သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္လႈိင္းအတြင္း ကာကြယ္ေဆးနဲ႔ ကုသမႈ


ျမန္မာႏိုင္ငံထဲ ကိုဗစ္-19 လႈိင္းအသြင္ျဖစ္ေနစဥ္ ကာကြယ္ေဆးထိုးတာနဲ႔ အႏၲရာယ္ႀကီးႏိုင္သူေတြ ကိုဗစ္ေသာက္ေဆးေသာက္ၾကဖို႔ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းေနပါတယ္။

လက္ရွိ အိုမီခ႐ြန္မ်ိဳးကြဲစိတ္သစ္ BA.4 နဲ႔ BA.5 လႈိင္းသစ္ျဖစ္ေနစဥ္အတြင္း ျဖစ္ႏိုင္လွ်င္ ဒီမ်ိဳးကြဲစိတ္သစ္ေတြအတြက္ ပစ္မွတ္ထားၿပီး အရင္ကာကြယ္ေဆးနဲ႔ ေပါင္းစပ္ထုတ္ထားတဲ့ (Bivalent Vaccine) ကာကြယ္ေဆးသစ္ကို ထိုးသင့္ပါတယ္။ ဒါေပမဲ့ အေမရိကန္မွာပဲ လက္ရွိ အဓိကရထားေသးတဲ့ Pfizer နဲ႔ Moderna ကုမၸဏီထုတ္ ဒီကာကြယ္ေဆးသစ္ကို မရႏိုင္လွ်င္ေတာ့၊ ရႏိုင္တဲ့ကာကြယ္ေဆးကိုပဲ အျမန္ဆုံး ထိုးထားသင့္ပါတယ္။ အရင္ထိုးထားၿပီးသား ကိုဗစ္ကာကြယ္ေဆးနဲ႔ အမ်ိဳးအစားမတူတာကိုလည္း အားျဖည့္ကာကြယ္ေဆးအျဖစ္ အရင္ေနာက္ဆုံးထိုးအၿပီး ၃လ၊ ၄လ အၾကာမွာ ထိုးသင့္ပါတယ္။ က်န္းမာေရးဌာနေတြအျပင္ ပုဂၢလိကဘက္က ထိုးေပးေနတာေတြလည္း ရွိေနပါၿပီ။

ကုသမႈအတြက္ေတာ့ အသက္ႀကီးသူနဲ႔ ေရာဂါအခံ (ဥပမာ၊ ဆီးခ်ိဳ ေသြးတိုး ကင္ဆာစတာ) ရွိသူေတြမွာ ဆရာဝန္ျပၿပီး ေနာက္ဆုံးေပၚ ကိုဗစ္ေသာက္ေဆး (Antiviral Pill) ေတြကို ကိုဗစ္စျဖစ္ျဖစ္ခ်င္းမွာ ေသာက္သင့္ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာလည္း AA Pharmacy (AA ေဆးကုမၸဏီ) က အခုေနာက္ဆုံး ထုတ္ႏိုင္ၿပီျဖစ္တဲ့ Paxlovid ကို ဆရာဝန္ ၫႊန္ၾကားခ်က္နဲ႔ ေသာက္သင့္ပါတယ္။ Paxlovid က အခု အိုမီခ႐ြန္မ်ိဳးကြဲသစ္ေတြအတြက္ပါ ထိေရာက္မႈေကာင္းေနလို႔ပါ။ အလားတူ ျမန္မာႏိုင္ငံမွာ အရင္အိုမီခ႐ြန္မ်ိဳးကြဲအစ (BA.1) စေတြ႔စဥ္ ဒီႏွစ္ဆန္းမွာ ႏိုင္ငံထဲ စထုတ္ခဲ့တဲ့ Molnupiravir ကလည္း အာနိသင္ ေကာင္းေနဆဲမို႔ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ပဲ ဆက္ေသာက္ႏိုင္ပါတယ္။ ဒီေသာက္ေဆးေတြက ေအာက္ဆီဂ်င္မက်သူေတြမွာပဲ ေသာက္လို႔ရပါတယ္။

ေအာက္ဆီဂ်င္က်လာၿပီး၊ လိုအပ္လာလွ်င္ေတာ့ ေဆး႐ုံေဆးခန္းေတြမွာ ကိုဗစ္ထိုးေဆး Remdesivir ကို သုံးေလ့ရွိပါတယ္။ ဒါေပမဲ့ အခုလို လိုအပ္တဲ့အဆင့္ မေရာက္ေသးသူေတြမွာ ဒီထိုးေဆးကို မသုံးသင့္ပါဘူး။ အေၾကာင္းက ဒီထိုးေဆးက မရင္မ်ိဳးကြဲေဟာင္း Delta ေပၚခဲ့ခ်ိန္ မႏွစ္ထဲက အမ်ားသုံးလာၾကၿပီး တစ္ႏွစ္ေက်ာ္ၾကာလာခ်ိန္ မ်ိဳးကြဲသစ္ေတြေပၚလာကာ တစုံတရာ အာနိသင္နည္းလာခ်ိန္မွာ၊ အျခား အာနိသင္ျပင္းတဲ့ သက္ဆိုင္ရာ လိုအပ္တဲ့ေဆးေတြ (ဥပမာ Steroid မ်ိဳး) နဲ႔ တြဲသုံးရတဲ့အဆင့္ ေရာက္လာေနလို႔ပါ။ တခ်ိန္ထဲမွာ ဒီထိုးေဆးက ေသာက္ေဆးထက္ ေစ်းအမ်ားႀကီး ႀကီးေနတာမို႔ မလိုအပ္ဘဲ သုံးစရာမလိုပါဘူး။

