သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ျပန္ အျဖစ္မ်ားလာခ်ိန္ လုပ္ေဆာင္သင့္ခ်က္မ်ား


ျမန္မာႏိုင္ငံထဲမွာ ကိုဗစ္-19 ျပန္အျဖစ္မ်ားလာခ်ိန္ ျပင္းထန္ၿပီး အသက္မဆုံးရႈံးရေအာင္ ႀကိဳတင္ကာကြယ္ဖို႔ အဓိကက်လာတယ္လို႔ က်န္းမာေရးပညာရွင္ေတြက အႀကံျပဳေျပာဆိုပါတယ္။

ဒီတေခါက္ ႏိုင္ငံတကာအေတြ႔အႀကဳံအရ ကိုဗစ္ အျဖစ္မ်ားေပမဲ့၊ ျပင္းျပင္းထန္ထန္ ခံစားရတာနဲ႔ အသက္ဆုံးရႈံးရတဲ့အဆင့္ ေရာက္တာမျဖစ္ေအာင္ ကာကြယ္ဖို႔ အေရးႀကီးဆုံးကေတာ့ ရႏိုင္တဲ့ ကိုဗစ္ကာကြယ္ေဆးကို အျမန္ဆုံး ထိုးတာပါ။ ကာကြယ္ေဆးေတြမွာ ထိေရာက္မႈ အနည္းအမ်ား ကြာႏိုင္ေပမဲ့၊ အခုလို အသက္ဆုံးရႈံးႏိုင္တဲ့ ျပင္းထန္တဲ့အဆင့္ မေရာက္ေအာင္ေတာ့ ဒီကာကြယ္ေဆးေတြအားလုံးက အေထာက္အကူျပဳေနတာကို ေတြ႔ရွိထားလို႔ပါ။ ဒီကာကြယ္ေဆးေတြ ထိုးထားျခင္းျဖင့္ အသက္ရႈၾကပ္တဲ့အဆင့္၊ ေအာက္ဆီဂ်င္အမ်ားႀကီးက်တဲ့အဆင့္ စတာေတြ မျဖစ္ေအာင္ ကာကြယ္ႏိုင္တာကို အေသအေပ်ာက္ မရွိသေလာက္ျဖစ္လာတဲ့ ႏိုင္ငံတခ်ဳိ ႔မွာ ေတြ႔ထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း ရႏိုင္တဲ့ တ႐ုတ္ႏိုင္ငံထုတ္ ကာကြယ္ေဆးနဲ႔ တျခားကာကြယ္ေဆးေတြကိုလည္း တစ္ခုမဟုတ္ တစ္ခု အျမန္ဆုံး ထိုးထားသင့္ပါတယ္။ တျခားပုံမွန္ ကာကြယ္နည္းေတြျဖစ္တဲ့ Mask ပါးစပ္နဲ႔ႏွာေခါင္းစည္းတပ္တာ၊ လက္ေဆးတာနဲ႔ ခပ္ခြာခြာေနတာ လူစုလူေဝးေရွာင္တာေတြလည္း အမ်ားစု လိုက္နာလုပ္ေဆာင္တာေတြ နည္းလာေပမဲ့၊ တတ္ႏိုင္သေလာက္ေတာ့ လုပ္ေပးသင့္ပါတယ္။

