သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဗစ္စတုတၳလႈိင္း ေစာင့္ေရွာက္ကုသမူ


A Johnson and Johnson booster vaccine is prepred at the Vaccination Centre of Hope at the Cape Town International Convention Centre in Cape Town, South Africa on Nov. 30, 2021, as part of the Sisonke trial for healthcare workers.

ျမန္မာႏိုင္ငံမွာ Omicron မ်ိဳးကြဲသစ္ေတြ႔အၿပီး ျဖစ္ပြားႏႈန္း တက္လာတဲ့ ကိုဗစ္လႈိင္းထဲ၊ ကူးစက္မူမ်ား၊ ဆရာဝန္တခ်ဳိ ႔နဲ႔ျပဖို႔ ခက္သြားခ်ိန္မွာ ကိုယ္တိုင္ျပဳစုေစာင့္ေရွာက္ႏိုင္တာေတြကို က်န္းမာေရးပညာရွင္ေတြက အႀကံျပဳေျပာဆိုထားပါတယ္။

ႏိုင္ငံတဝွမ္း ကိုဗစ္သံသယလကၡဏာရွိသူေတြ တဟုန္ထိုးမ်ားလာၿပီး ေဆးခန္းတခ်ဳိ ႔ ပိတ္သြားခ်ိန္မွာ ဖုန္းနဲ႔တဆင့္ဆက္သြယ္ဖို႔နဲ႔ ေဆးစစ္ႏိုင္ဖို႔ေတြ ခက္ခဲလာကာ ကိုယ့္အိမ္မွာ ကိုယ့္ကိုယ္ကို အတတ္ႏိုင္ဆုံး ေစာင့္ေရွာက္ကုသေနရတယ္လို႔ ျပည္သူအမ်ားက ေျပာေနၾကပါတယ္။ အခုလိုအခ်ိန္မွာ လည္ပင္းနာ၊ ေခ်ာင္းဆိုး၊ ႏွာေစးလွ်င္ ကိုဗစ္ျဖစ္ဖို႔မ်ားၿပီး၊ ကာကြယ္ေဆးထိုးထားသူ အမ်ားစုမွာ မျပင္းထန္ဘဲ ရက္တိုတိုအတြင္း ျပန္ေကာင္းဖို႔မ်ားေပမဲ့၊ ကာကြယ္ေဆး မထိုးထားသူေတြမွာေတာ့ အသက္အ႐ြယ္အလိုက္ အနည္းနဲ႔အမ်ား ပိုျပင္းထန္ႏိုင္ကာ၊ သက္ႀကီးနဲ႔ ေရာဂါအခံရွိသူေတြမွာဆိုလွ်င္ေတာ့ အႏၲရာယ္ႀကီးလြန္းတာမို႔ အထူးသတိျပဳေစာင့္ေရွာက္ေပးဖို႔ အလြန္ကို အေရးႀကီးေနပါတယ္။