အကယ္၍ ငယ္႐ြယ္ၿပီး ေရာဂါအခံမရွိ ကိုယ္ခံအားေကာင္းေနသူေတြမွာ ကိုဗစ္ပိုး ေတြ႔လာလွ်င္ေတာ့၊ ကိုဗစ္ကုသရာမွာ သုံးတဲ့ေဆးေတြ မလိုအပ္ပါဘူး။ အိမ္မွာနားၿပီး အိမ္သားေတြကို မကူးေအာင္သာ Mask ပါးစပ္နဲ႔ႏွာေခါင္းစည္းတပ္၊ သီးသန႔္ခြဲေနထိုင္ စားေသာက္ျခင္းျဖင့္ ရက္အနည္းငယ္အတြင္း ျပန္သက္သာလာေလ့ ရွိပါတယ္။ ကိုဗစ္လကၡဏာ (ႏွာေစး၊ ေခ်ာင္းဆိုး၊ ဖ်ားနာ၊ ေခါင္းကိုက္၊ လည္ေခ်ာင္းနာ၊ ခါးကိုက္ စတာ) ေတြျဖစ္လာလွ်င္လည္း သက္ဆိုင္ရာလကၡဏာ သက္သာေဆးေတြ (Symptomatic drugs) ေသာက္ႏိုင္ပါတယ္။ ျပန္ေကာင္းလာသူေတြမွာလည္း ကိုဗစ္ပိုးေတြ႔ၿပီး ၅ ရက္ၾကာခ်ိန္ ကိုဗစ္ ပိုးစစ္တာမေတြ႔ဘဲ၊ ကိုဗစ္လကၡဏာ (ႏွာေစး ေခ်ာင္းဆိုး စတာ) ေတြ မရွိေတာ့မွသာ အလုပ္ျပန္ဆင္း အျပင္ျပန္ထြက္တာေတြ လုပ္သင့္ပါတယ္။ အခုလို အျပင္ျပန္ထြက္ခ်ိန္မွာလည္း တျခားသူေတြကို မကူးတာ ေသခ်ာေစဖို႔ေတာ့၊ ၁၀ ရက္အထိ Mask ပါးစပ္နဲ႔ ႏွာေခါင္းစည္း ဆက္တပ္ထားသင့္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက ျမန္မာႏိုင္ငံမွာ က်န္းမာေရးပညာေပးမူေတြလုပ္ေပးေနတဲ့ အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာေ႐ႊဝါေအာင္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

===Unicode ====

မြန်မာနိုင်ငံထဲ ကိုဗစ်-19 လှိုင်းအသွင်ဖြစ်နေစဉ် ကာကွယ်ဆေးထိုးတာနဲ့ အန္တရာယ်ကြီးနိုင်သူတွေ ကိုဗစ်သောက်ဆေးသောက်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။

လက်ရှိ အိုမီခရွန်မျိုးကွဲစိတ်သစ် BA.4 နဲ့ BA.5 လှိုင်းသစ်ဖြစ်နေစဉ်အတွင်း ဖြစ်နိုင်လျှင် ဒီမျိုးကွဲစိတ်သစ်တွေအတွက် ပစ်မှတ်ထားပြီး အရင်ကာကွယ်ဆေးနဲ့ ပေါင်းစပ်ထုတ်ထားတဲ့ (Bivalent Vaccine) ကာကွယ်ဆေးသစ်ကို ထိုးသင့်ပါတယ်။ ဒါပေမဲ့ အမေရိကန်မှာပဲ လက်ရှိ အဓိကရထားသေးတဲ့ Pfizer နဲ့ Moderna ကုမ္ပဏီထုတ် ဒီကာကွယ်ဆေးသစ်ကို မရနိုင်လျှင်တော့၊ ရနိုင်တဲ့ကာကွယ်ဆေးကိုပဲ အမြန်ဆုံး ထိုးထားသင့်ပါတယ်။ အရင်ထိုးထားပြီးသား ကိုဗစ်ကာကွယ်ဆေးနဲ့ အမျိုးအစားမတူတာကိုလည်း အားဖြည့်ကာကွယ်ဆေးအဖြစ် အရင်နောက်ဆုံးထိုးအပြီး ၃လ၊ ၄လ အကြာမှာ ထိုးသင့်ပါတယ်။ ကျန်းမာရေးဌာနတွေအပြင် ပုဂ္ဂလိကဘက်က ထိုးပေးနေတာတွေလည်း ရှိနေပါပြီ။

ကုသမှုအတွက်တော့ အသက်ကြီးသူနဲ့ ရောဂါအခံ (ဥပမာ၊ ဆီးချို သွေးတိုး ကင်ဆာစတာ) ရှိသူတွေမှာ ဆရာဝန်ပြပြီး နောက်ဆုံးပေါ် ကိုဗစ်သောက်ဆေး (Antiviral Pill) တွေကို ကိုဗစ်စဖြစ်ဖြစ်ချင်းမှာ သောက်သင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာလည်း AA Pharmacy (AA ဆေးကုမ္ပဏီ) က အခုနောက်ဆုံး ထုတ်နိုင်ပြီဖြစ်တဲ့ Paxlovid ကို ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ Paxlovid က အခု အိုမီခရွန်မျိုးကွဲသစ်တွေအတွက်ပါ ထိရောက်မှုကောင်းနေလို့ပါ။ အလားတူ မြန်မာနိုင်ငံမှာ အရင်အိုမီခရွန်မျိုးကွဲအစ (BA.1) စတွေ့စဉ် ဒီနှစ်ဆန်းမှာ နိုင်ငံထဲ စထုတ်ခဲ့တဲ့ Molnupiravir ကလည်း အာနိသင် ကောင်းနေဆဲမို့ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ဆက်သောက်နိုင်ပါတယ်။ ဒီသောက်ဆေးတွေက အောက်ဆီဂျင်မကျသူတွေမှာပဲ သောက်လို့ရပါတယ်။

အောက်ဆီဂျင်ကျလာပြီး၊ လိုအပ်လာလျှင်တော့ ဆေးရုံဆေးခန်းတွေမှာ ကိုဗစ်ထိုးဆေး Remdesivir ကို သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို လိုအပ်တဲ့အဆင့် မရောက်သေးသူတွေမှာ ဒီထိုးဆေးကို မသုံးသင့်ပါဘူး။ အကြောင်းက ဒီထိုးဆေးက မရင်မျိုးကွဲဟောင်း Delta ပေါ်ခဲ့ချိန် မနှစ်ထဲက အများသုံးလာကြပြီး တစ်နှစ်ကျော်ကြာလာချိန် မျိုးကွဲသစ်တွေပေါ်လာကာ တစုံတရာ အာနိသင်နည်းလာချိန်မှာ၊ အခြား အာနိသင်ပြင်းတဲ့ သက်ဆိုင်ရာ လိုအပ်တဲ့ဆေးတွေ (ဥပမာ Steroid မျိုး) နဲ့ တွဲသုံးရတဲ့အဆင့် ရောက်လာနေလို့ပါ။ တချိန်ထဲမှာ ဒီထိုးဆေးက သောက်ဆေးထက် ဈေးအများကြီး ကြီးနေတာမို့ မလိုအပ်ဘဲ သုံးစရာမလိုပါဘူး။

အကယ်၍ ငယ်ရွယ်ပြီး ရောဂါအခံမရှိ ကိုယ်ခံအားကောင်းနေသူတွေမှာ ကိုဗစ်ပိုး တွေ့လာလျှင်တော့၊ ကိုဗစ်ကုသရာမှာ သုံးတဲ့ဆေးတွေ မလိုအပ်ပါဘူး။ အိမ်မှာနားပြီး အိမ်သားတွေကို မကူးအောင်သာ Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်၊ သီးသန့်ခွဲနေထိုင် စားသောက်ခြင်းဖြင့် ရက်အနည်းငယ်အတွင်း ပြန်သက်သာလာလေ့ ရှိပါတယ်။ ကိုဗစ်လက္ခဏာ (နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ ခါးကိုက် စတာ) တွေဖြစ်လာလျှင်လည်း သက်ဆိုင်ရာလက္ခဏာ သက်သာဆေးတွေ (Symptomatic drugs) သောက်နိုင်ပါတယ်။ ပြန်ကောင်းလာသူတွေမှာလည်း ကိုဗစ်ပိုးတွေ့ပြီး ၅ ရက်ကြာချိန် ကိုဗစ် ပိုးစစ်တာမတွေ့ဘဲ၊ ကိုဗစ်လက္ခဏာ (နှာစေး ချောင်းဆိုး စတာ) တွေ မရှိတော့မှသာ အလုပ်ပြန်ဆင်း အပြင်ပြန်ထွက်တာတွေ လုပ်သင့်ပါတယ်။ အခုလို အပြင်ပြန်ထွက်ချိန်မှာလည်း တခြားသူတွေကို မကူးတာ သေချာစေဖို့တော့၊ ၁၀ ရက်အထိ Mask ပါးစပ်နဲ့ နှာခေါင်းစည်း ဆက်တပ်ထားသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံမှာ ကျန်းမာရေးပညာပေးမူတွေလုပ်ပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရွှေဝါအောင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG