သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ မ်ဳိးကြဲစိတ္သစ္ ထပ္ေပၚေနျခင္း


COVID-19 Vaccines

ကိုဗစ္-19 ေနာက္ဆုံးလႈိင္း ျမန္မာႏိုင္ငံမွာ ျပန္က်လာခ်ိန္၊ ကမာၻမွာေတာ့ ကိုဗစ္မ်ဳိးကြဲ အိုမီခ႐ြန္ရဲ႕ မ်ဳိးကြဲစိတ္သစ္ေတြ ထပ္ေပၚလာေနၿပီး၊ ကိုဗစ္ေဆးတစ္မ်ိဳး အာနိသင္ ပ်က္သြားေစခဲ့တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

ကိုဗစ္ မ်ဳိးကြဲစိတ္သစ္ေတြ (BQ.1 ၊ BQ.1.1 နဲ႔ XBB အပါအဝင္) ကူးစက္ျမန္တာေၾကာင့္ လက္ရွိ မ်ဳိးစိတ္ကြဲ BA.4 နဲ႔ BA.5 ႀကီးစိုးထားတဲ့ အေမရိကန္မွာ ဒီမ်ဳိးကြဲစိတ္သစ္ ကူးစက္မႈေတြ စမ်ားလာေနပါတယ္။ အေမရိကန္ရဲ႕ ေဆာင္းတြင္းမွာ ကိုဗစ္ ပိုကူးစက္တတ္တဲ့ သဘာဝနဲ႔ ႏိုင္ငံျခားခရီးသြားနဲ႔ ႏိုင္ငံတကာ ေလေၾကာင္းလိုင္းေတြအပါအဝင္ အရင္ထိန္းခ်ဳပ္ခဲ့တာအားလုံး ျပန္ဖြင့္ထားခ်ိန္မို႔၊ လာမဲ့လပိုင္းေတြအတြင္း ဒီမ်ဳိးကြဲစိတ္သစ္ေတြ ႀကီးစိုးလာကာ၊ လႈိင္းအသြင္ ျပန္တက္လာႏိုင္တယ္လို႔လည္း ခန႔္မွန္းထားပါတယ္။ အိႏၵိယနဲ႔ စကၤာပူမွာလည္း ေနာက္ဆုံးေတြ႔ထားတဲ့ ကူးစက္ျမန္ မ်ိဳးကြဲစိတ္သစ္ XBB ေၾကာင့္၊ ျမန္မာအပါအဝင္ တျခားႏိုင္ငံေတြအတြက္ သတိျပဳေစာင့္ၾကည့္စရာလည္း ျဖစ္လာေနပါတယ္။

အိုမီခ႐ြန္မ်ဳိးကြဲသစ္ စေတြခဲ့တဲ့ အိႏၵိယမွာပဲ ထပ္စေပၚတာေတြ႔ခဲ့တဲ့ XBB မ်ဳိးကြဲစိတ္သစ္ဟာ၊ BA.5 ေနာက္ဆက္တြဲအျဖစ္ အိုမီခ႐ြန္မ်ဳိးစိတ္ကြဲ ၂ ခုေပါင္း ျဖစ္လာတာလို႔ ေတြ႔ရွိထားပါတယ္။ ျပႆနာက XBB မ်ဳိးကြဲစိတ္သစ္အေနနဲ႔ ကိုဗစ္ ကိုယ္ခံအားကို ထြင္းေဖာက္ႏိုင္မႈ (Immune Invasive/ Escape) အမ်ားဆုံးျဖစ္တာ ေတြ႔ထားၿပီး၊ လက္ရွိမွာ ကိုဗစ္ထိုးေဆး Monoclonal Antibodies အုပ္စုရဲ႕ ေနာက္ဆုံးေဆး (Evusheld) အာနိသင္ကို ေလ်ာ့က်ေစကာ၊ သုံးမရတဲ့အထိ အေမရိကန္ႏိုင္ငံမွာ ျဖစ္သြားတာ ေတြ႔ရွိထားပါတယ္။ တ႐ုတ္ႏိုင္ငံမွာလည္း အလားတူေတြ႔ထားပါတယ္။

တကယ္ေတာ့ Monoclonal Antibody ထိုးေဆးေတြက လက္ရွိထိေရာက္ေနတဲ့ ကိုဗစ္ေသာက္ေဆးေတြ (ျမန္မာမွာလည္း ထုတ္ႏိုင္တဲ့ Paxlovid နဲ႔ Molnupiravir အပါအဝင္) မေပၚခင္၊ အေမရိကန္မွာ အဓိကသုံးခဲ့တဲ့ ထိုးေဆးေတြျဖစ္ၿပီး၊ ျမန္မာအပါအဝင္ တျခားအေရွ ႔ေတာင္အာရွႏိုင္ငံေတြဘက္မွာေတာ့ သုံးတာ မရွိသေလာက္ရွားခဲ့ပါတယ္။ XBB မ်ိဳးကြဲစိတ္သစ္ရဲ႕ အိႏၵိယမွာေတြ႔ခဲ့တဲ့ အေထာက္အထားေတြအရေတာ့၊ ကူးစက္မူျမန္ေပမဲ့ အထူးသျဖင့္ ကိုဗစ္ကာကြယ္ေဆး ထိုးထားသူေတြမွာ ျပင္းထန္မႈ (အသက္ရႈလမ္းေၾကာင္း ထိခိုက္မူ၊ ေဆး႐ုံတက္ရမႈနဲ႔ ေသဆုံးမႈ) မ်ားတာကို လက္ရွိအခ်ိန္ထိ မေတြ႔ရေသးပါဘူး။