ကိုဗစ္ ကာကြယ္ေဆး (၂) ႀကိမ္ (သို႔မဟုတ္) (၃) ႀကိမ္ (အထူးသျဖင့္ Covishield) ထိုးထားၿပီးသူ (အထူးသျဖင့္ လြန္ခဲ့တဲ့ (၆) လအတြင္း) အသက္ (၆၅) ႏွစ္ေအာက္ေတြ အတြက္ေတာ့၊ (၃) ရက္ကေန (၅) ရက္အတြင္း ျပန္ေကာင္းသြားႏိုင္ပါတယ္။ ဒီအေတာအတြင္းမွာ ေမာပန္းမူမရွိဘဲ၊ ေသြးတြင္းေအာက္ဆီဂ်င္ (၉၂) ေအာက္ မက်ပါက၊ ေရမ်ားမ်ားေသာက္ၿပီး၊ ျဖစ္လာတဲ့ လကၡဏာေပၚ မူတည္ကာ သက္သာေစတဲ့ ေဆးေတြေသာက္ႏိုင္ပါတယ္။ ဥပမာအားျဖင့္ လည္ေခ်ာင္းနာအတြက္ လည္ေခ်ာင္းပလုပ္က်င္းေဆးရည္ (Listerine လိုေဆးရည္မ်ိဳး) ဒါမွမဟုတ္ ဆားရည္ (မပူမေအးလြန္းတဲ့ ေရေႏြးထဲ ဆားထည့္ေဖ်ာ္တာ) နဲ႔ လည္ေခ်ာင္းကို ပလုပ္က်င္းတာ၊ ေခ်ာင္းဆိုးလွ်င္ ေခ်ာင္းဆိုးေပ်ာက္ေဆး (တခ်ဳိ ႔အဆင့္ျမင့္ ေခ်ာင္းဆိုးေပ်ာက္ေဆးေတြကို ဆရာဝန္နဲ႔ ဖုန္းကတဆင့္ တိုင္ပင္သင့္)၊ အဖ်ားတက္လွ်င္ ပါရာစီတေမာ ေသာက္တာ၊ ဝမ္းေလွ်ာလွ်င္ ေရနဲ႔ဓာတ္ဆား ျပန္ျဖည့္တာ (ေလ်ာ့သြားတဲ့ ဓာတ္ဆားျပန္ျဖည့္ျခင္းျဖင့္ ႏုံးတာသက္သာေစတာ) ေတြနဲ႔ ခဏအတြင္း သက္သာသြားႏိုင္ပါတယ္။

ကိုဗစ္ ကာကြယ္ေဆးမထိုးထားလွ်င္ေတာ့၊ လူငယ္ေတြမွာ အထက္ပါ လည္ေခ်ာင္းနာ ေခ်ာင္းဆိုး ႏွာေစး၊ ဝမ္းေလွ်ာတာေတြ အနည္းငယ္ ပိုျပင္းထန္ႏိုင္ေပမဲ့၊ အသက္အႏၲရာယ္ျဖစ္တဲ့အဆင့္ေရာက္တာ ေဆး႐ုံတက္ရတာမ်ိဳးအထိ ျဖစ္ဖို႔နည္းပါတယ္။ (ဒါေပမဲ့ လူငယ္ေတြလည္း ကာကြယ္ေဆးေတာ့ ထိုးထားသင့္ပါတယ္။ အေၾကာင္းက တခ်ဳိ ႔လူငယ္ေတြမွာ ေရာဂါအခံရွိေနတာ မသိေသးတာနဲ႔ တျခားသက္ႀကီးနဲ႔ ေရာဂါအခံရွိၿပီးသားသူေတြကို ကူးႏိုင္လို႔ပါ။) လူငယ္ေတြအျပင္ လူလတ္ပိုင္း (၄၅-၆၅ႏွစ္ အတြင္း) မွာပါ ကာကြယ္ေဆးထိုးထားသူေတြအတြက္ ေဆး႐ုံတက္ရႏႈန္း၊ အထူးၾကပ္မတ္ေဆာင္ေရာက္ႏႈန္းနဲ႔ ေသဆုံးႏႈန္းေတြက ကာကြယ္ေဆးမထိုးထားသူေတြနဲ႔ ႏိႈင္းယွဥ္လွ်င္ အမ်ားႀကီးကိုနည္းၿပီး၊ အခုတစ္ေခါက္ ေဆး႐ုံတက္ရ ေသဆုံးရသူေတြအမ်ားစုကေတာ့ ကာကြယ္ေဆးလုံးဝမထိုးထားသူေတြမို႔ အထူးသတိထားသင့္ပါတယ္။