အခုတေခါက္ ပိုအေရးႀကီးလာတာက၊ မိမိမွာ ကိုဗစ္ သံသယလကၡဏာ (ႏွာေစး၊ လည္ေခ်ာင္းနာ၊ ေခ်ာင္းဆိုး၊ ဖ်ားတာ စတာ) ေတြ ရွိလာလွ်င္ေတာ့၊ ကိုယ့္ဟာကိုယ္ အိမ္မွာ အျမန္စစ္ႏိုင္တဲ့ ေဆးစစ္ကရိယာ (Rapid Test Kit) နဲ႔ အျမန္စစ္ၿပီး၊ ပိုးေတြ႔လွ်င္ တျခားသူေတြကို မကူးေအာင္ အျပင္မထြက္တာ၊ အိမ္ထဲမွာလည္း Mask ပါးစပ္နဲ႔ ႏွာေခါင္းစည္းတပ္တာ၊ လက္ေဆးတာ၊ လူခ်င္းခပ္ခြာခြာ သီးသန႔္ခြဲေနတာေတြ လုပ္ေဆာင္သင့္ပါတယ္။ ဒါ့အျပင္ ပိုးစစ္ေဆး ေတြ႔ရွိၿပီးတဲ့ေန႔ကစၿပီး အနည္းဆုံး (၅) ရက္ အိမ္မွာ သီးသန႔္ အထက္ပါအတိုင္း ခြဲေနသင့္ပါတယ္။ အကယ္၍ (၅) ရက္တိုင္သည္အထိ ေခ်ာင္းဆိုးတာ ဆက္ရွိေနလွ်င္ေတာ့ တျခားသူေတြကို မကူးေစတာ ေသခ်ာေအာင္၊ အျပင္မထြက္ေသးဘဲ ေနာက္ထပ္ အိမ္မွာ အခုလို ဆက္ေနသင့္ပါတယ္။

ကိုဗစ္ျဖစ္ေနခ်ိန္မွာေတာ့ ေရမ်ားမ်ားေသာက္ အနားယူကာ၊ ျဖစ္လာတဲ့ လကၡဏာကိုလိုက္ၿပီး သက္ဆိုင္ရာေဆးေတြ ေသာက္သင့္ပါတယ္။ ဥပမာ ႏွာေစးလွ်င္ ႏွာေစးေပ်ာက္ေဆး၊ လည္ပင္း အာေခါင္နာလွ်င္ လည္ပင္း အာေခါင္နာသက္သာေဆး၊ ေခ်ာင္းဆိုးလွ်င္ ေခ်ာင္းဆိုးေပ်ာက္ေဆး၊ ဖ်ားလွ်င္ အဖ်ားက်ေဆး စတာေတြ ေသာက္ႏိုင္ပါတယ္။ လက္ရွိေနာက္ဆုံးအခ်ိန္မွာ ကိုဗစ္ကုသရာမွာ သုံးတဲ့ ထိေရာက္တဲ့ ေသာက္ေဆး ေနာက္တစ္မ်ိဳး (Paxlovid) ျမန္မာႏိုင္ငံထဲ ထုတ္လုပ္ႏိုင္ၿပီး လက္လွမ္းမီလာတာမို႔၊ အရင္ ထုတ္ထား ရထားၿပီးသားေဆး (Molnupiravir) နဲ႔ဆို ေဆး (၂) မ်ိဳး ေ႐ြးခ်ယ္စရာ ရွိလာပါတယ္။

ႏိုင္ငံတကာမွာေတာ့ ပိုထိေရာက္တဲ့ Paxlovid ကို ပထမဦးစားေပးေဆးအျဖစ္ အသုံးျပဳၾကၿပီး၊ Paxlovid မရႏိုင္ခ်ိန္မွသာ Molnupiravir ေဆးကိုသုံးၾကပါတယ္။ ဒါေပမဲ့ Paxlovid ကို မလိုအပ္ဘဲ လူတိုင္းမေသာက္သင့္ပါဘူး (ငယ္႐ြယ္ၿပီး ေရာဂါအခံမရွိသူေတြ ေသာက္စရာမလိုပါ)။ လိုအပ္သူေတြသာ ဆရာဝန္ ၫႊန္ၾကားခ်က္ အတိအက်နဲ႔ ေသာက္သုံးဖို႔ အေရးႀကီးပါတယ္။ ဒီေဆးက ေက်ာက္ကပ္ထိခိုက္ႏိုင္တာမို႔ ေက်ာက္ကပ္မေကာင္းသူေတြ မေသာက္သင့္ပါဘူး။ ဒါ့အျပင္ ေသြးက်ဲေဆးတခ်ဳိ ႔နဲလည္း အျပန္အလွန္ ထိခိုက္မႈရွိတာမို႔ ဒီေသြးက်ဲေဆး ေသာက္ေနရသူေတြ မေသာက္သင့္ပါဘူး။ HIV ေရာဂါေဆးေတြမွာလည္း ဒီေဆးပါၿပီးသားမို႔ HIV ေဆးေသာက္ေနသူေတြလည္း မေသာက္သင့္ပါဘူး။ Molnupiravir ေဆးကေတာ့ ေက်ာက္ကပ္ထိခိုက္တာ မေတြ႕ရေသးေပမဲ့၊ ေဆးအာနိသင္က်တာ ျဖစ္ေစႏိုင္တာမို႔ မလိုအပ္ဘဲ ဆရာဝန္ မၫႊန္ၾကားဘဲ မေသာက္သင့္ပါဘူး။ ဒီေဆးေတြ ေသာက္ျခင္းျဖင့္လည္း ေဆး႐ုံတက္မႈအမ်ားစု ေလွ်ာ့ခ်ႏိုင္ကာ၊ ေသဆုံးမႈ မရွိသေလာက္ ျဖစ္တာကိုပါ ႏိုင္ငံတကာမွာ ေတြ႔ရွိထားပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ကိုဗစ္လူနာေတြကို ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

=== Unicode ===

မြန်မာနိုင်ငံထဲမှာ ကိုဗစ်-19 ပြန်အဖြစ်များလာချိန် ပြင်းထန်ပြီး အသက်မဆုံးရှုံးရအောင် ကြိုတင်ကာကွယ်ဖို့ အဓိကကျလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

ဒီတခေါက် နိုင်ငံတကာအတွေ့အကြုံအရ ကိုဗစ် အဖြစ်များပေမဲ့၊ ပြင်းပြင်းထန်ထန် ခံစားရတာနဲ့ အသက်ဆုံးရှုံးရတဲ့အဆင့် ရောက်တာမဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးဆုံးကတော့ ရနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အမြန်ဆုံး ထိုးတာပါ။ ကာကွယ်ဆေးတွေမှာ ထိရောက်မှု အနည်းအများ ကွာနိုင်ပေမဲ့၊ အခုလို အသက်ဆုံးရှုံးနိုင်တဲ့ ပြင်းထန်တဲ့အဆင့် မရောက်အောင်တော့ ဒီကာကွယ်ဆေးတွေအားလုံးက အထောက်အကူပြုနေတာကို တွေ့ရှိထားလို့ပါ။ ဒီကာကွယ်ဆေးတွေ ထိုးထားခြင်းဖြင့် အသက်ရှုကြပ်တဲ့အဆင့်၊ အောက်ဆီဂျင်အများကြီးကျတဲ့အဆင့် စတာတွေ မဖြစ်အောင် ကာကွယ်နိုင်တာကို အသေအပျောက် မရှိသလောက်ဖြစ်လာတဲ့ နိုင်ငံတချို့မှာ တွေ့ထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ရနိုင်တဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးနဲ့ တခြားကာကွယ်ဆေးတွေကိုလည်း တစ်ခုမဟုတ် တစ်ခု အမြန်ဆုံး ထိုးထားသင့်ပါတယ်။ တခြားပုံမှန် ကာကွယ်နည်းတွေဖြစ်တဲ့ Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာနဲ့ ခပ်ခွာခွာနေတာ လူစုလူဝေးရှောင်တာတွေလည်း အများစု လိုက်နာလုပ်ဆောင်တာတွေ နည်းလာပေမဲ့၊ တတ်နိုင်သလောက်တော့ လုပ်ပေးသင့်ပါတယ်။

အခုတခေါက် ပိုအရေးကြီးလာတာက၊ မိမိမှာ ကိုဗစ် သံသယလက္ခဏာ (နှာစေး၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ ဖျားတာ စတာ) တွေ ရှိလာလျှင်တော့၊ ကိုယ့်ဟာကိုယ် အိမ်မှာ အမြန်စစ်နိုင်တဲ့ ဆေးစစ်ကရိယာ (Rapid Test Kit) နဲ့ အမြန်စစ်ပြီး၊ ပိုးတွေ့လျှင် တခြားသူတွေကို မကူးအောင် အပြင်မထွက်တာ၊ အိမ်ထဲမှာလည်း Mask ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ လူချင်းခပ်ခွာခွာ သီးသန့်ခွဲနေတာတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် ပိုးစစ်ဆေး တွေ့ရှိပြီးတဲ့နေ့ကစပြီး အနည်းဆုံး (၅) ရက် အိမ်မှာ သီးသန့် အထက်ပါအတိုင်း ခွဲနေသင့်ပါတယ်။ အကယ်၍ (၅) ရက်တိုင်သည်အထိ ချောင်းဆိုးတာ ဆက်ရှိနေလျှင်တော့ တခြားသူတွေကို မကူးစေတာ သေချာအောင်၊ အပြင်မထွက်သေးဘဲ နောက်ထပ် အိမ်မှာ အခုလို ဆက်နေသင့်ပါတယ်။

ကိုဗစ်ဖြစ်နေချိန်မှာတော့ ရေများများသောက် အနားယူကာ၊ ဖြစ်လာတဲ့ လက္ခဏာကိုလိုက်ပြီး သက်ဆိုင်ရာဆေးတွေ သောက်သင့်ပါတယ်။ ဥပမာ နှာစေးလျှင် နှာစေးပျောက်ဆေး၊ လည်ပင်း အာခေါင်နာလျှင် လည်ပင်း အာခေါင်နာသက်သာဆေး၊ ချောင်းဆိုးလျှင် ချောင်းဆိုးပျောက်ဆေး၊ ဖျားလျှင် အဖျားကျဆေး စတာတွေ သောက်နိုင်ပါတယ်။ လက်ရှိနောက်ဆုံးအချိန်မှာ ကိုဗစ်ကုသရာမှာ သုံးတဲ့ ထိရောက်တဲ့ သောက်ဆေး နောက်တစ်မျိုး (Paxlovid) မြန်မာနိုင်ငံထဲ ထုတ်လုပ်နိုင်ပြီး လက်လှမ်းမီလာတာမို့၊ အရင် ထုတ်ထား ရထားပြီးသားဆေး (Molnupiravir) နဲ့ဆို ဆေး (၂) မျိုး ရွေးချယ်စရာ ရှိလာပါတယ်။

နိုင်ငံတကာမှာတော့ ပိုထိရောက်တဲ့ Paxlovid ကို ပထမဦးစားပေးဆေးအဖြစ် အသုံးပြုကြပြီး၊ Paxlovid မရနိုင်ချိန်မှသာ Molnupiravir ဆေးကိုသုံးကြပါတယ်။ ဒါပေမဲ့ Paxlovid ကို မလိုအပ်ဘဲ လူတိုင်းမသောက်သင့်ပါဘူး (ငယ်ရွယ်ပြီး ရောဂါအခံမရှိသူတွေ သောက်စရာမလိုပါ)။ လိုအပ်သူတွေသာ ဆရာဝန် ညွှန်ကြားချက် အတိအကျနဲ့ သောက်သုံးဖို့ အရေးကြီးပါတယ်။ ဒီဆေးက ကျောက်ကပ်ထိခိုက်နိုင်တာမို့ ကျောက်ကပ်မကောင်းသူတွေ မသောက်သင့်ပါဘူး။ ဒါ့အပြင် သွေးကျဲဆေးတချို့နဲလည်း အပြန်အလှန် ထိခိုက်မှုရှိတာမို့ ဒီသွေးကျဲဆေး သောက်နေရသူတွေ မသောက်သင့်ပါဘူး။ HIV ရောဂါဆေးတွေမှာလည်း ဒီဆေးပါပြီးသားမို့ HIV ဆေးသောက်နေသူတွေလည်း မသောက်သင့်ပါဘူး။ Molnupiravir ဆေးကတော့ ကျောက်ကပ်ထိခိုက်တာ မတွေ့ရသေးပေမဲ့၊ ဆေးအာနိသင်ကျတာ ဖြစ်စေနိုင်တာမို့ မလိုအပ်ဘဲ ဆရာဝန် မညွှန်ကြားဘဲ မသောက်သင့်ပါဘူး။ ဒီဆေးတွေ သောက်ခြင်းဖြင့်လည်း ဆေးရုံတက်မှုအများစု လျှော့ချနိုင်ကာ၊ သေဆုံးမှု မရှိသလောက် ဖြစ်တာကိုပါ နိုင်ငံတကာမှာ တွေ့ရှိထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ ကိုဗစ်လူနာတွေကို ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG