သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါ


Over 200 million children worldwide under age 5 do not get basic health care, leading to nearly 10 million deaths annually from treatable ailments like diarrhea and pneumonia, (File photo).

ျမန္မာႏိုင္ငံမွာ အခုလို မိုးရာသီဝင္လာခ်ိန္ အျဖစ္မ်ားေလ့ရွိတဲ့ ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါအတြက္ ႀကိဳတင္ကာကြယ္ ျပဳစုႏိုင္တာေတြ သိထားသင့္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

မိုးရာသီ သီးႏွံေပၚခ်ိန္ မသန႔္တာနဲ႔ ယင္နားစာေတြ စားမိတာကေန အဓိက ကူးႏိုင္တဲ့ ဝမ္းေရာဂါ ဗိုင္းရပ္စ္ပိုးေၾကာင့္ အခုလို အျဖစ္မ်ားေလ့ရွိတာပါ။ ဒီႏွစ္မွာလည္း ဆက္တိုက္အံတာပါေတြ႕ထားၿပီး တခ်ိဳ. ႏုံးေခြသြားကာ၊ တခ်ိဳ.မွာ ဝမ္းသြားကာ၊ တခ်ိဳ.မွာဝမ္းမသြားဘဲ၊ ဝမ္းဗိုက္နာ၊ အနည္းငယ္ဖ်ားတာလည္း ေတြ႕ထားပါတယ္။

ဒီေရာဂါ ႀကိဳတင္ကာကြယ္ကာကြယ္ႏိုင္ဖို႔ကေတာ့ သန႔္ (၄) သန႔္ျဖစ္တဲ့၊ အစာသန႔္၊ ေရသန႔္၊ လက္သန႔္၊ အိမ္သာသန႔္ ေအာင္လုပ္ဖို႔ အေရးႀကီးပါတယ္။ အစာသန႔္ဖို႔အတြက္ ယင္ေကာင္မနားေစတာ၊ ဖုံးအုပ္ထားတာအျပင္၊ သန႔္ရွင္းတဲ့ ခ်က္ျပဳတ္ပစၥည္းေတြသုံးတာနဲ႔ ခ်က္ျပဳတ္ၿပီးၿပီးခ်င္း ပူေနခ်ိန္စားတာက အေကာင္ဆုံးပါ။ အသီးအႏွံေတြလည္း အမွည့္မလြန္ေစဖို႔ သတိထားသင့္ပါတယ္။ ေရသန႔္အတြက္လည္း ေသာက္သုံးေရ သန႔္ဖို႔လိုတာမွာ ေရသန႔္ရေအာင္ႀကိဳးစားၿပီး၊ ေရသန႔္မရႏိုင္လွ်င္ေတာင္ ေရကိုဆူေအာင္ အေသအခ်ာ က်ိဳခ်က္ ေသာက္သုံးသင့္ပါတယ္။ လက္သန႔္ဖို႔မွာလည္း အစာမစားခင္နဲ႔ အိမ္သာသြားအၿပီးမွာ လက္ကို ဆပ္ျပာနဲ႔ စင္ၾကယ္ေအာင္ ေသေသခ်ာခ်ာ ေဆးသင့္ပါတယ္။ အိမ္သာသန႔္ဖို႔ကေတာ့ ယင္လုံအိမ္သာထားဖို႔ လိုပါတယ္။

အကယ္၍ ဝမ္းပ်က္ ဝမ္းေလွ်ာ ေရာဂါျဖစ္လာလွ်င္လည္း အႏၲရာယ္ရွိတဲ့ အဆင့္မေရာက္ေအာင္ ျပဳစုကုသဖို႔ လိုပါတယ္။ တခ်ိဳ.မွာ ဆက္တိုက္အံတာအတြက္ အအံေပ်ာက္ေဆး သင့္ေတာ္သေလာက္ ေပးႏိုင္ေပမဲ့၊ မ်ားမသြားဖို႔ လိုပါတယ္၊ တက္တာခဏတာျဖစ္လာႏိုင္လို႔ပါ။ ဒါေပမဲ့ ဒီအအံေပ်ာက္ေဆးနဲ႔ မလုံေလာက္ဘဲ၊ ဆုံးရႈံးသြားတဲ့ ေရဓာတ္ဆားဓာတ္ ျပန္ျဖည့္ဖို႔က အေရးႀကီးဆုံး ကုသမႈျဖစ္ပါတယ္။ အံသာအံၿပီး ဝမ္းမေလွ်ာလွ်င္ေတာ့ သာမန္ ေရ ဆား သၾကား အခ်ိဳရည္ ျဖည္းျဖည္းခ်င္းတိုက္လွ်င္ (ဥပမာ တစ္မီးနစ္ တဇြန္း) ၅ နာရီ ၆ နာရီအတြင္း ျပန္ေကာင္းသြားေလ့ရွိပါတယ္။ ဒါေပမဲ့ ဝမ္းေလွ်ာလာလွ်င္ေတာ့ ဓာတ္ဆားရည္တိုက္သင့္ပါတယ္။ အံလြန္းေနခ်ိန္မွာေတာ့ တျခားအစာေတြအတင္း မေကြၽးဘဲ ဓာတ္ဆားရည္မ်ိဳး ေက်ညက္လြယ္တာ နည္းနည္းနဲ႔ျဖည္ျဖည္းခ်င္း တိုက္ေပးသင့္ပါတယ္။ အံတာရပ္လွ်င္ေတာ့ အစာေပ်ာ့ေပ်ာ့ (ဥပမာ ဆန္ျပဳတ္က်ဲက်ဲ၊ စြပ္ျပဳတ္) မ်ိဳးကို ဆားခပ္ၿပီး စေကြၽးသင့္ပါတယ္။ ဒီ ျပဳစု ကုသမူက ကေလးေရာ လူႀကီးအတြက္ပါ အတူတူျဖစ္ပါတယ္။

ဒါေပမဲ့ အံတာ မသက္သာဘဲ ဆက္တိုက္ပိုအံလြန္းလာလွ်င္ေတာ့ ဒီ ေရဓာတ္ဆားဓာတ္ျပန္ျဖည့္ေရး အေၾကာေဆးသြင္းေပးဖို႔ အေရးႀကီးပါတယ္။ အေၾကာင္းက အခ်ိန္မီ ကုသမႈမရလွ်င္ အသက္ဆုံးရႈံးတာေတြ တခါတရံမွာ ရွိထားလို႔ပါ။ ဒါက ၿမိဳ.ႀကီးေတြမွာထက္ နယ္ေတြမွာ ပိုျဖစ္ႏိုင္ေခ် ရွိပါတယ္။ အခုလို ေရဓာတ္ဆားဓာတ္ ဆုံးရႈံးတာမ်ားလြန္းသြားလွ်င္ ျဖစ္လာတဲ့ အႏၲရာယ္လကၡဏာေတြကေတာ့ ႏုံးေခြေပ်ာ့သြားတာ၊ မ်က္တြင္းခ်ိဳင့္လာတာ၊ ပထမေရဆာလြန္းၿပီး၊ ေနာက္ပိုင္း ေရမေသာက္ႏိုင္ေအာင္ ပင္ပန္းသြားတာကေန ဆက္ၿပီး ပိုစိုးရိမ္ရတဲ့ သတိမေကာင္းေတာ့တာ၊ ေျခလက္ေအးစက္လာတာ၊ ေသြးေပါင္က်တာ၊ ေသြးခုန္ႏႈန္းစမ္းမရေတာ့ကာ ေသြးလန႔္တဲ့ (Shock) အဆင့္ထိ ေရာက္သြားႏိုင္တာေတြပါ။ အခုလို အႏၲရာယ္လကၡဏာေတြ အစပ်ိဳးအဆင့္ထဲက နီးစပ္ရာ ေဆးခန္း ေဆး႐ုံျပ ကုသမူ ခံယူဖို႔လိုပါတယ္။ ဓာတ္ဆားရည္ စနစ္တက် အခ်ိန္မီ ေပးႏိုင္ဖို႔နဲ႔ လိုအပ္လွ်င္ အေၾကာေဆးသြင္းဖို႔ပါ။

ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါအတြက္ အဓိက ကုထုံးျဖစ္တဲ့ ဒီေရဓာတ္ဆားဓာတ္ ျပန္ျဖည့္ရာမွာလည္း စနစ္တက် ပမာဏေရာစပ္မူရွိဖို႔ လိုပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ အသိအမွတ္ျပဳ ေရာစပ္ထားတဲ့ ဓာတ္ဆားထုတ္ကို သတ္မွတ္ထားတဲ့ ေရပမာဏနဲ႔ ေဖ်ာ္ၿပီး သတ္မွတ္ခ်ိန္အတြင္း သုံးဖို႔ လိုလာတာပါ။ ေရကို အပို အလို ထည့္ေဖွ်ာ္မိကာ အခ်ိဳးအစားအမွန္တာနဲ႔ အခ်ိန္လြန္တာေတြျဖစ္လွ်င္ေတာ့ မထိေရာက္ႏိုင္ပါဘူး။ အေၾကာင္းက ဒီေရာစပ္မူ အခ်ိဳးမက် အခ်ိန္လြန္တာနဲ႔ ဝမ္းေလွ်ာၿပီး ေရာင္ေနတဲ့ အူက မစုပ္ယူႏိုင္ေတာ့လို႔ပါ။ တခ်ိဳ.ဓာတ္ဆားထုတ္မွာ ေရာေဖ်ာ္ဖို႔ေရ ၂၀၀ စီစီ နဲ႔ တခ်ိဳ.မွာ ၁၀၀၀ စီစီ (တစ္လီတာ) သတ္မွတ္ထားတတ္တာမို႔ က်ဲေဖ်ာ္တာ တစ္ထုတ္ထဲက နည္းနည္းခ်င္း ခြဲၿပီး ေဖ်ာ္တာမ်ိဳးေတြ လုံးဝ မလုပ္သင့္ပါဘူး။ ဒီဓာတ္ဆားရည္ေဖ်ာ္ၿပီးလွ်င္လည္း ၂၄ နာရီအတြင္း ကုန္ေအာင္ ေသာက္သင့္ကာ၊ အခ်ိန္လြန္သြားလွ်င္ေတာ့ အာနိသင္ပ်ယ္သြားတတ္တာမို႔ အသစ္ထပ္ေဖ်ာ္သင့္ပါတယ္။ ဒါ့အျပင္ Probiotics (ေခၚ) အူထဲပုံမွန္သက္ေစာင့္ဓာတ္ကို ဓာတ္ဆားထုတ္နဲ႔ မမွားဖို႔လည္း အေရးႀကီးပါတယ္။ Probiotics က ဝမ္းသြားတဲ့ အႀကိမ္နဲ႔ ပမာဏသာ အနည္းငယ္ေလ်ာ့ေစႏိုင္ၿပီး၊ အဓိကလိုတဲ့ ေရဓာတ္ဆားဓာတ္ကို ျပန္ျဖည့္ႏိုင္တာမ်ိဳး မဟုတ္လို႔ပါ။ တခ်ိန္ထဲမွာ ေခြၽးထြက္မ်ားလွ်င္ေသာက္ဖို႔ေရာင္းတဲ့ သၾကားဓာတ္ပိုပါတဲ့ ဓာတ္ဆားအခ်ိဳရည္ကလည္း ဝမ္းေလွ်ာတာမွာ မထိေရာက္ႏိုင္ပါဘူး။

ဒီအေၾကာင္း ကေလးအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာ၊ပညာဌာန အၿငိမ္းစား ဌာနမႉး ပါေမာကၡ ေဒါက္တာေစာဝင္းကို ကိုဝင္းမင္းက ေမးထားပါတယ္။

====Unicode=====

မြန်မာနိုင်ငံမှာ အခုလို မိုးရာသီဝင်လာချိန် အဖြစ်များလေ့ရှိတဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါအတွက် ကြိုတင်ကာကွယ် ပြုစုနိုင်တာတွေ သိထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

မိုးရာသီ သီးနှံပေါ်ချိန် မသန့်တာနဲ့ ယင်နားစာတွေ စားမိတာကနေ အဓိက ကူးနိုင်တဲ့ ဝမ်းရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် အခုလို အဖြစ်များလေ့ရှိတာပါ။ ဒီနှစ်မှာလည်း ဆက်တိုက်အံတာပါတွေ့ထားပြီး တချို. နုံးခွေသွားကာ၊ တချို.မှာ ဝမ်းသွားကာ၊ တချို.မှာဝမ်းမသွားဘဲ၊ ဝမ်းဗိုက်နာ၊ အနည်းငယ်ဖျားတာလည်း တွေ့ထားပါတယ်။

ဒီရောဂါ ကြိုတင်ကာကွယ်ကာကွယ်နိုင်ဖို့ကတော့ သန့် (၄) သန့်ဖြစ်တဲ့၊ အစာသန့်၊ ရေသန့်၊ လက်သန့်၊ အိမ်သာသန့် အောင်လုပ်ဖို့ အရေးကြီးပါတယ်။ အစာသန့်ဖို့အတွက် ယင်ကောင်မနားစေတာ၊ ဖုံးအုပ်ထားတာအပြင်၊ သန့်ရှင်းတဲ့ ချက်ပြုတ်ပစ္စည်းတွေသုံးတာနဲ့ ချက်ပြုတ်ပြီးပြီးချင်း ပူနေချိန်စားတာက အကောင်ဆုံးပါ။ အသီးအနှံတွေလည်း အမှည့်မလွန်စေဖို့ သတိထားသင့်ပါတယ်။ ရေသန့်အတွက်လည်း သောက်သုံးရေ သန့်ဖို့လိုတာမှာ ရေသန့်ရအောင်ကြိုးစားပြီး၊ ရေသန့်မရနိုင်လျှင်တောင် ရေကိုဆူအောင် အသေအချာ ကျိုချက် သောက်သုံးသင့်ပါတယ်။ လက်သန့်ဖို့မှာလည်း အစာမစားခင်နဲ့ အိမ်သာသွားအပြီးမှာ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် သေသေချာချာ ဆေးသင့်ပါတယ်။ အိမ်သာသန့်ဖို့ကတော့ ယင်လုံအိမ်သာထားဖို့ လိုပါတယ်။

အကယ်၍ ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်လာလျှင်လည်း အန္တရာယ်ရှိတဲ့ အဆင့်မရောက်အောင် ပြုစုကုသဖို့ လိုပါတယ်။ တချို.မှာ ဆက်တိုက်အံတာအတွက် အအံပျောက်ဆေး သင့်တော်သလောက် ပေးနိုင်ပေမဲ့၊ များမသွားဖို့ လိုပါတယ်၊ တက်တာခဏတာဖြစ်လာနိုင်လို့ပါ။ ဒါပေမဲ့ ဒီအအံပျောက်ဆေးနဲ့ မလုံလောက်ဘဲ၊ ဆုံးရှုံးသွားတဲ့ ရေဓာတ်ဆားဓာတ် ပြန်ဖြည့်ဖို့က အရေးကြီးဆုံး ကုသမှုဖြစ်ပါတယ်။ အံသာအံပြီး ဝမ်းမလျှောလျှင်တော့ သာမန် ရေ ဆား သကြား အချိုရည် ဖြည်းဖြည်းချင်းတိုက်လျှင် (ဥပမာ တမိနစ် တဇွန်း) ၅ နာရီ ၆ နာရီအတွင်း ပြန်ကောင်းသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ဝမ်းလျှောလာလျှင်တော့ ဓာတ်ဆားရည်တိုက်သင့်ပါတယ်။ အံလွန်းနေချိန်မှာတော့ တခြားအစာတွေအတင်း မကျွေးဘဲ ဓာတ်ဆားရည်မျိုး ကျေညက်လွယ်တာ နည်းနည်းနဲ့ဖြည်ဖြည်းချင်း တိုက်ပေးသင့်ပါတယ်။ အံတာရပ်လျှင်တော့ အစာပျော့ပျော့ (ဥပမာ ဆန်ပြုတ်ကျဲကျဲ၊ စွပ်ပြုတ်) မျိုးကို ဆားခပ်ပြီး စကျွေးသင့်ပါတယ်။ ဒီ ပြုစု ကုသမူက ကလေးရော လူကြီးအတွက်ပါ အတူတူဖြစ်ပါတယ်။

ဒါပေမဲ့ အံတာ မသက်သာဘဲ ဆက်တိုက်ပိုအံလွန်းလာလျှင်တော့ ဒီ ရေဓာတ်ဆားဓာတ်ပြန်ဖြည့်ရေး အကြောဆေးသွင်းပေးဖို့ အရေးကြီးပါတယ်။ အကြောင်းက အချိန်မီ ကုသမှုမရလျှင် အသက်ဆုံးရှုံးတာတွေ တခါတရံမှာ ရှိထားလို့ပါ။ ဒါက မြို.ကြီးတွေမှာထက် နယ်တွေမှာ ပိုဖြစ်နိုင်ချေ ရှိပါတယ်။ အခုလို ရေဓာတ်ဆားဓာတ် ဆုံးရှုံးတာများလွန်းသွားလျှင် ဖြစ်လာတဲ့ အန္တရာယ်လက္ခဏာတွေကတော့ နုံးခွေပျော့သွားတာ၊ မျက်တွင်းချိုင့်လာတာ၊ ပထမရေဆာလွန်းပြီး၊ နောက်ပိုင်း ရေမသောက်နိုင်အောင် ပင်ပန်းသွားတာကနေ ဆက်ပြီး ပိုစိုးရိမ်ရတဲ့ သတိမကောင်းတော့တာ၊ ခြေလက်အေးစက်လာတာ၊ သွေးပေါင်ကျတာ၊ သွေးခုန်နှုန်းစမ်းမရတော့ကာ သွေးလန့်တဲ့ (Shock) အဆင့်ထိ ရောက်သွားနိုင်တာတွေပါ။ အခုလို အန္တရာယ်လက္ခဏာတွေ အစပျိုးအဆင့်ထဲက နီးစပ်ရာ ဆေးခန်း ဆေးရုံပြ ကုသမူ ခံယူဖို့လိုပါတယ်။ ဓာတ်ဆားရည် စနစ်တကျ အချိန်မီ ပေးနိုင်ဖို့နဲ့ လိုအပ်လျှင် အကြောဆေးသွင်းဖို့ပါ။

ဝမ်းပျက် ဝမ်းလျှောရောဂါအတွက် အဓိက ကုထုံးဖြစ်တဲ့ ဒီရေဓာတ်ဆားဓာတ် ပြန်ဖြည့်ရာမှာလည်း စနစ်တကျ ပမာဏရောစပ်မူရှိဖို့ လိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ရောစပ်ထားတဲ့ ဓာတ်ဆားထုတ်ကို သတ်မှတ်ထားတဲ့ ရေပမာဏနဲ့ ဖျော်ပြီး သတ်မှတ်ချိန်အတွင်း သုံးဖို့ လိုလာတာပါ။ ရေကို အပို အလို ထည့်ဖျှော်မိကာ အချိုးအစားအမှန်တာနဲ့ အချိန်လွန်တာတွေဖြစ်လျှင်တော့ မထိရောက်နိုင်ပါဘူး။ အကြောင်းက ဒီရောစပ်မူ အချိုးမကျ အချိန်လွန်တာနဲ့ ဝမ်းလျှောပြီး ရောင်နေတဲ့ အူက မစုပ်ယူနိုင်တော့လို့ပါ။ တချို.ဓာတ်ဆားထုတ်မှာ ရောဖျော်ဖို့ရေ ၂၀၀ စီစီ နဲ့ တချို.မှာ ၁၀၀၀ စီစီ (တစ်လီတာ) သတ်မှတ်ထားတတ်တာမို့ ကျဲဖျော်တာ တစ်ထုတ်ထဲက နည်းနည်းချင်း ခွဲပြီး ဖျော်တာမျိုးတွေ လုံးဝ မလုပ်သင့်ပါဘူး။ ဒီဓာတ်ဆားရည်ဖျော်ပြီးလျှင်လည်း ၂၄ နာရီအတွင်း ကုန်အောင် သောက်သင့်ကာ၊ အချိန်လွန်သွားလျှင်တော့ အာနိသင်ပျယ်သွားတတ်တာမို့ အသစ်ထပ်ဖျော်သင့်ပါတယ်။ ဒါ့အပြင် Probiotics (ခေါ်) အူထဲပုံမှန်သက်စောင့်ဓာတ်ကို ဓာတ်ဆားထုတ်နဲ့ မမှားဖို့လည်း အရေးကြီးပါတယ်။ Probiotics က ဝမ်းသွားတဲ့ အကြိမ်နဲ့ ပမာဏသာ အနည်းငယ်လျော့စေနိုင်ပြီး၊ အဓိကလိုတဲ့ ရေဓာတ်ဆားဓာတ်ကို ပြန်ဖြည့်နိုင်တာမျိုး မဟုတ်လို့ပါ။ တချိန်ထဲမှာ ချွေးထွက်များလျှင်သောက်ဖို့ရောင်းတဲ့ သကြားဓာတ်ပိုပါတဲ့ ဓာတ်ဆားအချိုရည်ကလည်း ဝမ်းလျှောတာမှာ မထိရောက်နိုင်ပါဘူး။

ဒီအကြောင်း ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းကို ကိုဝင်းမင်းက မေးထားပါတယ်။

XS
SM
MD
LG