင်ခန်းစာယူစရာ နမူနာကောင်းတွေရှိလာနေပြီလို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုနေပါတယ်။ တီဘီဆိုင်ရာ ဆွေးနွေးပွဲ ဖိုရမ်ကြီး မနှစ်ကလုပ်ခဲ့ပြီး တီဘီလည်းအဖြစ်များတဲ့ အိန္ဒိယမှာ အတွေ့အကြုံကောင်းတွေရှိနေပါပြီ။ အောက်ခြေ လူထုထဲဆင်းပြီး တီဘီဆေးစစ်ရှာဖွေတာနဲ့ ကုသဖို့မက်လုံးပေးတာကနေ နိုင်ငံထိပ်ပိုင်းခေါင်းဆောင်အဆင့်ကိုယ်တိုင် ပါဝင်အားပေးတာ အထိပါဝင်ပါတယ်။ အိန္ဒိယအနေနဲ့ တီဘီအဖြစ်အများဆုံးပြည်နယ်ဖြစ်တဲ့ နယူးဒေလီမှာ အဓိက ကိုယ်ခံအားနည်းသူတွေ (Key and Vulnerable Population – KVP) ရှိတဲ့ အိမ်ခြေယာမဲ့လိုနေရာတွေကို ပစ်မှတ်ထားပြီး နောက်ဆုံးပေါ် ပေါ့ပါး၊ သယ်ရလွယ် (ကျောပိုးအိပ်ထဲပါထဲ့သွားနိုင်) တဲ့ ဓာတ်ခွဲခန်းသုံး ဆေးစစ်ကရိယာတွေသုံးကာ Van ကားတွေ ဆိုင်ကယ်တွေနဲ့ အရောက်သွား စစ်ဆေးပြီး နေ့တွင်းချင်း ကုသမှုပေးခဲ့ပါတယ်။

Forum

XS
SM
MD
LG