အခုလို ေဆး႐ုံတက္ရႏႈန္းနဲ႔ ေသဆုံးမူႏႈန္းမ်ားႏိုင္သူေတြ ေလ်ာ့ခ်ႏိုင္ေအာင္ကေတာ့၊ အဓိကအားျဖင့္ ကိုဗစ္ျဖစ္လာတာနဲ႔ ေသြးတြင္းေအာက္ဆီဂ်င္ကို အၿမဲတိုင္းေနဖို႔ပါ။ လက္ဖ်ားထိပ္မွာတိုင္းတဲ့ ေသြးတြင္းေအာက္ဆီဂ်င္ပမဏ (၉၂) ေအာက္က်လာလွ်င္ေတာ့ လူႀကီးေရာ လူငယ္ပါ ဆရာဝန္နဲ႔ မျဖစ္မေန တိုင္ပင္သင့္ပါၿပီ။ အခုလို ေအာက္ဆီဂ်င္က်တာအတြက္ လူငယ္ေတြမွာ အနည္းငယ္ပိုခံႏိုင္ေပမဲ့၊ လူလတ္ပိုင္း (၄၅-၆၅ႏွစ္) မွာ ခံႏိုင္ရည္နည္းသြားၿပီး (ခ်က္ခ်င္းေအာက္ဆီဂ်င္ ပိုက်သြားႏိုင္ၿပီး)၊ သက္ႀကီး (၆၅ ႏွစ္အထက္) မွာဆိုလွ်င္ေတာ့ ေရာဂါအခံမရွိလွ်င္ေတာင္ မခံႏိုင္တာမ်ားပါတယ္။ ဒါ့အျပင္ သက္ႀကီးနဲ႔ ေရာဂါအခံရွိသူေတြ (အသက္ႀကီးငယ္မေ႐ြး)၊ ဥပမာ အဝလြန္သူ၊ ဆီးခ်ိဳ၊ ေသြးတိုးရွိသူ၊ ေက်ာက္ကပ္နဲ႔ အသည္းမေကာင္းသူ၊ ကင္ဆာျဖစ္ေနသူ စတာေတြမွာ၊ အထူးသျဖင့္ ကိုဗစ္ကာကြယ္ေဆးလည္းလုံးဝမထိုးထားလွ်င္၊ ျမန္မာႏိုင္ငံမွာ ရေနတဲ့ ကိုဗစ္ေသာက္ေဆး (Molnupiravir) ကို စျဖစ္ျဖစ္ခ်င္း (၅) ရက္အတြင္းမွာ ေအာက္ဆီဂ်င္ (၉၂) အထက္မွာရွိေနလွ်င္ ေသာက္သင့္ပါတယ္။ တခ်ိန္ထဲမွာ ေအာက္ဆီဂ်င္ (၉၂) အထက္မွာရွိေနသူေတြအေနနဲ႔ အျခားကုဗစ္ေဆး Remdesivir နဲ႔ အေရာင္က်ေဆး Steroid ေတြ ေသာက္ဖို႔ မလိုေသးပါဘူး။ ေနာက္အေရးႀကီးတာက လူငယ္နဲ႔လူလတ္ပိုင္းေတြ အခု ကိုဗစ္ျဖစ္လာလွ်င္၊ အထက္ပါ အသက္အႏၲရာယ္ႀကီးတဲ့ သက္ႀကီးနဲ႔ ေရာဂါအခံရွိသူေတြနဲ႔ လုံးဝ အတူမေနသင့္ဘဲ၊ မျဖစ္မေန ခြဲၿပီးေနထိုင္စားေသာက္ဖို႔ အထူးကိုအေရးႀကီးေနပါၿပီ။

ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔မွာ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမူးနဲ႔ ျမန္မာျပည္က ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode ==

မြန်မာနိုင်ငံမှာ Omicron မျိုးကွဲသစ်တွေ့အပြီး ဖြစ်ပွားနှုန်း တက်လာတဲ့ ကိုဗစ်လှိုင်းထဲ၊ ကူးစက်မူများ၊ ဆရာဝန်တချို့နဲ့ပြဖို့ ခက်သွားချိန်မှာ ကိုယ်တိုင်ပြုစုစောင့်ရှောက်နိုင်တာတွေကို ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုထားပါတယ်။