ဒါေပမဲ့ စကၤာပူမွာ ၿပီးခဲ့တဲ့လ ေအာက္တိုဘာလကုန္နဲ႔ ဒီလ ႏိုဝင္ဘာလဆန္းပိုင္း ေတြ႔ရွိမႈေတြအရေတာ့ ကူးစက္မူ ပိုျမန္လြန္းတာ (ဒီလဆန္းပိုင္းမွာ တစ္ရက္ေသာင္းခ်ီ ကူးစက္ၿပီး၊ ကိုဗစ္လူနာေတြရဲ႕ ၅၀% ေက်ာ္အထိ ဒီမ်ိဳးကြဲစိတ္သစ္ ႐ုတ္တရက္ လႊမ္းမိုးသြားတာ) အျပင္၊ ပိုျပင္းထန္လာႏိုင္ေျခကိုလည္း စိုးရိမ္တႀကီး ေတြ႔ထားပါတယ္။ စကၤာပူမွာ အခုလို ကူးစက္ျမန္ခ်ိန္က အရင္ ကိုဗစ္စည္းကမ္းထိန္းခ်ဳပ္မႈေတြ ျပန္ေျဖေလ်ာ့လိုက္တာမို႔ ကူးစက္လြယ္ခ်ိန္နဲ႔ တိုက္ဆိုင္ေနေပမဲ့၊ အရင္ ကိုဗစ္စျဖစ္တဲ့ ၂၀၂၀ ခုႏွစ္တုန္းက အခုလို မစိုးရိမ္ခဲ့တာေၾကာင့္ နယူးေယာက္မွာ အမ်ားအျပား အသက္ဆုံး႐ူံးခဲ့ရတာမို႔၊ အခုေတာ့ အေမရိကန္နဲ႔ စကၤာပူအပါအဝင္ တျခားႏိုင္ငံေတြမွာ ဒီမ်ိဳးကြဲစိတ္သစ္ XBB ျပင္းထန္ႏိုင္မႈကို ဆက္ေလ့လာၿပီး သတိထားေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။ ဒါေပမဲ့လဲ ကိုဗစ္ကာကြယ္ေဆး ထိုးထားသူေတြအတြက္ေတာ့ ဒီမ်ိဳးကြဲစိတ္သစ္ရဲ႕ ျပင္းထန္မႈ နည္းႏိုင္တယ္လို႔ ေယဘူခ်အားျဖင့္ေတာ့ ခန႔္မွန္းထားပါေသးတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာ ကိုဗစ္လူနာေတြကို ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==== Unicode ====

ကိုဗစ်-19 နောက်ဆုံးလှိုင်း မြန်မာနိုင်ငံမှာ ပြန်ကျလာချိန်၊ ကမ္ဘာမှာတော့ ကိုဗစ်မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးကွဲစိတ်သစ်တွေ ထပ်ပေါ်လာနေပြီး၊ ကိုဗစ်ဆေးတစ်မျိုး အာနိသင် ပျက်သွားစေခဲ့တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ကိုဗစ် မျိုးကွဲစိတ်သစ်တွေ (BQ.1 ၊ BQ.1.1 နဲ့ XBB အပါအဝင်) ကူးစက်မြန်တာကြောင့် လက်ရှိ မျိုးစိတ်ကွဲ BA.4 နဲ့ BA.5 ကြီးစိုးထားတဲ့ အမေရိကန်မှာ ဒီမျိုးကွဲစိတ်သစ် ကူးစက်မှုတွေ စများလာနေပါတယ်။ အမေရိကန်ရဲ့ ဆောင်းတွင်းမှာ ကိုဗစ် ပိုကူးစက်တတ်တဲ့ သဘာဝနဲ့ နိုင်ငံခြားခရီးသွားနဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေအပါအဝင် အရင်ထိန်းချုပ်ခဲ့တာအားလုံး ပြန်ဖွင့်ထားချိန်မို့၊ လာမဲ့လပိုင်းတွေအတွင်း ဒီမျိုးကွဲစိတ်သစ်တွေ ကြီးစိုးလာကာ၊ လှိုင်းအသွင် ပြန်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အိန္ဒိယနဲ့ စင်္ကာပူမှာလည်း နောက်ဆုံးတွေ့ထားတဲ့ ကူးစက်မြန် မျိုးကွဲစိတ်သစ် XBB ကြောင့်၊ မြန်မာအပါအဝင် တခြားနိုင်ငံတွေအတွက် သတိပြုစောင့်ကြည့်စရာလည်း ဖြစ်လာနေပါတယ်။

အိုမီခရွန်မျိုးကွဲသစ် စတွေခဲ့တဲ့ အိန္ဒိယမှာပဲ ထပ်စပေါ်တာတွေ့ခဲ့တဲ့ XBB မျိုးကွဲစိတ်သစ်ဟာ၊ BA.5 နောက်ဆက်တွဲအဖြစ် အိုမီခရွန်မျိုးစိတ်ကွဲ ၂ ခုပေါင်း ဖြစ်လာတာလို့ တွေ့ရှိထားပါတယ်။ ပြဿနာက XBB မျိုးကွဲစိတ်သစ်အနေနဲ့ ကိုဗစ် ကိုယ်ခံအားကို ထွင်းဖောက်နိုင်မှု (Immune Invasive/ Escape) အများဆုံးဖြစ်တာ တွေ့ထားပြီး၊ လက်ရှိမှာ ကိုဗစ်ထိုးဆေး Monoclonal Antibodies အုပ်စုရဲ့ နောက်ဆုံးဆေး (Evusheld) အာနိသင်ကို လျော့ကျစေကာ၊ သုံးမရတဲ့အထိ အမေရိကန်နိုင်ငံမှာ ဖြစ်သွားတာ တွေ့ရှိထားပါတယ်။ တရုတ်နိုင်ငံမှာလည်း အလားတူတွေ့ထားပါတယ်။

တကယ်တော့ Monoclonal Antibody ထိုးဆေးတွေက လက်ရှိထိရောက်နေတဲ့ ကိုဗစ်သောက်ဆေးတွေ (မြန်မာမှာလည်း ထုတ်နိုင်တဲ့ Paxlovid နဲ့ Molnupiravir အပါအဝင်) မပေါ်ခင်၊ အမေရိကန်မှာ အဓိကသုံးခဲ့တဲ့ ထိုးဆေးတွေဖြစ်ပြီး၊ မြန်မာအပါအဝင် တခြားအရှေ့တောင်အာရှနိုင်ငံတွေဘက်မှာတော့ သုံးတာ မရှိသလောက်ရှားခဲ့ပါတယ်။ XBB မျိုးကွဲစိတ်သစ်ရဲ့ အိန္ဒိယမှာတွေ့ခဲ့တဲ့ အထောက်အထားတွေအရတော့၊ ကူးစက်မူမြန်ပေမဲ့ အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေမှာ ပြင်းထန်မှု (အသက်ရှုလမ်းကြောင်း ထိခိုက်မူ၊ ဆေးရုံတက်ရမှုနဲ့ သေဆုံးမှု) များတာကို လက်ရှိအချိန်ထိ မတွေ့ရသေးပါဘူး။

ဒါပေမဲ့ စင်္ကာပူမှာ ပြီးခဲ့တဲ့လ အောက်တိုဘာလကုန်နဲ့ ဒီလ နိုဝင်ဘာလဆန်းပိုင်း တွေ့ရှိမှုတွေအရတော့ ကူးစက်မူ ပိုမြန်လွန်းတာ (ဒီလဆန်းပိုင်းမှာ တစ်ရက်သောင်းချီ ကူးစက်ပြီး၊ ကိုဗစ်လူနာတွေရဲ့ ၅၀% ကျော်အထိ ဒီမျိုးကွဲစိတ်သစ် ရုတ်တရက် လွှမ်းမိုးသွားတာ) အပြင်၊ ပိုပြင်းထန်လာနိုင်ခြေကိုလည်း စိုးရိမ်တကြီး တွေ့ထားပါတယ်။ စင်္ကာပူမှာ အခုလို ကူးစက်မြန်ချိန်က အရင် ကိုဗစ်စည်းကမ်းထိန်းချုပ်မှုတွေ ပြန်ဖြေလျော့လိုက်တာမို့ ကူးစက်လွယ်ချိန်နဲ့ တိုက်ဆိုင်နေပေမဲ့၊ အရင် ကိုဗစ်စဖြစ်တဲ့ ၂၀၂၀ ခုနှစ်တုန်းက အခုလို မစိုးရိမ်ခဲ့တာကြောင့် နယူးယောက်မှာ အများအပြား အသက်ဆုံးရူံးခဲ့ရတာမို့၊ အခုတော့ အမေရိကန်နဲ့ စင်္ကာပူအပါအဝင် တခြားနိုင်ငံတွေမှာ ဒီမျိုးကွဲစိတ်သစ် XBB ပြင်းထန်နိုင်မှုကို ဆက်လေ့လာပြီး သတိထားစောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေအတွက်တော့ ဒီမျိုးကွဲစိတ်သစ်ရဲ့ ပြင်းထန်မှု နည်းနိုင်တယ်လို့ ယေဘူချအားဖြင့်တော့ ခန့်မှန်းထားပါသေးတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာ ကိုဗစ်လူနာတွေကို ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG