သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်လှိုင်းအသွင် ပြန်အဖြစ်များလာခြင်း


COVID-19 booster vaccine targeting BA.4 and BA.5 Omicron sub variants at Skippack Pharmacy in Schwenksville, Pennsylvania, U.S., September 8, 2022. REUTERS/Hannah Beier/File Photo
COVID-19 booster vaccine targeting BA.4 and BA.5 Omicron sub variants at Skippack Pharmacy in Schwenksville, Pennsylvania, U.S., September 8, 2022. REUTERS/Hannah Beier/File Photo

မြန်မာနိုင်ငံထဲ ကိုဗစ်ဖြစ်တာ အလွန်များလာပြီး လှိုင်းအမြင့်ပိုင်းကို ရောက်နေပုံရတာမို့ အကောင်းဆုံးး ဆက်ကာကွယ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။

ကိုဗစ်ရဲ့ အိုမီခရွန်မျိုးကွဲစိတ်သစ် BA-4 နဲ့ BA-5 တွေ့အပြီး၊ ဖျားနာသူ အတော်များလာနေကာ၊ တချို့အလုပ်တွေနဲ့ ကျန်းမာရေး သတိထားသူတွေမှာ ကိုယ့်ဟာကိုယ်ဆေးစစ်တာ (Rapid Test) တွေလုပ်ရာမှာ၊ ကိုဗစ်ပိုးတွေ့သူ အလွန်များလာနေပြီး လှိုင်းအမြင့်ပိုင်းရောက်နေပုံရပါတယ်။ တချို့လည်း အစပိုင်း နှာစေးချောင်းဆိုးဖြစ်ချိန် ပိုးစစ်တာမတွေ့ခဲ့ဘဲ၊ နောက် ၃ ရက်လောက်ကြာမှ ကိုဗစ်ပိုးတွေ့တာလည်း ရှိနေပါတယ်။ အရင်တစ်ခေါက် ကိုဗစ်လှိုင်းအသွင် ဖြစ်ခဲ့တဲ့၊ အခုနှစ်ဆန်းပိုင်းတုန်းက အိုမီခရွန်အစပိုင်းလှိုင်းမှာ ကူးစက်ခံပြီးထားသူ အတော်များများလည်း ပြန်ဖြစ်တာတွေ့ရသလို၊ အခုတစ်ခေါက် ဖြစ်ပြီးမှ ပြန်ထပ်ဖြစ်သူတချို့လည်း တွေ့ထားရပါတယ်။ အရေးကြီးတာကတော့ အခုတစ်ခေါက် ကိုဗစ်လက္ခဏာတွေပြလာချိန်မှာ သီးသန့်ခွဲနေပြီး၊ တခြားသူတွေကို မကူးအောင်ကာကွယ်ပေးဖို့ပါ။ ဒီတစ်ခေါက် ကိုဗစ်မျိုးကွဲစိတ်သစ်တွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကတော့ နှာစေးချောင်းဆိုးဖြစ်ပြီး၊ နှာခေါင်းပိတ်တာ အသံပြောင်းသွားတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းအရမ်းနာတာ၊ ခါးကိုက်တာတွေပါ။ အရင် Delta မျိုးကွဲတုန်းကလောက် အနံပျောက်တာမျိုး သိပ်မတွေ့ရတော့ပါဘူး။

ဒီတစ်ခေါက် ကိုဗစ်ဖြစ်လာသူ တချို့မှာတော့ ရက်အနည်းငယ် (၁-၂ ရက်) အတွင်း ပြန်ကောင်သွားကြပြီး၊ တချို့မှာတော့ ရက်အနည်းငယ် (၄-၅-၁၀ ရက်) ပိုကြာသွားတာလည်း တွေ့ထားရပါတယ်။ အဓိကကတော့ ဒီတစ်ခေါက် အိုမီခရွန်မျိုးကွဲတွေက အရင်လောက် ပြင်းထန်တာမတွေ့ရပေမဲ့၊ ပိုးဝင်ပြီးနောက် လက္ခဏာ စပြလာချိန်ရက်ကာလ (Incubation Period) က ပိုမြန်တာမို့၊ အရင်ထက် ကူးစက်မြန်တာကိုတော့ တွေ့ထားပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်ထားသူနဲ့ ထိတွေ့ထားသူတွေကို ပိုစောင့်ကြည့်ပေးပြီး၊ လက္ခဏာပြလာတာ၊ ပိုးစစ်ပြီးတွေ့လာတာတွေ ရှိလာပါကလည်း ထပ်သီးသန့်ခွဲ ပြုစုကုသပေးဖို့ လိုလာပါတယ်။ အခု ကူးစက်မှုအများဆုံး တွေ့ရတာကတော့ လေဝင်လေထွက် မကောင်းတဲ့၊ အလုံပိတ်အခန်းထဲ လူအများနဲ့နေရ အလုပ်လုပ်ရသူတွေ၊ အလုံပိတ် Air Cond လေအေးစက် ဘတ်စ်ကားနဲ့ လေယာဉ်တွေနဲ့ ခရီးသွားရသူတွေမှာပါ။ ဒါကြောင့် အခုလိုနေရာတွေမှာ လေဝင်လေထွက်ကောင်းစေဖို့နဲ့ ဒီလူစုလူဝေးများတဲ့နေရာတွေ သွားရသူတွေမှာလည်း ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်ဖို့နဲ့ တတ်နိုင်သရွေ့ လူချင်းခပ်ခွာခွာနေကာ ကာကွယ်ဖို့ အရေးကြီးလာပါတယ်။ ဒါပေမဲ့ အများစု (အထူးသဖြင့် လူငယ်တွေ) က ကိုဗစ်ဖြစ်လျှင်လည်း သူတို့အတွက် အရင်လောက် မပြင်းထန်တာမို့ ဒီကာကွယ်ရေးနည်းလမ်းတွေကို သိပ်မသုံးတော့တဲ့ အခက်အခဲလည်း ရှိလာနေပါတယ်။

ဒီတစ်ခေါက် ပိုသတိပြုကာကွယ်သင့်တာက ကိုယ်ခံအားနည်းသူတွေဖြစ်တဲ့ သက်ကြီးတွေ၊ ရောဂါအခံ (Underlying) ရှိသူတွေနဲ့ ဝလွန်းသူ (Obese) တွေမှာ၊ ကာကွယ်ဆေးအပြည့် (ပထမ နှစ်ကြိမ်) နဲ့ အားဖြည့်ကာကွယ်ဆေး (နောက် သုံးကြိမ်၊ လေးကြိမ်) ပါ မထိုးထားနိုင်လျှင်တာ့ ပြင်းထန်နိုင်သေးတာအတွက်ပါ။ ဒါကြောင့်မို့ အခုလို ပြင်းထန်နိုင်တဲ့ အန္တရာယ်ရှိသူတွေအတွက် အရင် ကိုဗစ်ကာကွယ်ဆေးအပြည့် နှစ်ကြိမ်ထိုးခဲ့ပြီးလျှင်တောင် ထိုးခဲ့တာကြာသွားပြီး၊ ၃ လကနေ ၆ လ အကြာမှာ၊ ကိုယ်ခံအား (Antibody) က အလွန်ကျသွားပြီဖြစ်တာမို့၊ အခု နောက်ထပ် ကိုဗစ်အားဖြည့် ကာကွယ်ဆေးတွေ မဖြစ်မနေ အမြန်ဆုံးထိုးထားဖို့ အထူးအရေးကြီးနေပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံမှာ ကျန်းမာရေးပညာပေးမူတွေ လုပ်ပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရွှေဝါအောင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==== Unicode =====






XS
SM
MD
LG