နိုင်ငံတဝှမ်း ကိုဗစ်သံသယလက္ခဏာရှိသူတွေ တဟုန်ထိုးများလာပြီး ဆေးခန်းတချို့ ပိတ်သွားချိန်မှာ ဖုန်းနဲ့တဆင့်ဆက်သွယ်ဖို့နဲ့ ဆေးစစ်နိုင်ဖို့တွေ ခက်ခဲလာကာ ကိုယ့်အိမ်မှာ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး စောင့်ရှောက်ကုသနေရတယ်လို့ ပြည်သူအများက ပြောနေကြပါတယ်။ အခုလိုအချိန်မှာ လည်ပင်းနာ၊ ချောင်းဆိုး၊ နှာစေးလျှင် ကိုဗစ်ဖြစ်ဖို့များပြီး၊ ကာကွယ်ဆေးထိုးထားသူ အများစုမှာ မပြင်းထန်ဘဲ ရက်တိုတိုအတွင်း ပြန်ကောင်းဖို့များပေမဲ့၊ ကာကွယ်ဆေး မထိုးထားသူတွေမှာတော့ အသက်အရွယ်အလိုက် အနည်းနဲ့အများ ပိုပြင်းထန်နိုင်ကာ၊ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေမှာဆိုလျှင်တော့ အန္တရာယ်ကြီးလွန်းတာမို့ အထူးသတိပြုစောင့်ရှောက်ပေးဖို့ အလွန်ကို အရေးကြီးနေပါတယ်။

ကိုဗစ် ကာကွယ်ဆေး (၂) ကြိမ် (သို့မဟုတ်) (၃) ကြိမ် (အထူးသဖြင့် Covishield) ထိုးထားပြီးသူ (အထူးသဖြင့် လွန်ခဲ့တဲ့ (၆) လအတွင်း) အသက် (၆၅) နှစ်အောက်တွေ အတွက်တော့၊ (၃) ရက်ကနေ (၅) ရက်အတွင်း ပြန်ကောင်းသွားနိုင်ပါတယ်။ ဒီအတောအတွင်းမှာ မောပန်းမူမရှိဘဲ၊ သွေးတွင်းအောက်ဆီဂျင် (၉၂) အောက် မကျပါက၊ ရေများများသောက်ပြီး၊ ဖြစ်လာတဲ့ လက္ခဏာပေါ် မူတည်ကာ သက်သာစေတဲ့ ဆေးတွေသောက်နိုင်ပါတယ်။ ဥပမာအားဖြင့် လည်ချောင်းနာအတွက် လည်ချောင်းပလုပ်ကျင်းဆေးရည် (Listerine လိုဆေးရည်မျိုး) ဒါမှမဟုတ် ဆားရည် (မပူမအေးလွန်းတဲ့ ရေနွေးထဲ ဆားထည့်ဖျော်တာ) နဲ့ လည်ချောင်းကို ပလုပ်ကျင်းတာ၊ ချောင်းဆိုးလျှင် ချောင်းဆိုးပျောက်ဆေး (တချို့အဆင့်မြင့် ချောင်းဆိုးပျောက်ဆေးတွေကို ဆရာဝန်နဲ့ ဖုန်းကတဆင့် တိုင်ပင်သင့်)၊ အဖျားတက်လျှင် ပါရာစီတမော သောက်တာ၊ ဝမ်းလျှောလျှင် ရေနဲ့ဓာတ်ဆား ပြန်ဖြည့်တာ (လျော့သွားတဲ့ ဓာတ်ဆားပြန်ဖြည့်ခြင်းဖြင့် နုံးတာသက်သာစေတာ) တွေနဲ့ ခဏအတွင်း သက်သာသွားနိုင်ပါတယ်။

ကိုဗစ် ကာကွယ်ဆေးမထိုးထားလျှင်တော့၊ လူငယ်တွေမှာ အထက်ပါ လည်ချောင်းနာ ချောင်းဆိုး နှာစေး၊ ဝမ်းလျှောတာတွေ အနည်းငယ် ပိုပြင်းထန်နိုင်ပေမဲ့၊ အသက်အန္တရာယ်ဖြစ်တဲ့အဆင့်ရောက်တာ ဆေးရုံတက်ရတာမျိုးအထိ ဖြစ်ဖို့နည်းပါတယ်။ (ဒါပေမဲ့ လူငယ်တွေလည်း ကာကွယ်ဆေးတော့ ထိုးထားသင့်ပါတယ်။ အကြောင်းက တချို့လူငယ်တွေမှာ ရောဂါအခံရှိနေတာ မသိသေးတာနဲ့ တခြားသက်ကြီးနဲ့ ရောဂါအခံရှိပြီးသားသူတွေကို ကူးနိုင်လို့ပါ။) လူငယ်တွေအပြင် လူလတ်ပိုင်း (၄၅-၆၅နှစ် အတွင်း) မှာပါ ကာကွယ်ဆေးထိုးထားသူတွေအတွက် ဆေးရုံတက်ရနှုန်း၊ အထူးကြပ်မတ်ဆောင်ရောက်နှုန်းနဲ့ သေဆုံးနှုန်းတွေက ကာကွယ်ဆေးမထိုးထားသူတွေနဲ့ နှိုင်းယှဉ်လျှင် အများကြီးကိုနည်းပြီး၊ အခုတစ်ခေါက် ဆေးရုံတက်ရ သေဆုံးရသူတွေအများစုကတော့ ကာကွယ်ဆေးလုံးဝမထိုးထားသူတွေမို့ အထူးသတိထားသင့်ပါတယ်။

အခုလို ဆေးရုံတက်ရနှုန်းနဲ့ သေဆုံးမူနှုန်းများနိုင်သူတွေ လျော့ချနိုင်အောင်ကတော့၊ အဓိကအားဖြင့် ကိုဗစ်ဖြစ်လာတာနဲ့ သွေးတွင်းအောက်ဆီဂျင်ကို အမြဲတိုင်းနေဖို့ပါ။ လက်ဖျားထိပ်မှာတိုင်းတဲ့ သွေးတွင်းအောက်ဆီဂျင်ပမဏ (၉၂) အောက်ကျလာလျှင်တော့ လူကြီးရော လူငယ်ပါ ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်သင့်ပါပြီ။ အခုလို အောက်ဆီဂျင်ကျတာအတွက် လူငယ်တွေမှာ အနည်းငယ်ပိုခံနိုင်ပေမဲ့၊ လူလတ်ပိုင်း (၄၅-၆၅နှစ်) မှာ ခံနိုင်ရည်နည်းသွားပြီး (ချက်ချင်းအောက်ဆီဂျင် ပိုကျသွားနိုင်ပြီး)၊ သက်ကြီး (၆၅ နှစ်အထက်) မှာဆိုလျှင်တော့ ရောဂါအခံမရှိလျှင်တောင် မခံနိုင်တာများပါတယ်။ ဒါ့အပြင် သက်ကြီးနဲ့ ရောဂါအခံရှိသူတွေ (အသက်ကြီးငယ်မရွေး)၊ ဥပမာ အဝလွန်သူ၊ ဆီးချို၊ သွေးတိုးရှိသူ၊ ကျောက်ကပ်နဲ့ အသည်းမကောင်းသူ၊ ကင်ဆာဖြစ်နေသူ စတာတွေမှာ၊ အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေးလည်းလုံးဝမထိုးထားလျှင်၊ မြန်မာနိုင်ငံမှာ ရနေတဲ့ ကိုဗစ်သောက်ဆေး (Molnupiravir) ကို စဖြစ်ဖြစ်ချင်း (၅) ရက်အတွင်းမှာ အောက်ဆီဂျင် (၉၂) အထက်မှာရှိနေလျှင် သောက်သင့်ပါတယ်။ တချိန်ထဲမှာ အောက်ဆီဂျင် (၉၂) အထက်မှာရှိနေသူတွေအနေနဲ့ အခြားကုဗစ်ဆေး Remdesivir နဲ့ အရောင်ကျဆေး Steroid တွေ သောက်ဖို့ မလိုသေးပါဘူး။ နောက်အရေးကြီးတာက လူငယ်နဲ့လူလတ်ပိုင်းတွေ အခု ကိုဗစ်ဖြစ်လာလျှင်၊ အထက်ပါ အသက်အန္တရာယ်ကြီးတဲ့ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေနဲ့ လုံးဝ အတူမနေသင့်ဘဲ၊ မဖြစ်မနေ ခွဲပြီးနေထိုင်စားသောက်ဖို့ အထူးကိုအရေးကြီးနေပါပြီ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့မှာ နယူးယောက်မြို. Wyckoff Heights ဆေးရုံက ညွန်ကြားရေးမူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG