သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှတ်ဥာဏ်လျော့ရောဂါ ကာကွယ်ရေး


SINGAPORE-HEALTH-DEMENTIA-LIFESTYLE-AGING-MUSIC
SINGAPORE-HEALTH-DEMENTIA-LIFESTYLE-AGING-MUSIC

မှတ်ဥာဏ်ကျရောဂါ (ခေါ်) သူငယ်ပြန်တာအဖြစ်များတဲ့ အသက်ကြီးလာသူတွေ၊ ဒီရောဂါမဖြစ်အောင် ကာကွယ်ရေး လုပ်နိုင်တာတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။

အသက်ကြီးလာသူတွေ ဦးနှောက်သုံးမှု နည်းလာနိုင်တာလျော့ချဖို့ လုပ်သင့်တဲ့ ဦးနှောက်လေ့ကျင့်ခန်း အတိအကျ မသတ်မှတ်နိုင်သေးပေမဲ့ ကြိုးစားကြည့်နိုင်တာတချို့တော့ရှိပါတယ်။ စာအုပ်ဖတ်၊ TV ကြည့်၊ မေးခွန်းဖြေတာမျိုးလောက်နဲ့ ဒီမှတ်ဥာဏ်ကျရောဂါ ကာကွယ်နိုင်ဖို့ လုံလောက်တဲ့ ဦးနှောက်အသုံးပြုမှု မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ကွန်ပြုတာ မှတ်ဥာဏ် Game ကစားတာ (စာစောင်တချို့ပါ ဉာဏ်စမ်း Puzzle ကစားတာ)၊ ဝါသနာပါတဲ့ အသစ်လေ့လာတာ (ဘာသာစကား၊ ဘာသာရပ်၊ အလုပ်သစ်) မျိုး၊ ဦးနှောက် ပိုသုံးရတာကတော့ တစုံတရာ မှတ်ဥာဏ် အထောက်အကူပြုနိုင်ပါတယ်။

ဒါ့အပြင် အသက်ကြီးလာသူတွေမှာ မိတ်ဆွေအပေါင်းအဖော်တွေနဲ့ တွေ့ဆုံဆက်ဆံမှု နည်းလာတတ်တာအတွက်လည်း ကြိုးစားတွေ့ဆုံမှုတွေ လုပ်သင့်ပါတယ်။ အငြိမ်းစားယူပြီး အခုလိုပြင်ပမှာ လူမှုရေးတွေ့ဆုံမှုပါ နည်းလာတာကြောင့် ဦးနှောက်အလုပ်လုပ်တာလည်း လိုက်နည်းလာပြီး မှတ်ဥာဏ်လျော့ရောဂါဖြစ်ဖို့ အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် အိမ်ထဲမှာပဲ TV ကြည့်လိုက်၊ တရေးအိပ်လိုက်၊ စားလိုက် လုပ်နေသူတွေမှာ ဒီအန္တရာယ်ပိုကြီးပါတယ်။ ဒါကြောင့် အပြင်သွား မိတ်ဆွေတွေနဲ့ စကားပြောဆက်ဆံတာတွေ လုပ်ပေးသင့်ပါတယ်။

တချိန်ထဲမှာ အငြိမ်းစားယူ ပြင်ပလှုမှုဆက်ဆံရေး နည်းလာသူတွေမှာ စိတ်ပိုင်းဆိုင်ရာအားနည်းနိုင်ပြီး မှတ်ဥာဏ်ကျတာဖြစ်ဖို့ အန္တရာယ် ရှိပြန်ပါတယ်။ လူမှုရေးဆက်ဆံမှုနည်းသူတွေမှာ စိတ်ဓာတ်ကျတာ (Depression) မျိုး ဖြစ်လာတတ်ပြီး မှတ်ဉာဏ်ထိခိုက် လျော့နည်းစေနိုင်လို့ပါ။ ဒါ့အပြင် လှုမှုရေးတွေ့ဆုံလှုပ်ရှားမှုတွေနည်းလာတာကြောင့် မိမိရဲ့ စိတ်ပူပန်ဖိစီးမှုတွေကို မျှဝေခံစားပေးမဲ့သူလည်း နည်းလာကာ၊ စိတ်ဖိစီးမှု (Stress) ပါပိုများပြီး၊ မှတ်ဥဏ်ကို ပိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဝါသနာပါတဲ့ အလုပ်ဆက်လုပ်ပြီး၊ မိတ်ဆွေတွေနဲ့တွေ့ဆုံကာ စိတ်ရှင်းရှင်းနဲ့ ပျော်ပျော်နေသင့်ပါတယ်။

အခုလို အသက်ကြီးလာသူတွေအပြင် အရွယ်အားလုံးအတွက်လည်း စားသောက်ရာမှာ အရင်ပြောခဲ့တဲ့ ကဆီအပြင် အဆီကိုပါ လျှော့စားသင့်ပါတယ်။ ထမင်းအများကြီး (၃ နပ်မျိုး) စားတာ မလုပ်သင့်တာအပြင်၊ တိရစ္ဆာန်အဆီ (ကြက်ဆီ၊ ဝက်ဆီ၊ အမဲသားဆီ) တွေပါရှောင်သင့်ပါတယ်။ ဒီအစား ဦးနှောက်မှတ်ဉာဏ်အတွက် အကျိုးရှိနိုင်တဲ့ အသီးအရွက်၊ ပဲမျိုးစုံ နဲ့ ငါးတွေကို ပိုစားပေးသင့်ပါတယ်။ ဥပမာ အရှေ့အလယ်ပိုင်း အစားအသောက်တွေက အသားနဲ့ အသားအဆီတွေနည်းပြီး အသီးအရွက်၊ ပဲ နဲ့ ငါး မျိုးစုံ အဓိကပါတာမို့ မှတ်ဥာဏ်ကျရောဂါကနေ ကာကွယ်ပေးဖို့ သင့်တော်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့အတွက် ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာမျိုးမင်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG